Saturday, May 30, 2009

ကွက်လပ်....

ဒဏ်ရာတွေဗလဗွနဲ့
အခါခါထိရှခဲ့တဲ့ နှလုံးသား ...
အကြိမ်ကြိမ် မျှော်လင့်နေပေမယ့်
ပြန်မရနိုင်တော့တဲ့ ပျော်ရွှင်မှု...
ငါ့အတွက်တော့ ...
သင်္ချာညီမျှခြင်းကို ... အဖြေရှာနိုင်ခဲ့ပေမယ့်
အချစ်ညီမျှခြင်းကို ...ဘယ်လောက်ပဲအစားထိုး
မပြေလည်နိုင်ခဲ့တာ ... ဘာကြောင့်လဲ
တခုတော့သိနေခဲ့ပါတယ်
မင်းထားခဲ့တဲ့ကွက်လပ်
မဖြည့်ပဲထားလိုက်ရင်တောင်
တချိန်ချိန်တော့ ....တန်ပြန်ခြင်းက
ပြည့်လာလိမ့်မယ်လို့...

0 comment[s]: