Wednesday, May 6, 2009

ခံစားမှု ......


ဟိုး ....အဝေးတနေရာမှာ
အလွမ်းကဗျာတွေကို
ထပ်အခါခါရေးဖွဲ့နေပေမယ့်
ရင်ထဲတနေရာမှာတော့
အလွမ်းဒဏ်ရာတွေကို
ထပ်အခါခါခံစားနေရတယ်လေ

ပျံသန်းနေတဲ့ ငှက်တွေတောင်
အချိန်တန်ရင်
အိပ်တန်းပြန်ကြပေမယ့်
မင်းလေးကတော့
ကို့ဆီကို
ပြန်မလာနိုင်တော့ပါလား...................