Saturday, August 7, 2010

“ခွက်ထဲက အလွမ်း”



မတွေးချင်ပါဘူးလို့ တွေးလိုက်တိုင်း
ဆိုနင့် အက်ကွဲသံတချက်က
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့တယ် ...။

အဲဒီတော့ ...
နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။

တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။

တကယ်ထူးတာတော့ ဘယ်သူသိမှာလဲ
ရင်ထဲက အပြိုင်းပြိုင်းနဲ့
ဥသြတွေ ဆွဲတော့မယ် ...။

တကိုယ်လုံးလည်း ကိုင်းပြီ
ခြေလှမ်းတိုင်း နွမ်းပြီ
ဒီနှလုံး(နှလုံးသား) လည်း ကျွမ်းပြီ
ပြန်တွေးတိုင်း အလွမ်းသည်
အမြုပ်တစီစီခွက် အတွင်း သက်ဆင်းရလေသည် ...။

ညလင်းအိမ်
(၇.၈.၁၀)

~~~~ @@@@ ~~~~
အခုရက်ပိုင်း ကဗျာရေးလို့မရပါ။ ရေးစရာ ခံစားချက်လည်း မရှိဘူး။ ဘယ်မှလည်း မရောက်ဖြစ်ဘူး။ အဟီး .. ဒါနဲ့ပဲ ရေးချင်တာ ရေးလိုက်ပါတယ် ...း)

17 comment[s]:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွက်ထဲမှာ ဘာတွေလဲ
အလွမ်းတွေလား
အရက်တွေလား...
အလွမ်းတွေက အတော်ကို မူးစေပါလားနော်..
ကြောက်စရား)

မေပယ် said...

အမယ်မင်း.....
မရေးချင်လို့သာပေါ့နော်...
ခံစားချက်ရှိတဲ့အခါဆို ဘယ်လောက်များ
ပြောင်လိုက်မလဲ မသိ...လက်သံပြောပါတယ် ဟိဟိ

blackroze said...

ခွက်ထဲကအလွမ်းဆိုတော့...

အရက်ထဲကအချစ်ပေါ့နော်..ကိုည

ကိုဇော် said...

ခွက်ထဲက အလွမ်း မပြတ်ဆဲမိ စတမ်း ဆိုရင်တော့ ကောင်းဘူး။ အခုတော့ ကဗျာလေးက ကောင်းတယ် :P

သော်ဇင်စိုး said...

တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။
မိုက်လိုက်တာဗျာ.. ခံစားချက်တွေချင်း တူတယ်ဗျို့....

နေ၀သန် said...

မိုက်တယ်ကိုတူးရယ်... ရေးတတ်လိုက်တာဗျာ.. ကဗျာလေးတွေကို... ချီးကျူးပါတယ်..


ခင်မင်တဲ့
နေ၀သန်

နွေဆူးလင်္ကာ said...

အင်း ကျနော်လည်း ခွက်တွေနဲ့ လွမ်းလွမ်းနေရတာ ကြာပီဗျ ...

Anonymous said...

သြော်....မှတ်သားလောက်ပါပေတယ်။ ကိုယ့်ဟာကို သောက်ချင်သောက်ချင်တယ်ပေါ့။ အခုတော့ ကြားထဲက အလွမ်းတွေက ဓါးစာခံဖြစ်သွားရရှာတယ်။ :P

အီသီယိုးပီးယားမှ ဧည့်သည်တစ်ဦး

လင်းခေတ်ဒီနို said...

ရေ့ ရေ့ ရေ့ နောက်ကနေ ရက်ပ်ပါ လိုက်လုပ်ပေးတာ ရေး ရေးး)))))

ညီညီ said...

နေညိုလာရင် ငိုရမလို
လေပျိုလာရင် ဆိုရမလိုနဲ့
အပိုအလို မရှိတော့တဲ့ လွမ်းတေးတွေ
လမ်းဘေးကိုရောက် ငါလည်း မှောက်နေပါပြီ ...။

ကြိုက်တယ်ဗျို့..

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဆောင်းနှင်းရွက် said...

ဘယ်လို .. ဘယ်လို
ပျို့တတ်လာတယ် ...
အဲ့လိုပဲ ကာရံ ကို ဖတ်သွားတယ် ...
ဟီးးဟီးး

ဘာမှ မတွေးနဲ့ ....

တွေးနေတာ
ငေးနေတာ
ဘာမှ မကောင်းဘူး .. >>>

ပြီးတာတွေက ပြီးသွားပါပြီကွယ် ..
တရားနဲ့ သာ ဖြေပါ ..
:D

ခိုင်နုငယ် said...

“တခွက်တဖလားပေမယ့်
တချက်တချက် မှားလာတဲ့
အမြင်တွေ ယစ်မူးလာတော့
ဒီကောင်အမူး ယမကာရူးလို့ ထင်ကြတော့မယ် ...။”
ခွက်ထဲက..
အလွမ်းတွေနညင်ဖူးလို့လာကြည့်သွားဒယ်။:D

ခင်မင်စွာဖြင့်
ခိုင်နုငယ်

noblemoe said...

အလွမ်းတွေကင်းဝေးပြီး ပျော်ရွှင်တဲ့နေရက်တွေကိုပိုင်နိုင်ပါစေရှင်းးးးး
သာယာချမ်းမြေ့ပါစေနော်
မိုး

Cameron said...

အမယ်...သူ့ဟာသူ ခွက်တိုက်ချင်နေတာကိုများ ကဗျာတွေ စာတွေဖွဲ့နေတယ် မောင်တူးးး....

ခင်တဲ့
မိုးငွေ့

အဖြူရောင်နတ်သမီး said...

ပြောတော့ မသောက်ဘူးလေး ဘာလေးနဲ့...
အခုကျတော့ ကဗျာတပုဒ်တောင်ထွက်လို့လာပါရောလား...

သုခုမလေဒီ said...

ကျွမ်းနေတဲ့နှလုံးသားကို အရက်စိမ်မလို့လားး))
ကဗျာလေးခံစားဖတ်ရှုသွားတယ်။
ရေးစရာခံစားချက်မရှိပေလို့သာ...

မေကျော် said...

ခုထိ လွမ်းကောင်းတုန်းလားဗျ ..... :)))