Monday, September 21, 2009

စကားသံ






ချစ်သူနှုတ်ခမ်းဖျားက
ပါးလွှလွှစကားသံ
အသွားအပြန်နဲ့ 
လေထုကိုဖြတ်
ကြားအခံတွေ 
အထပ်ထပ်လည်း
နားတရန်ဆီတော့ 
ရောက်အောင်လာခဲ့တယ်...

တချက်တချက် 
အသံထွက်မှာ
အနက်တချို့ 
အမှန်ဖတ်ဖို့
နှလုံးသားနဲ့ကူးယူ 
အပြုံးများကိုခြစ်ယူခဲ့တယ်...


ဒီလိုနဲ့
တရက်တလေမှာ 
အငတ်ပြေစေဖို့
သိမ်းထားခဲ့တဲ့ 
နှုတ်ခမ်းရိုက်သံတွေ
ကြားဖန်မ၀တော့ 
စကားသံအလှလည်း
ကာရံတွေအထပ်ထပ်နဲ့ 
ကဗျာတ၀က်တပျက်ကို
ရင်ဘတ်တခုနဲ့ 
ကလောင်သွားပြု
ရေးခြစ်မှုအစုစုနဲ့
နှလုံးသားမှတ်တမ်းမှာ
အပြုံးများယှက်သန်းခဲ့ရတယ်...




Saturday, September 5, 2009

သစ္စာ

မိုးညမှောင်လျှင်
ချစ်သူအရိပ်
တိတ်တဆိတ်နှင့်
ကိုယ်နှင့်မခွဲ
ရှိနေမြဲဟု
စိတ်မှာယုံဧ။် ...

ဝေးရပင်လျှင်
တစ်ယောက်အချစ်
တစ်ယောက်စိတ်၌
ကတိခိုင်မြဲ
မယိုင်လဲပဲ
ရှိနေမြဲဟု
စိတ်မှာယုံဧ။် ...

လွမ်းရပင်လျှင်
ချစ်သူပျော်ဖို့
ဆုတောင်းရင်းဖြင့်
တစ်နွေဖြတ်ကာ
တစ်မိုးအန်တု
တစ်ဆောင်းခုလည်း
ရဲဝံ့ကျော်ဖြတ်
စိတ်ချင်းထပ်လို့
နှစ်ယောက်အတူ
သစ္စာထူမည်
တနေ့ပေါင်းဆုံ ရစေသား...