Sunday, May 10, 2009

အမေ







ကိုးလဆယ်ဖွား
သားသမီးများကို
ငယ်စဉ်တည်းက
နို့ချိုတိုက်ကြွေး
သံစဉ်တေးဖြင့်
အစဉ်ချော့မြူ
ပြစ်မယူပဲ
အဆိုးမှန်သမျှ
အကောင်းမှတ်ယူ
အထိုသူကို
မေတ္တာရှေ့ထား
ဂရုဏာဖြင့်
ပြုစုယုယ
စောင့်ရှောက်ခဲ့တဲ့... အမေ

အရွယ်ရောက်သော်
ကျောင်းသို့ပို့၍
ပညာရည်မွန်
လူရည်ချွန်လို
အောင်မြင်ရအောင်
ဆုံးမပဲ့ပင်
စကားစဉ်နှင့်
ထိန်းကြောင်းသွန်သင်
လမ်းပြကြယ်သွင်
ပြသခဲ့တဲ့ ... အမေ

လိုချင်သမျှ
မှန်သမျှကို
တောင်းဆိုတိုင်းလည်း
မညည်းမညူ
ဖြည့်ဆည်းသူဖြစ်
သား(သမီး)တို့မျက်ရည်
မကျလေအောင်
ပေါင်နှံအပ်ပေး
လုပ်ကြွေးခဲ့တဲ့ ... အမေ

အမေ...အမေ....အမေ
အရာရာကို
မေတ္တာစွမ်းဖြင့်
အဆိုးသမျှ
မတွေ့ရအောင်
သားသမီးတို့
ကျန်းမာစေကြောင်း
ဆုမွန်ကောင်းဖြင့်
အစဉ်ဆုတောင်း
စောင့်မျှော်ရင်းဖြင့်
ဇရာထောင်းသွားခဲ့ရတဲ့...အမေရယ်

သား(သမီး)တို့
ပြန်အလာကို
နွေးထွေးနေတဲ့
ရင်ခွင်တစုံ
မေတ္တာဟုန်နဲ့
အမြဲကမ်းလင့်
ကြိုဆိုနေတဲ့
အမေများဆီသို့.........

(၁၀.၅.၂၀၀၉ တွင်ကျရောက်သော အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်)

4 comment[s]:

ညလင်းအိမ် said...

အချိန်များသာ ရခဲ့ကြရင် အမေ့ရဲ့ ရင်ခွင်ဆီကို အရောက်ပြန်စေချင်ပါတယ်

Unknown said...

သားသမီးတို့ဆန္ဒတွေကို
ဖြည့်ဆည်းဖို့ ရှာဖွေကျွှေးမွေးတဲ့
အဖေ့ကိုပါသတိုရပါအစ်ကို

ညလင်းအိမ် said...

အစ်ကိုသတိရပါတယ်...
ဒီကဗျာလေးက အမေ့ကို သီးသန့်ရေးထားတာပါ...
အဖေတွေအတွက်လဲ ရေးဖြစ်မှာပါ...

ချမ်းလင်းနေ said...