Wednesday, May 13, 2009

မရခဲ့တဲ့လူ


မနေ့ညကပေါ့...
ကြယ်စင်တွေတောင်
ရှောင်ပြေးရတဲ့
မိုးသားအောက်မှာ
လွမ်းဆွေးမှုကို
ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်

ရင်ထဲကနာကျင်စွာ
ခံစားနေတဲ့
အစိုင်အခဲကို
မိုးရေမှာမျောလိုက်ချင်ပေမဲ့
ငါဟာကြိုးမဲ့ရုပ်လို
တောင့်တင်းနေခဲ့မိတယ်

သွားပါ..ငါ့ရင်ထဲက ထွက်သွားလိုက်ပါ
မင်းလိုချင်တဲ့ အချစ်စစ်
မင်းရချင်တဲ့ ပျော်ရွှင်မှု
မင်းတွယ်တာတဲ့ လူ
မင်းမက်မောတဲ့ ဘဝ
မင်းပိုင်ဆိုင်ရမဲ့ အရာတွေဆီကို သွားလိုက်ပါ...

ငါကတော့...
မင်းထားခဲ့တဲ့ အသည်း
တခြမ်းပဲရှိလည်း
တစ်လုံးဖြစ်အောင်
မကြိုးစားတော့ဘူး
မင်းထားတဲ့ဘ၀မှာ...ငါနေ
မင်းသေဆိုသေ...ရှင်ဆိုရှင်...

1 comment[s]:

Unknown said...

တစ်ခါတစ်ရံမှာတစ်ဖက်လူရဲ့စိတ်က
ခန့်မှန်းရခက်တယ်လေ
တစ်ဖက်မှာလဲ အခက်အခဲရှိလို့ဖြစ်မှပါ
သူတို့ထွက်ခွါချင်တဲ့အခါ လွှတ်ပေးလိုက်ပါလို့ပဲ
ညီမပြောပါရစေ