Tuesday, May 12, 2009

တကယ်တော့ ခံစားမှုလေးပါ.....


ချစ်ဧည့်သည်ငှက်
အပျံခက်အောင်
မုန်းလက်နဲ့တား
လှောင်မထားပါ
လွတ်လပ်ထွက်ခွာ
အဝေးတနေရာ
ကျန်ရစ်သူမှာ
အချစ်များစွာ ........

အခုတော့ အချစ်ငှက်လေး တကယ်ပျံထွက်သွားခဲ့ပြီ။
မခေါ်ဘဲလာပြီး မနှင်ဘဲထွက်သွားသူ တစ်ယောက်အတွက် ကျန်ရစ်သူတစ်ယောက်မှာ
အချစ်များစွာနဲ့ အချစ်ငှက်လေး
ပျော်ရွှင်စွာနဲ့ ပျံသန်းနိုင်ပါစေလို့ ထာဝရ ဆုတောင်းနေမှာပါ။
အတောင်ငြောင်းလို့ နားခိုစရာ မရှိတော့ဘူးဆိုရင်တော့
သစ်အိုပင်ကြီးဆီကို ပြန်လာခဲ့ပါလို့ ...။

မင်းကိုချစ်တာ
တို့ရင်ထဲမှာ
အတိုင်းမသိ
ချစ်ခြင်းမျိုးနဲ့ပါ
အများတကာလို
နှုတ်ထွက်စကား
ပျားသကာလို
မချိုသာလည်း
တို့ရဲ့အချစ်တွေ
ထာဝရတည်စေ
မပြောင်းလဲပဲ
ချစ်မယ်လေ ..........

(တချိန်က သူပေးခဲ့တဲ့ ကဗျာပေါ့)

ချစ်ပါတယ်ဆိုတဲ့ နှုတ်ထွက်စကား ပျားသကာလို မချိုသာခဲ့သလို လမ်းခွဲဖို့
စကားလည်း ပျားသကာလို မချိုသာခဲ့ပါလား။
ရင်ထဲမှာ အချစ်တွေ ထာဝရတည်နေမယ်ဆိုရင် ကောင်းပါတယ်။ ဒါပေမယ့်
ပြောင်းလဲသွားတဲ့ ကံကြမ္မာကိုတော့ နဲနဲဒေါသထွက်မိခဲ့တယ်။
ထားရစ်ခဲ့တယ်ဆိုတာ ကြားကောင်းအောင်ပြောတာပါ။ တကယ်တော့
စွန့်ပစ်ခံလိုက်ရတာပါ။ တခုတော့ သိချင်နေခဲ့မိတယ်။
ဘာအကြောင်းကြောင့်များ စွန့်ပစ်ခံလိုက်ရတာလဲလို့ ... ။

1 comment[s]:

Unknown said...

သူတို့မလိုတော့တဲ့အခါ
ထားရစ်ခဲ့ကြတာပါပဲလေ
သူတို့ကိုအပြစ်ပြောလို့လဲမရပါဘူး
ဘာလို့လဲဆိုဆတာ့သူတို့မှမလိုချင်တော့တာပဲ