Saturday, May 21, 2011

“အိမ်အပြန်လမ်း”

ဒဏ်ရာတွေ ထုဆစ်ပုံသွင်းဖို့ 
ငါ့မနက်ခင်းထဲ ၀င်ရောက်ခဲ့လေသလား
နေခြည်နွေးနဲ့ လေပြည်အေးရေ
အတွေးသက်သက်နဲ့ 
ဖြားယောင်းရက်စက်တတ်လိုက်တာ
ခပ်တိတ်တိတ်ပါပဲ
အဆိပ်လည်းတက်ခဲ့ပြီ။
လှမ်းမမှီတဲ့ ဘ၀က
မှန်းမျှော်ဖို့ လည်း မတန်သတဲ့ လား
ဂုဏ်ရှိန်ရောင်ဝါအောက်က
တံလျှပ်တွေထနေလိုက်ကြတာ
ငါ့တွင်းကိုပဲ ခပ်နက်နက်တူးချင်ရဲ .
တကူးတကလည်း ငိုပြမနေနဲ့ တော့ကွယ်
ရေဆန်ဆိုလည်း
ဆယ်လမွန်ငါးတို့ ပြန်တတ်တယ်။

လွန်း

4 comment[s]:

နေ၀ဿန် said...

ကိုတူးရေ.. ကဗျာလေးတွေ မဖတ်ရတာတောင် ကြာသွားပြီ.. ဒါလေးက ကိုတူးရေးတာလား လွန်းဆိုတာ ရေးတာလား..း))

ခင်မင်လျက်
နေ၀ဿန်

မိုးငွေ့...... said...

သူများကဗျာတွေချည်းပဲ တင်နေပါရောလား ဒီကဗျာဆရာ...လူဆိုး....။

သိင်္ဂါကျော် said...

ရေဆန် ဆိုလည်း ပြန်တတ်တယ်တဲ့လား..
ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ရမှာပေါ့နော်..

စော(အဝါရောင်မြေ) said...

ဆောလမွန်ငါးပဲ ပြန်တတ်တာလား?
:S