Friday, January 8, 2010

“သူတို့ချစ်တာ ကြောက်လွန်လွန်းလို့”




ရေလှိုင်းလေး
လေဝှေ့တိုင်း ပြေးရတယ်
မကြောက်ပါဘူး သူပျော်လို့ပါ
ဝဲဂယက်ဆိုတာ သူ့အလှ သူ့ဘ၀လေ
အဲဒါကိုမှ ...
ကန်တော်နံဘေး ထိုင်သော်ငေးနေတဲ့
ထီးသေးသေးလေးအောက်က ချစ်သူနှစ်ယောက်
ရင်တွေ ကဆုန်ပေါက်လိုက်တာ ...။

ငှက်ကလေး
တချက်လေးတောင် မကြည့်မိပါဘူး
အတောင်ညောင်းလို့ နားရတာ သူ့ဘ၀လေ
အဲဒါကိုမှ ...
ခုံတန်းလေးမှာ တုန်ချမ်းမနေပဲ
ရင်ခုန်မှတ်တမ်းရေးတဲ့ ချစ်သူနှစ်ယောက်
အရွှန်းဖောက်လိုက်တာက ကြောက်စရာ ...။

ပန်းကလေး
နေသာလို့ ဖူးပွင့်တယ်
အရူးရင့်တာ မဟုတ်ပါဘူး
အချိန်တန်လို့ ပွင့်လန်းရတာ သူ့ဘ၀လေ
အဲဒါကိုမှ ...
မြက်ခင်းနွေးနွေး ပန်းခင်းဘေးက
ရင်ငွေ့ပေးနေတဲ့ ချစ်သူနှစ်ယောက်
ခူးနမ်းလိုက်တာက အချဉ်ပေါက်စရာ ...။

ဟွန်း ...  ချစ်လိုက်တော့လည်း သေမတတ်
မုန်းကြတော့လည်း အရှင်လတ်လတ်
ရင်ခွင်တခါဖျက်ရင် ဒဏ်ငွေတခါရိုက်မယ်
ကဲ ... ဘာတတ်နိုင်မလဲ
မသက်ဆိုင်ရင်တော့ လွင့်ပစ်ကြတယ် ...
ဆက်ပိုင်ချင်ရင် ထုဆစ်ကြပေတော့ ...
ဥပေက္ခာတွေနဲ့ပဲ အဝေးနေရာတွေမှာ
ငါတို့တွေလည်း ခပ်ခွာခွာလေးနေကြတော့မယ် ...။
     ~~~@@@~~~
(အစ်ကိုတစ်ယောက်က ဒုတ်ကောက်ပြီးထွက်ခိုင်းလို့ ကဗျာတိုတို စာတပုဒ်ကို ဟန်လုပ်လို့ နှစ်သစ်ဦးမှာ ပထမဆုံး စိတ်ရွှင်မြူးစွာနဲ့ အရွှန်းဖောက်လိုက်ပါတယ်ခင်ဗျာ။ ပုံလေးကိုတော့ ဒီ ကနေယူပြီးပြင်ပါ၏။)

14 comment[s]:

မြတ်မွန် said...

ခုကြတော့လည်း သူများတွေချစ်တာကို မနာလိုတော့ဘူးပေါ့လေ..။
ဟွန်း ... ချစ်လိုက်တော့လည်း သေမတတ်
မုန်းကြတော့လည်း အရှင်လတ်လတ်
ရင်ခွင်တခါဖျက်ရင် ဒဏ်ငွေတခါရိုက်မယ်
ကဲ ... ဘာတတ်နိုင်မလဲ...:D

kaungkinpyar said...

ခုမှ ကြောက်တယ် မပြောနဲ့..း)

Ree Noe Mann said...

အေးဆေး ဖြစ်သွားပြီ ဆိုတဲ့ သဘောပေါ့လေ။

ဒါဆိုရင်လည်း ပြန်လာခဲ့ပါတော့ စနေနေ့ည ပွဲရှိတယ်။

တနင်္ဂနွေနေ့ မနက်လည်း အလှူရှိတယ်တဲ့

မိုးခါး said...

နာလိုဘူးပေါ့လေ
ဟုတ်သလား :D

Anonymous said...

အာဟဟ အကိုရေ တယ်ရွင်ပြနေတယ်ပါ့

ဟွန်း ... ချစ်လိုက်တော့လည်း သေမတတ်
မုန်းကြတော့လည်း အရှင်လတ်လတ်
ရင်ခွင်တခါဖျက်ရင် ဒဏ်ငွေတခါရိုက်မယ်
ကဲ ... ဘာတတ်နိုင်မလဲ

ဘာမှ တတ်နိင်ပါဘူး ရိုက်ပါ ရိုက်ပါ
ဒဏ်ငွေ များများ၇ိုက်နော် ဒေါ်လာ ၁၅၀၀ ရအောင်ရိုက် ၅၃၈ ဆို မိန်းကလေးတွေက မူတတ်တယ်ဗျ ဟီးဟီး

ဆောင်းနှင်းရွက် said...

မိုက်တယ် ..
မိုက်တယ် ..
ကဗျာ စာသား ပြောတာပါ ...
နှစ်သစ် မှာ
လူသစ် ၊ စိတ်သစ် နဲ့ လန်း တော့ နော် ....

မှတ်ချက် ၊ ၊
စကား များများ ပါ
ပြောလာနိုင်ပါစေ ...

Cameron said...

အင်း...အိုင်ဒီယာလေးက ပန်းခြံထဲကအတွဲချောင်းပြီး ရလာပုံထောက်တယ်...ဟုတ်လားမောင်လေးည...။
ဘယ်လိုပဲဖြစ်ဖြစ် ကဗျာလေးကတော့မိုက်တာပါပဲ..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

မောင်လေးရေ....... ကဗျာလေးတွေ မဖတ်ရတာ ကြာပေါ့။ တုတ်ကောက်ပြီး ထွက်ရေးခိုင်းတဲ့ အကိုတွေ ကျေးဇူးတင်ရမယ်။
ရေးထားတဲ့ စာသားလေးတွေကတော့ လန်းနေပြီနော်။

နှစ်သစ်မှာ စိတ်သစ် လူသစ် အချစ်စစ် အချစ်သစ်း) နဲ့ ပျော်ရွှင်နိုင်ပါစေ..

ခင်မင်လေးစားလျှက်

may16 said...

ကဗျာလေးလာဖတ်ပါတယ်..

~ဏီလင်းညို~ said...

ကိုတူးရေ...
မမိုးပြောသွားသလိုပဲ...
အစ်ကိုတောင် ပန်းခြံထဲရောက်သွားသလိုလို....း)
ဖတ်နေရင်းနဲ့ ပြုံးနေမိတယ်ကွ...
ခင်မင်တဲ့
ဏီလင်းညို

Welcome said...

ကဗျာကောင်းလေးပဲ

ပျော်ရွှင်စွာနဲ့ဖတ်သွားပါတယ်

ကာရံမဲ့ said...

အော်... အစ်ကိုက ကန်ဘောင်ကို အဖော်မပါပဲ သွားတော့ ဒီလိုထင်မှာပေါ့ဗျ.. နောက်ဆို တစ်ယောက်တည်းသွားနဲ့လေဗျာ. အဖော်လေး ဆောင်သွား. အဲဟုတ်ပါဘူး အဖော်လေး ခေါ်သွားလို့ ပြောတာ.. တစ်လွဲထင်ရဘူးနော်...

မေကျော် said...

ရင်ခွင် တစ်ခါဖျက်ရင် ဒဏ်ငွေ မရိုက်နဲ့ ၊ သစ္စာတုတ်နဲ့ နာနာလေး နှက်လိုက် :)

စံလင်းထွန်း said...

ဆန်းတယ် ...လန်းတယ် ...
ထိပါ့ မိပါ့ ညှိပါ့ဗျာ ...

စိမ်းသစ်လတ်ဆတ်တဲ့ အရေးအသားပိုင်ရှင်ပါပဲဗျာ ...။

လေးစားရပါ၏။