Saturday, August 14, 2010

“နွေကန္တာ ဥယျာဉ်”


ပန်းဥယျာဉ်သာသာပေမယ့်
ပန်းကမရှိတော့ နွမ်းလျပါဘိ
မြေသြဇာကို မွှေနှောက်
မြောင်းတွေ ပေါက်ထားလည်း
ရေမလာ ဒီမြေဆီလွှာမှာ
နွေကန္တာတွေ များများလာတယ် ...။

တချို့က ပျိုးကြတယ်
ဒါပေမယ့် မဖူးဘူး
တချို့က မပျိုးကြပေမယ့်
ဥယျာဉ်က ရူးရတယ်
ရင်စူးရပါစေ
ကိုယ့်အလွမ်းကိုပဲ
ပျိုးကျဲထားမိတယ် ...။

တကယ်ဆို
ပန်းတို့ မရှင်သန်ချင်သော ဥယျာဉ်၌
မြေသားတို့ ဆွေးမြေ့ နေပြီလေ
ဆုပ်လည်းစူး စားလည်းရူးမို့လို့လား
တူးဆွတဲ့မြေတောင်
ဒီဥယျာဉ်ကို လှောင်ကြတယ် ...။

ရပါတယ်လေ
အလည်တောင် မလာချင်ကြတဲ့
ညနေ နေညိုငုတ်တုတ်
ကိုယ့်ဥယျာဉ် ရင်ခွင်စုတ်မှာ
အသေသပ်ဆုံး ခင်းကျင်း
ရင့်ကျက်ခြင်းတွေပဲ ရင်းထားတော့မယ် ...။

ညလင်းအိမ်
(၁၄.၈.၁၀)
~~~~ @@@@ ~~~~
PS .. ဒီကဗျာကို လုံးဝမကြိုက်ပါဘူးဆိုတဲ့ ညီမလေး တစ်ယောက်ရဲ့ ပြောစကားကို ဆန့်ကျင်ပြီး သူရွေးပေးတဲ့ ခေါင်းစဉ်နဲ့ပဲ စိတ်ထွက်ပေါက် တခုတည်းအတွက် တင်လိုက်ပါတယ် ...း)

ပုံလေးကို ဒီကနေ ယူပါသည်။

12 comment[s]:

မေပယ်လ် said...

တချို့က ပျိုးကြတယ်
ဒါပေမယ့် မဖူးဘူး
တချို့က မပျိုးကြပေမယ့်
ဥယျာဉ်က ရူးရတယ်
ရင်စူးရပါစေ
ကိုယ့်အလွမ်းကိုပဲ
ပျိုးကျဲထားမိတယ် ...။

အဲဒီအပိုဒ်လေးချစ်တယ်။။
နောက်ဆုံးပေါ် ဘမ်းစကားနဲ့
ပြောရရင် စကားလုံးတိုင်းက
လိပ်ထွက်နေတာပဲနော်:)

ကိုဇော် said...

ဘယ်လိုပဲ ရင့်ကျက်ခြင်းတွေ ခင်းထား ခင်ထား. .
ဒီအကြောင်းအရာ အတွက် ဆိုရင်တော့. .
စိတ်တွေက နင်းပြားပြား သွားတာပါပဲ။
ဟုတ်တယ်ဟုတ်....

အဖြူရောင်နတ်သမီး said...

“ပန်းတို့ မရှင်သန်ချင်သော ဥယျာဉ်၌
မြေသားတို့ ဆွေးမြေ့ နေပြီလေ”...တဲ့...

ဒါများ လွယ်ပါတယ် ကိုတူးရယ်...
မြေလှန်ပြီး ရောသမသာ မွှေပြစ်လိုက်....

အဲဒီမြေဆီလွှာမှာ ပျိုးမကျဲပဲ...
ပန်းပွင့်စုံ ဖူးပွင့်စေရမယ်...
မယုံရင်စမ်းကြည့်လိုက်..။

သော်ဇင်စိုး said...

အလွမ်းတွေကို ပျိုးကြဲတော့ အလွမ်း အိုအေစစ်လေး ဖြစ်လာမှာပေါ့..
ကန္တာရမှာ ရေမရှိပဲပွင့်လို့ အထီးကျန်တဲ့ အလွမ်းပန်းပေမဲ့ သစ္စာတရားရှု့ထောင့်က ကြည့်ရင်တော့ အဓိပ္ပာယ်ရှိရှိ လှလွန်းပါတယ်..
အလွမ်းပန်းတွေနဲ့ ပျော်ရွှင်ပါစေ... :)

အင်ကြင်းသန့် said...

“ကိုယ့်ဥယျာဉ် ရင်ခွင်စုတ်မှာ
အသေသပ်ဆုံး ခင်းကျင်း
ရင့်ကျက်ခြင်းတွေပဲ ရင်းထားတော့မယ် ....။”
အဲဒီစာသားကိုကြိုက်တယ်။

ဒါပေမယ့် ဆရာမ မနော်ဟရီကရေးထားတယ်။
“လူကြီးလူကောင်းဆန်ဆန် ရင့်ကျက်ပြလိုက်ရတာ တကယ်တော့ အရသာမဲ့လွန်းပါတယ်။” တဲ့....

အင်း....ကဗျာဆရာတွေ ဆရာမတွေရဲ့ရေးချက်တွေကတော့ တကယ်လန်ထွက်နေကြတာပါပဲ။

မိုးငွေ့...... said...

ဟေ့ တို့ကတော့ နတ်သမီးလို ကော်ပီပေ့စ်မလုပ်ဘူးနော်
း)

ခင်တဲ့
မိုးငွေ့

မောင်ဘကြိုင် said...

တချို့က ပျိုးကြတယ်
ဒါပေမယ့် မဖူးဘူး
တချို့က မပျိုးကြပေမယ့်
ဥယျာဉ်က ရူးရတယ်
ရင်စူးရပါစေ
ကိုယ့်အလွမ်းကိုပဲ
ပျိုးကျဲထားမိတယ် ...။


မောင်ဘကြိုင်က ဒီအပုဒ်လေးကြိုက်တယ်ဗျ
အင်း ဒီရင်ဘတ်ထဲက စကားလုံးရွရွလေးတွေ
ထွက်နေအုံးမှာပါ......

blackroze said...

အလွမ်းနဲ့ရင့်ကျက်နေတဲ့
အချစ်ဥယျာဉ်မြေပေါ့...
တချိန်ကျရင်တော့...
အချစ်ပန်းလေးတွေဖူးပွင့်လာပါလိမ့်မယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဲကဲ
အလည်လာပြီး ကော်မန့် လာရေးသွားပါတယ်.. ဘယ်သူမှ မလည်ချင်ဘူးတော့ မပြောနဲ့နော်..း) ဥယျာဉ်ကလဲ စိုက်စရာရှားလို့ အလွမ်းတွေကိုမှ ပျိုးကြဲထားရတယ်လို့
စကားမစပ် အလွမ်းဆိုတဲ့ အပင်က အပွင့်ပွင့်တတ်ရဲ့လား.... ပွင့်လာရင်ရော မွှေးတယ်လား .. သိချင်လို့ မေးသွားတယ် ဖြေပါ။

ahphyulay said...

ရင့်ကြက်ခြင်း တွေပဲ ရင်းထားတော့ မယ် ..
ရင့်  ကြက်ခြင်း ဆိုတာ တနည်း သည်းခံ ခြင်း လို့ 
မြင်ပါတယ်၊ ဖြေလျော့  စွန့်  လွှတ်ခြင်း လို့  လဲ
ထင်ပါတယ်။
အရာရာ ကို ဆုပ်ကိုင်ထား ခြင်းမရှိ လို့  အဆင်ပြေ
ပြေ လျော့  သွားမှာပါလေ ။

ခိုင်နုငယ် said...

“ကိုယ့်ဥယျာဉ် ရင်ခွင်စုတ်မှာ
အသေသပ်ဆုံး ခင်းကျင်း
ရင့်ကျက်ခြင်းတွေပဲ ရင်းထားတော့မယ် ....။”
ဒီအပိုဒ်လေးကြိုက်တယ်။
အင်း ဥယျာဉ်ထဲ အလွမ်းပျိုးတွေ မကြဲပဲ
ရင့်ကျက်ခြင်းတွေနဲ့ပဲ ရှင်သန်းနိုင်ပါစေဗျာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မြစ်ကျိုးအင်း said...

အလွမ်းတွေကို ရင့်ကျက်ခြင်းတွေနဲ့ အစားထိုးပြီး စစ်မှန်သော ရှင်သန်ခြင်းတွေနဲ့ ဘ၀ကို ရဲရဲ ရင်ဆိုင်ကြပါစို့..
အလွမ်းဆိုတာ တမြေ့မြေ့ကျွမ်းလောင်စေနိုင်တာမို့
အတိတ်မှာထားခဲ့ရအောင်