Sunday, August 29, 2010

“ငါရဲ့ ရောင်နီ”



တခါတလေ တောင့်တမိတယ်
ကိုယ်လည်း လူသားတစ်ယောက်
အတွေးတွေကိုတည်
ကံနဲ့ဆောက်တဲ့ အနာဂတ်လေး
လိုချင်ပါရဲ့ ...

ဒါပေမယ့်
အိပ်မက်တွေရဲ့ ရာသီမှာပဲ
တပတ်မလည်လာတဲ့ ကံဇာတာကို
အပြစ်ဖို့ရမလား
စိတ်တွေက ဆေးတခွက်လို ခါးတယ် ...။

ကိုယ်ဖန်တီးမယ့် ဆန္ဒရပ်ဝန်းမှာ
ဘယ်သူမှ မရှိလည်း ဖြစ်ပါတယ်
ဒါပေမယ့် မိုးတွေ ညို့လာတယ်ဆို
အဲဒီ နေရာကို ရှောင်မယ်
ချုံးပွဲချ ငိုရတာ သိက္ခာကျလွန်းတယ် ...။

ကိုယ့်လက်နဲ့ ဖမ်းဆုပ်မရတဲ့ အတ္တပေမယ့်
ဒီတိုက်ပွဲမှာ အလံဖြူထောင်မယ်
မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ
ငါ ... စိတ်အသန့်ဆုံးနဲ့ လာခဲ့မယ်
ရောင်နီရယ် ကြိုလှည့်ပါ  ...။

ညလင်းအိမ်
(၂၉.၈.၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပြီးပြင်ပါသည်။

18 comment[s]:

vampire said...

ညစုတ်လေး

အသဲကွဲကဗျာ မဟုတ်တဲ့
ခုလို ကဗျာ လေးတွေပဲ ဖတ်ချင်ပါတယ်။

vampire

အုပ်ကြီး said...

သယ်ချင်းရေ
စိတ်တွေက ဆေးတခွက်လို ခါးတယ် ..
သောက်ချင်လည်းသောက်၊
မသောက်ချင်လည်းသောက် ရဦးမယ်နော် ..

မြတ်မွန် said...

ရောင်နီရယ် ကြိုလှည့်ပါ..ဆိုတဲ့ စကားလေးက နူးညံတယ် ကိုည..

Maung Myo said...

သနားပါတယ် ရောင်နီရယ် ကြိုက်လိုက်ပါဗျာ

း)

နွေဆူးလင်္ကာ said...

ချုံးပွဲချ ငိုရတာ တခါတလေ ကောင်းပါတယ်ဗျ

ဇူး said...

အကို ... စာသားတွေ မိုက်တယ်... ခံစားသွားတယ် အကိုရေ..

နေ၀သန် said...

ရောင်နီကိုများ သွားကြိုခိုင်းနေတယ်..နောက်တစ်ပုဒ်ကို စောင့်ကြည့်ဦးမယ် အလွမ်းမပါတဲ့ကဗျာများဖြစ်လာမလားလို့... ဟွင်းဟွင်း.. ဘာတဲ့ အလွမ်းတွေရှင်းလင်းထားပါဆိုပဲ... တခါတည်း အလွမ်းတွေရှင်းသွား.... ဟင်း... :P


ခင်မင်တဲ့
နေ၀သန်

ကိုဇော် said...

အိပ်မက်ရာသီက
ကျနော့် အတွက်တော့
တစ်ပတ်ကို လည်မလာသေးဘူး...
မျှော်ရသူကတော့.........မော...

လင်းခေတ်ဒီနို said...

မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ

ကြိုက်စ် အဲဒီစာသား . . . . .

ခဏလေးနေဦး

ဘယ်လိုနဲ့ ဘယ်လို ဘယ်က ရောင်နီလဲ ကျောစမ်း ကျောစမ်း တိုတူး ပေါ်ပီးကွ ဟားဟား

ကိုတူး ချုံထဲကျ ငိုရတာ သိက္ခာကျရင် ချုံပြင်ထွတ်ငိုပါလား ဟီးဟီး

Cameron said...

ကောင်းမွန်စွာကြိုနေမှာပါ...ရောင်နီက...
ပျော်ရွှင်ပါစေ မောင်တူးရေ...

ခင်တဲ့
မိုးငွေ့

ခိုင်နုငယ် said...

ကိုယ့်လက်နဲ့ ဖမ်းဆုပ်မရတဲ့ အတ္တပေမယ့်
ဒီတိုက်ပွဲမှာ အလံဖြူထောင်မယ်
မရေရာတဲ့ အနာဂတ်ရေ
တင်းထားတဲ့ လေးကြိုးတွေတောင် လျော့ချလိုက်ပြီ
အဲဒီ စစ်မြေတလင်းမှာ
အလွမ်းတွေ ရှင်းထားပေးပါ
ငါ ... စိတ်အသန့်ဆုံးနဲ့ လာခဲ့မယ်
ရောင်နီရယ် ကြိုလှည့်ပါ ..
ဂွတ်တယ်။ ကိုည ဒီစာသားတွေကြိုက်တယ်။
မဟုတ်မှ လွဲရော အလွမ်းရာသီတွေထဲက လွတ်ပြီထင်ရဲ့

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ရောင်နီလာမဲ့ မနက်ခင်းတွေ ဘ၀မှာ အများကြီး ကြုံနိုင်ပါသေးတယ်
အားမငယ်ပါနဲ့နော်..
အဆင်ပြေသွားမှာပါ

အင်ကြင်းသန့် said...

ကိုတူးရေ....ရောင်နီ တကယ်ကြိုနေမယ့် နေ့ကို အမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းပေးပါ၏။

မြစ်ကျိုးအင်း said...

“ကံနဲ့ဆောက်တဲ့ အနာဂါတ် ”
သိပ်လှတဲ့စုဖွဲ့မှုပဲဗျာ။ တကယ် ကဗျာရေးကောင်းသူပါပဲ။

blackroze said...

တခါတလေ တောင့်တမိတယ်
ကိုယ်လည်း လူသားတစ်ယောက်
အတွေးတွေကိုတည်
ကံနဲ့ဆောက်တဲ့ အနာဂတ်လေး
လိုချင်ပါရဲ့ ...


ဆောက်တိုင်းသာခိုင်မြဲမယ်ဆိုရင်လေ...း(
ကံကိုအရင်းတည်လို့
မေတ္တာတွေနဲ့မံပြီးအနာဂတ်တခု
တည်ဆောက်ခဲ့ဖူးပါတယ်...

အဖြူရောင်နတ်သမီး said...

xxxမောင်လေးရေ ထပါတော့ xxxx ရောင်နီလာလှပေါ့xxx ညီမလေးရေxxxxထပါတော့ xxx ရောင်နီလာလှပေါ့xxx တကျော့ နှစ်ကျော့ တေးကိုသီxxxငျက်ကျားနှုတ်ပလီxxx

သီချင်းလေးငြီးသွားတယ် ကိုတူးရေ..
အနာဂတ်ကို မှန်းဆတဲ့ ကဗျာလေး လာခံစားသွားတယ်နော်...

ခေါင်ခေါင် said...

ချုံးပွဲချ မငိုနဲ့နော်...

ရောင်နီတွေကြိုနေမှာပါ

ခေါင်ခေါင်

ဒဂုံ မင်းချစ်သူ said...

ကံဆိုးတာလို့လဲ မခေါ်နိုင်သလို့...
အချစ်ဆိုတာလဲ.....
ကိုယ်ချစ်သလို့... တဖက်လူက ပြန်မချစ်နိုင်ဘူးလေ