Saturday, October 31, 2009

တကယ်ဆို စိုရုံလေးပါ

မရည်ရွယ်ခဲ့ပါဘူး
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ
ဒါပေမယ့် ...
ရင်ထဲမှာ ၀ုန်းဒိုင်းကြဲတော့
အပြင်မှာ မိုးသည်းမိတာပေါ့ ... ။

မရည်ရွယ်ခဲ့ပါဘူး
မင်းတို့ရင်ကိုအေးချမ်းဖို့
အကြိမ်ကြိမ်ဖြစ်တည်ပြီးမှ
ဖွင့်ချမိတာပါ
အညှိုးကြီးတယ်ဆိုပြီးတော့
လူဆိုးကြီးလို့ မထင်လိုက်ကြပါနဲ့ .... ။

တခါတခါ
ငါမလာခဲ့ရင် တောင့်တကြပြီး
ငါရွာတော့မှ မဖျောင်းဖျကြတာလဲ ... ။

ငါ့ကို ...
အပြစ်တွေတင်ပြီးတော့
ရက်စွဲတွေကို ဒဏ်မခတ်လိုက်ပါနဲ့ ... ။
ချစ်တယ်ထင်ပြီးတော့လည်း
သွန်းနိုင်မှုကို အတင်းမပြုပါနဲ့ ... ။

ထောင်သောင်းမကတဲ့ ငွေ့ရည်တွေ
စုဆောင်းလို့မှ ဖြစ်လာတဲ့ ဘဝ
ငါရွာချင်ရင် ရွာမယ်
ငါသာချင်ရင် သာမယ်
ဒါငါ့ရဲ့ ဖြစ်တည်မှု ... ။

တခါတလေ
ငွေ့ရည်လေးတွေ ဖြစ်တည်ဖို့ အတွက်
ငါတကိုယ်ကောင်းဆန်ရလိမ့်မယ် ... ။

ဒါပေမယ့်
စိုရုံလေးပက်ဖြန်းစေချင်ခဲ့တာပါ ... ။



2 comment[s]:

~ဏီလင်းညို~ said...

ဘာပြောရမှန်းတောင် မသိတော့ဘူး...။
သိပ်ကောင်းတဲ့ကဗျာလေး...
“ငါ့ကို ...
အပြစ်တွေတင်ပြီးတော့
ရက်စွဲတွေကို ဒဏ်မခတ်လိုက်ပါနဲ့ ... ။
ချစ်တယ်ထင်ပြီးတော့လည်း
သွန်းနိုင်မှုကို အတင်းမပြုပါနဲ့ ”.....

အဲ့ဒီအပိုဒ်လေးကို ကြိုက်တယ်ဗျာ....

မိုးခါး said...

ငါ့ကို ...
အပြစ်တွေတင်ပြီးတော့
ရက်စွဲတွေကို ဒဏ်မခတ်လိုက်ပါနဲ့ ... ။
ချစ်တယ်ထင်ပြီးတော့လည်း
သွန်းနိုင်မှုကို အတင်းမပြုပါနဲ့ ... ။

ဒီစာသားလေး နဲ့ တိုက်ဆိုင်သလိုလို ရှိတယ်
အဲလို ပြောချင်နေတာ :P