Monday, November 28, 2011

သတိ (သို့) အသိ


ဘ၀ ...
ရိုးရှင်းလိုက်တာများ
ထူးတောင် ထူးဆန်းတယ်ကွယ် ...

မှောင်သော ညတွေထဲ
ပျောက်သော လမ်းတွေ
ကျုပ်ကိုယ်တိုင်က လမ်းပြကြယ် တခုပေါ့ ...

ပန်းတိုင်က အနတ္တမို့လား
အခမ်းနားဆုံး စကားတွေနဲ့ ဖွဲ့ဆိုကြပါ
အဲ့ဒီ နံနက်ခင်းတိုင်းမှာတော့
ကျေးငှက်တွေ တေးဆိုတတ်ဖို့ သင်ကြားနေကြတုန်းပါ ...

အဝေးမှာ ဘာမှမရှိ
အနီးမှာ ရှိခြင်းတရားတွေ
လမ်းပျောက်တဲ့ ကလေးကို ကူညီပါ
ကြီးကျယ်မြင့်မြတ်မှုနဲ့ ပျောက်ဆုံးပါ ...

အသံနဲ့ အသက်ရှုသလို
အနံ့ နဲ့ မြင်ကြည့်ပါ
ခင်ဗျားရှေ့ မမြင်နိုင်တာ ဒုနဲ့ဒေး
အတွေးတွေ ကောင်းစားဖို့
ဦးနှောက်တွေ ကျဆုံးကြပြီ ...

သီအိုရီတစ်ခုကို ဖော်သူက ဖော်
ဖျက်သူက ဖျက်
အသိအတတ်ပညာနဲ့
မသိမတတ်တာတွေ သင်ရင်း
ကျုပ်တို့ နဖူးပေါ် လက်တင် အိပ်ကြစို့ ...။

ညလင်းအိမ် (၃၀.၉.၁၁)