Monday, January 11, 2010

“အမူး”

နေညိုလေရင့်
လေပျိုသင့်လို့
ချိန်တော်ကျတိုင်း
ထန်းတောပိုင်းကို
အပြေးနှင်လို့
ချဉ်ခြင်းဖြေလည်း
အမူးတစ်ယောက်
စိတ်ဖြေလင်္ကာ
မပြေသာ၏ ...။

အိမ်ပြန်ခရီး
တောလမ်းနီးတွင်
ထန်းရည်ကမူး
တဏှာ...ရူးလို့
ဆဲတွန်မြည်တောက်
ပုဆိုးပျောက်ကာ
သိုင်းကွက် ရေရင်း
ခြေတော်နင်းမူ
အချစ်တခု
ရင်ထုသော်၌
မပျောက်လောက်အောင်
တွယ်ဖက်လောက်၏ ...။

အမူးတစ်ယောက်
စကားပျောက်တောင်
အသက်လောက်ပင်
ချစ်ရသူကို
သစ္စာ မဖောက်
ထန်းရည်သောက်၍
ကဇော်ဖောက်ကာ
မျှော်စောင့်နေမယ်
အံဖက်ကြမ်းနဲ့
ခင်းရံတဲ့လမ်း
ဘယ်ထိမှန်းလည်း
မသေချာဘိ ... ။

(ဘာကဗျာလည်းတော့ မသိဘူး... လူကနဲနဲဂေါက်နေတာတော့ သေချာနေပြီ ... :P)

13 comment[s]:

မြတ်မွန် said...

ထန်ရည်သောက်ပြီး
မူးနေတာလား
အချစ်မူးလား
သိုင်းကွက် ရေရင်း
ခြေတော်နင်းမူ

လေးလုံးစပ်လေး
လာဖတ်တော်မူ
ကိုညကောင်းကင်....

လေးလုံးစပ်ပြီး
ကော်မန့်တော်မူ.....

ဒဏ္ဍာရီ said...

ဒါကြောင့်ပြေပါတယ် သိပ်မသောက်ပါနဲ့လို့ ... အခုကဗျာတွေမှာတောင် မူးနေပြီ...
မောင်လေးရေ.... အဆင်ပြေပါစေ..။

ခင်မင်လေးစားလျှက်

Welcome said...

မူးမူးလေး သောက်သွားတယ် အဲ .. အဲ ဆောဒီး၊
လှလှလေး ဖတ်သွားကြောင်း ..

ဆင်ဆင်ပြေ ပါစေ

~ဏီလင်းညို~ said...

ကိုတူးရေ...
အစ်ကိုတော့ မင်းရဲ့
“အံဖက်ကြမ်းနဲ့
ခင်းရံတဲ့လမ်း” ပေါ်ကို ခြေဖျားထောက် နှာခေါင်းလေးပိတ်ရင်း တိုးတိုးလေးဖြတ်သွားတယ်...။
(နှာခေါင်းပိတ်တာ ထန်းရည်အနံမခံနိုင်လို့ ဟုတ်ဘူး..။ အနံရ သောက်ချင်မှာစိုးလို့...:D...)
ခင်မင်တဲ့
ဏီလင်းညို

Mai's Corner said...

nice one!

ဆောင်းနှင်းရွက် said...

ထန်းရည်လည်း
သောက်ပြီးရော
ကျန်ကျောင်း သိုင်းကွက်
ဖြစ်သွားတဲ့ အကြောင်း
ရေးထားတာလားးး ... ???

ဂေါက် နဲ့ နော် .... !

မိုးစက်အိမ် said...

ဘာဖြစ်ဖြစ် ဒါက ထန်းရေသမားတွေအတွက်တော့
ကဗျာဆန်သွားပြီ ဒီကဗျာရွတ်သောက်နေကြရင်
တော့ပြသနာဘဲ ဟီး ခင်မင်စွာဖြင့် . . .

မြစ်ကျိုးအင်း said...

ရေခဲစိမ်ထန်းရည် အေးအေးလေး ကို သတိရ သွားမိပြီ။ အာပြဲခြောက်မီးဖုတ် လေးနဲ့ဆို လွှတ်ကောင်းပဲကွာ ...။

ဗညားရှိန် said...

အမူးတစ်ယောက်
စကားပျောက်တောင်
အသက်လောက်ပင်
ချစ်ရသူကို
သစ္စာ မဖောက်
ထန်းရည်သောက်၍
ကဇော်ဖောက်ကာ
မျှော်စောင့်နေမယ်
အံဖက်ကြမ်းနဲ့
ခင်းရံတဲ့လမ်း
ဘယ်ထိမှန်းလည်း
မသေချာဘိ ... ။


ဟားဟား ကိုတူးကတော့လုပ်ပြီး ကောင်းပြီး ကိုတူးရာ ကျွန်တော် ကိုတူးကို အဖော်လာလုပ်ပေးမယ်

ညမှောင်မှောင် ကြယ်ရောင် ပြောင်ပြောင်အောက်မှာ ညီအကိုတွေ ကိုယ့်ရင် ကိုယ်ဖောက် ခံစားချက်ခါးခါးကို သွန်ချလို့ ပုလင်းထောင် မော့ကြစတမ်းပေါ့ . . . အချစ်ဆိုတာ အရေနဲ့ရောမှ သက်သာစတမ်း ဆိုလို့ကတော့ မိုးမျှော်အောင် ပုလင်းတွေဆင့် ငါတို့ညတွေ အရောင်ပြောင်းအောင် ကောင်းကင်ကို ဆေးခြယ်စတမ်းပေါ့

မိုးငွေ့...... said...

ဘယ်ကတည်းက ထန်းတောမှာ အမူးတွေကိုသွားလေ့လာခဲ့သလဲ ဒီကဗျာရေးဖို့ကို..။
အဲ..ဒါမှမဟုတ် မောင်လေးညကိုယ်တိုင်များ....များ...များ....။
ဟဲ..ဟဲ နောက်တာပါ..။

ခင်မင်စွာဖြင့်
မိုးငွေ့

မောင်ဘကြိုင် said...

း) ကောင်းလိုက်တာဗျာ
ထန်းတောထဲသွားချင်လာပြီ
ရေးလဲရေးတတ်ပါပေ့နော်း)

အချစ်မဲ့ဂစ်တာ said...

ဖတ်ရင်း ဖတ်ရင်းနဲ့တောင် လေတက်လာပြီ... အဟ..

အဖြူရောင်နတ်သမီး said...

မူးပြန်ပြီလား...
တောင့်ထားပါဆိုနေ....