Friday, October 23, 2009

သတိရပါ

သံစဉ်ပျက်နေတဲ့ ဂစ်တာတလက်
ကာရန်ညှိမယ့် ကြိုးတွေနဲ့
တီးခတ်မယ့် သူကိုမျှော်နေလေရဲ့ ။

အရှေ့မှာတော့ ငရဲသားတွေက
အတွေးမှားအောင် ရန်ထောင်နေကြတယ် ။

ဘ၀ဆိုတာ မလှပတာလူတိုင်းသိတယ်
ရတာမရတာတော့ အပထား
လက်တကမ်းက ပန်းအလှကို
တမ်းတချင်ကြတာပဲ ။

ဘာကြောင့်လဲ
နားရည်ဝမယ့် စာသားအလှတွေနဲ့
ပါးစပ်ဖျားက သေမလောက်ပြောလဲ
ကြွေမသွားလောက်ပါလား ။

စဉ်းစားကြည့်ပါ
ပန်းတစ်ပွင့်ရဲ့ ဒိုင်ယာရီမှာ
အချစ်ဆိုတဲ့ ကဗျာဟာ
မရေရာပေမယ့် သေချာတာက
ဒဏ်ရာဆူးနက် တချက်ထိရင်
ဘယ်လောက်ခံရခက်မလဲ ။

သွားချင်ရင်သွားပါ
မလှပနိုင်ပေမယ့်
ဥယျာဉ်မှူးတို့ဘဝ
ပျိုးခဲ့တဲ့ပန်း လန်းခဲ့ရတယ်ဆို
ပန်းပျိုးလက်တဖက်နဲ့တောင်
အသက်ဆက်နိုင်ပါသေးတယ် ။

ဒါပေမယ့်
သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့
သံစဉ်ပျက်နေတယ်ဆိုတဲ့ ဂစ်တာပျိုရယ် ။

5 comment[s]:

ညီညီ said...

အောက်ဆုံးအပိုဒ် အကြိုက်ဆုံးပဲဗျာ.
"သစ္စာတွေအပ်
မေတ္တာတွေ အထပ်ထပ်ခင်းခဲ့တဲ့
ပန်းပျိုးရက် ဘ၀တစ်သက်ကို
အမုန်းမိုးစက်တွေနဲ့တော့
ရင်ဝတဖက်တချက်ကို
သေရခက်အောင် မစူးစိုက်ခဲ့ပါနဲ့"

တစ်ပုဒ်လုံးကြိုက်တယ်ဗျာ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ပုံ့မေ said...

ကိုကောင်းကင်ရေ.... ကဗျာလေးလာဖတ်တယ်...

ဂစ်တာဆိုတာ သံစဉ်လှလှ ဖန်တီးဖို့ လေ...

ဥယာဉ်မှူးဆိုတာလဲ ပန်းလေးတွေလှလှပပ ဖူးပွင့်ဖို့ ဖန်တီးဖို့ လေ...

ပြန်မလာနိုင်တဲ့သူကိုတော့ မျှော်နေသေးတဲ့ ဂစ်တာပျို...

လှပတဲ့ပန်းလေးတစ်ပွင့်က စွန့် ခွာခဲ့တဲ့ ဥယာဉ်မှူး...

သူတို့ တွေကို ကိုယ့်တာဝန်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်အောင် လိုအင်ဆန္ဒပြည့်စုံစေချင်ပါတယ်...

~ဏီလင်းညို~ said...

ကဗျာကောင်းလေးကို ခံစားဖတ်ရှုသွားပါတယ်ခင်ဗျာ...။
အများကြီးရေးနိုင်ပါစေ...။

တလနွန် said...

ဂစ်တာတစ်လက် သံစဉ်တွေ အမြန်ချိုမြိန်ပါစေ..........

မိုးခါး said...

ကဗျာ အရေးကောင်းတယ်နော် ..း))