Sunday, November 1, 2009

မဆုံးမယ့် အတွေးများ


နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝ
ဘယ်ကာလရွေ့ပြီမသိ
ပန်းမန်တွေကတော့
သူ့ဖာသာ အလှဆင်တတ်သားပဲ...
ဝင်ခါနီးနေမင်းတောင်
တောက်ပမှုတွေနဲ့
နှုတ်ဆက်လုလုပါလား...

ပုံမှန်လှုပ်ရှားမှုနဲ့
ရှင်သန်လူသားထုတွေကတော့
ကမ္ဘာမြေလှပမှုကို
အသေအချာ သတိမပြုမိတာ ကြာလှပေါ့...

တခါတခါ
အလှအပသဘာဝကို
အကျအနခံစားချင်လို့ပေါ့...
စိမ်းလန်းမှု တောအုပ်ထဲက
တိတ်ဆိတ်တဲ့ ညနေတွေမှာ
တယောက်တည်းကြိတ်လို့
အသက်ရှုသံကို ကာရန်လုပ်
သံစဉ်တပုဒ်တော့
ဟန်လုပ်ချင်ခဲ့တာလေ...

တကယ်တော့လည်း
ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ
လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

ဒဏ္ဍာရီ ဆန်လှတဲ့
ကြယ်စင်မောင်နှံကိုလည်း
ဖွေရှာမတွေးမိတာ တခါမကပြီ ...

ရင်မှာတွေးမိတဲ့
မဟာအတွေးတွေကိုလည်း
အသေအချာမရေးမိတာ
ဘယ်အချိန်ဘယ်ကာလဆီ ။

သြော်... ဒီနေ့ညဉ့်က ဘာလို့ဒီလောက်နက်ရတာလဲ.... ။

(မမိုးခါးဧ။် မဆုံးမယ့် အတွေးစုကို ကဗျာအဖြစ် ဖြစ်တည်သည်။)
ပုံ ။ ။ ခွင့်ပြုချက်ဖြင့်သာ ကျွန်တော့်ဧ။် ဘလော့ဂ်၌ တင်ပါဧ။်။

6 comment[s]:

ညီညီ said...

ကဗျာ အရမ်းကောင်းပါ၏။ ကျွန်တော်က မမိုးခါးရဲ့ ပိုစ့် ကိုလည်း မနေ့က ဖတ်ပြီးကြိုက်နေတာပါ။ ဒီကဗျာကလည်း အဲဒီပို့စ် အတိုင်းပါပဲ.။ ရသမြောက်လှပါသည်။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဗညားရှိန် said...

ပြန်ရေးတာ တော်တော်ကောင်းတယ်

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

ဗညားရှိန် said...

ပြန်ရေးတာ တော်တော်ကောင်းတယ်

ဒီလိုနဲ့ပဲ...
အခါခါသာနေတဲ့
သော်တာလမင်းကိုလည်း
မျှော်ကာမကြည့်မိတာ ကြာလှပြီ ...

သားကြီး said...

အဲဒီမမမိုးခါးရဲ့ပိုစ်လေးမှာ ဒီကဗျာပါထပ်လောင်းဖြည့်စွက်လိုက်ရင်
အတိုင်းထက်အလွန်တံခွန်နဲ့ကုက္ကားပေါ့ခင်ဗျာ
စတွေ့ကတည်းကအံ့သြနေတာ
ကျနော်ဆိုရင်ဖတ်လိုက်မိတဲ့ပိုစ်ကိုကဗျာဖွဲ့ဖို့
မပြောနဲ့ တစ်သက်ပတ်လုံးရင်ထဲမှာရှိနေတဲ့ခံစားချက်
တွေကိုတောင် ကဗျာတစ်ပုဒ်အနေနဲ့မရေးနိုင်ဘူး
အားကျတယ်ဗျာ ။

သိင်္ဂါကျော် said...

“ဆုတ်ဖြဲခဲ့တဲ့ ပြက္ခဒိန်တွေရဲ့အောက်မှာ
ပိုင်ဆိုင်မှုနဲ့ထပ်တူ
လွတ်လပ်မှုတွေကျဆုံးခဲ့ရတယ်လေ...”

ဟုတ်တာပေါ့...
ပိုင်ဆိုင်မှုတွေ များလာအောင်လုပ်ရင်းနဲ့ လွတ်လပ်မှုတွေ လျော့ပါးခဲ့ရမှာပါပဲ။

ကောင်းကင်ကို said...

template လေးကလည်းလှ။
သီချင်းလေးကလည်းကောင်း။
မမိုးခါးရဲ့ ကဗျာလေးလည်း ခံစားသွားတယ်ညီ။