Monday, August 2, 2010

“မထူးခြားတဲ့နေ့”



တနင်္လာတစ်နေ့တဲ့
ငါ့အတွက် အလင်းမလာတဲ့နေ့
အချိန်နဲ့ တိုင်းတာရရင်
နှစ်က နှစ်ဆယ့်နဲ့ရှစ် (၂၈)
ဘ၀ရဲ့ အစကလည်း
နှစ်ရက်ရှစ်လရှစ်ဆယ့်နှစ် (၂.၈.၈၂) ...။

ယိုင်တိုင်တိုင်နေ့စွဲတွေ
မပိုင်ဆိုင်မှုက ခနိုးခနဲ့
ပိုင်ဆိုင်လိုမှုက မျှော်လင့်ချက်မဲ့
ပြက္ခဒိန်တွေသာ စုတ်ပြဲဟောင်းနွမ်းခဲ့ ...။

အထိမ်းအမှတ်လည်း သာမန်ကားချပ်
ဆုတောင်းသံလည်း ရွတ်သံကင်းမဲ့
ဖရောင်းတတိုင်လည်း အရောင်လဲ့လဲ့
အခန်းကျဉ်းထဲမှာ ပြိုပြိုပျက်ပျက် ...။

ဒီလိုနဲ့
ထပ်တူကျတဲ့ နေ့စွဲ တစ်ရက်
တခါသာ လာပေမယ့်
အခါခါ သာတဲ့ လမင်းလို
ထူးမခြားနားချက်က
လသာချိန် လ လာတာပါပဲ
ညအခါတွေမှာတော့
ဘ၀တွေက ယခုထိ အထီးကျန်ဆဲ  ...။

ညလင်းအိမ်
(၂.၈.၁၀)

24 comment[s]:

ကိုဇော် said...

သြ. . ဒါဆို Happy Birthday ပေါ့။
ပျော်ရွှင်ပါစေ။

မေပယ်လ် said...

အားမငယ်ပါနဲ့..
ဖယောင်းတိုင် ကူမှုတ်ပေးခဲ့တယ်နော်
ဖူး............၀ူး.........:P
ကဗျာကောင်းလေးပါပဲ

အဖြူရောင်နတ်သမီး said...

ံ့Happy Birthday ပါ ကိုတူးရေ...
ညရဲ့အမှောင်ထုကို အလင်းပေးတဲ့ အလင်းအိမ်လေး..
ညမှာလင်းတဲ့ ညလင်းအိမ်လေး...
သို့မဟုတ်..
“ကြယ်တာရာ ကိုတူးလေး”တယောက် ယနေ့မှစလို့ ကံကောင်းခြင်းတွေပြည့်နှက်နေတဲ့ ဘဝလေးကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်...။

မိုးစက်အိမ် said...

Happy Birthday ပါ ကိုတူးရေ...
ဒီနေ့ မှာကျရောက်တဲ့မွေးနေ့ လေးမှစပြီး
ကံကောင်းခြင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေဗျာ :)

နေ၀သန် said...

ဟား... သြဂုတ် ၂ ရက်နေ့မှာ စုပြီးမွေးကြတာကိုး... ခင်တဲ့သူတွေထဲမှာ ဒီနေ့မွေးနေ့ရှင်တွေ အများကြိး..း)).. ဟက်ပီးဘတ်ဒေး ကိုတူး......

ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေ ကိုတူး....

“၂၈” နှစ်မြောက်မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် ပျော်ရွှင်ဖွယ်ရာမွေးနေ့တွေကို ပိုင်ဆိုင်နိုင်ပါစေ....

ယနေ့မှစ၍ ကျန်ရှိနေတဲ့ ဘ၀တစ်လျှောက်လုံး ကံကောင်းခြင်းတွေကိုသာ ရရှိပါစေ....။

သော်ဇင်စိုး said...

အထီးကျန်မှုဆိုတာ ပြင်းရှတဲ့ မသောက်ချင်ဘဲလည်းသောက်နေရတဲ့ အချစ်တောင်တန်းတွေဆီကထွက်တဲ့ အဆိပ်ပြင်းတစ်ခွက်ပါပဲ..
ဒါပေမဲ့ အနည်းဆုံးပေါ့...
မွေးနေ့မှာ ပျော်ရွှင်ပါစေ အကို

လင်းခေတ်ဒီနို said...

ကိုတူး အကို ပျော်ရွှင်ပါစေ . . . .

noblemoe said...

ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..............
ဟောင်းနွမ်းခဲ့တဲ့ ပြက္ခဒိန်တွေကို ခံစားမနေပဲ
အနာဂတ်လေးလှပပို့ ခုလက်ရှိချိန်တွေကိုသာ ကောင်းကောင်းဖြတ်ကျော်ပြီး လှပတဲ့အနာဂတ်တွေကိုပိုင်နိုင်ပါစေ.........
ကျမ်းမာပျော်ရွှင်ပြီး အလုပ်ကိုင်အဆင်ပြေတဲ့အပြင် ချစ်တဲ့သူနဲ့လည်းဆုံနိုင်ပြီးသယာချမ်းမြေ့တဲ့ဘဝကိုပိုင်နိုင်ပါစေရန်တောင်ဆုပြုပါတယ်ညရေးးးးးးး
မိုး

Cameron said...

ငါ့မောင်လေး လိုအင်ဆန္ဒတစ်လုံးတစ်ဝနဲ့ ပြည့်ပါစေဗျား..

ခင်တဲ့
မိုးငွေ့

blackroze said...

့happy birthday ..ပါကိုညရေ
အထီးကျန်တဲ့နေ့တွေညတွေကို
အမြန်ဆုံးကျော်ဖြတ်နိုင်ပါစေလို့...
ဆုတောင်းလျက်.....


ခင်တဲ့blackroze

နှင်းဝတီရဲ့  မေတ္တာရိပ် said...

ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ ကိုတူး
ခင်တဲ့
ညီမငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာ မွေးနေ့ကို နောင်နှစ်ပေါင်းများစွာတိုင် ဆင်နွဲနိုင်ပါစေ..
ချစ်သူနဲ့လည်း အဆင်ပြေပျော်ရွှင်ပါစေ
ဆန္ဒအားလုံး ပြည့်ပါစေနော်...

ပန်းနုနှင်းဆီ said...

Happy Birthday ပါရှင်
ပျော်ရွှင်ကြည်လင် အဆင်ပြေပါစေ။
နှစ်စဉ်နှစ်တိုင်း အရာရာ ပြည့်စုံသော မွေးနေ့ကို မပျက်မကွက် ဆင်နွဲနိုင်ပါစေ..

သဒ္ဓါလှိုင်း said...

Happy Birthday!!!!
မွေးနေ့..မွေးရက်..အားလုံးကိုက်ညီတဲ့ထူးခြားလှတဲ့
မွေးနေ့ပိုင်ရှင်လေး...
နောက်နှစ်တွေ..နောက်နှစ်တွေများစွာအထိချစ်သော
မိသားစု..ချစ်သောချစ်သူနဲ့အတူတကွ ပျော်ရွှင်
စရာဘ၀လမ်းကိုအထီးကျန်မှုမရှိပဲ လျှောက်လှမ်းနိုင်ပါစေ
လို့ဆုမွန်ကောင်းတောင်းပေးပါတယ်.မောင်လေးရေ..

ခင်တဲ့
သဒ္ဓါ

~ဏီလင်းညို~ said...

ကိုတူး....ညီလေး....

ထပ်ဆုတောင်းပေးသွားတယ်......။
ပျော်ရွှင်မှုနဲ့ အောင်မြင်မှု အတူတူတွဲပြီး အမြဲရရှိနိုင်ပါစေဗျား.........။
(ယိုင်ထိုး........ယိုင်ထိုးနဲ့ ရောက်လာသည်....။)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

နွေဆူးလင်္ကာ said...

ဟက်ပီး ဘတ်ဒေးပါ။ မွေးနေ့မှာ ကျနော့်လိုပဲ ခံစားရတယ်ထင်တယ်။ ကျနော်လည်း မွေးနေ့မှာ အဲလို ကဗျာ တစ်ပုဒ် ရေးဖူးတယ်။
http://nwaysuelinkar.blogspot.com/2009/05/blog-post.html

ဆောင်းနှင်းရွက် said...

Happy Birthday ... ပါ ..

မွေးနေ့မှသည် နေ့ရက်တိုင်း
ပျော်ရွှင်နိုင်ပါစေ ..

အသက် ၂၈ ဆိုတော့
ဟဲဟဲ ...
ဖိတ်စာ ဖိတ်ပြီး ကျွေးရမယ့် အချိန်
ရောက်နေပြီနော် ... :D

zue said...

အကို... ပျော်ရွှင်သော မွေးနေ့လေး ဖြစ်ပါစေ... ဆုတောင်းတာ နောက်ကျသွားတယ်..
ဒါပေမယ့် အထီးကျန်ဖြစ်မနေပါဘူးနော်..... အားလုံးရှိပါသေးတယ်...း)

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ
၂၈ ဆိုတော့ ကျနော့်ထက် တနှစ်ငယ်တယ်ဗျ
ကျနော်တို့က ခုမှ ၂၀ ကျော်ပဲ ရှိသေးတာ..။
ဘဝက သွားနေတာလေ အထီးကျန် ဆိုတာလည်း အမြဲထာဝစဉ်တော့ မဖြစ်နိင်ပါဘူး။ စိတ်ပျော်ရွှင်ဖွယ်ရာတွေပဲ ဦးစားပေး တွေးပါဗျာ။
အချိန်တခု ကျော်လွန်ပြီးသွားရင် ပြီးခဲ့တာတွေက ဘာမှ မဟုတ်တော့ပါဘူး။

အရေးကြီးဆုံးက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် သဟဇာတ ဖြစ်ဖို့ လိုက်လျောညီထွေ ရှိဖို့ပဲ မဟုတ်လား။

Anonymous said...


2-Aug
လူမှန် (မှန်သောလူ)

အလင်းနဲ့ အမှောင် မသဲကွဲ
ဖရိန်အကျဉ်းအကျယ် ဘောင်တွေထဲ
အရိပ်အယောင် အတုတွေကမှ ပုံရိပ်စစ်တဲ့လား
ဒါဆို ကျွန်တော့်ကို စည်းဝိုင်းအပြင် ပို့ပေးပါ
အထဲမှာ နေရတာ ကျပ်လို့ ...။

ညလင်းအိမ်


အစ်ကိုညလင်းအိမ်

မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဆုမတောင်းပေးဘူးနော်။
တောင်းလဲ မတောင်းတတ်ဘူး။ ဆုတောင်းတွေအစား အကူအညီလိုအပ်ရင်ဖြစ်ဖြစ် ... ခိုင်းစရာရှိရင်ဖြစ်ဖြစ်ပြောပါ။ လုပ်ပေးပါ့မယ်။

ကဗျာလေးကို နှစ်သက်တယ်။ :) ။

ညီမလေး

သုခုမလေဒီ said...

sorry နော် ။ မနေ့က ဘလော့ဝင်မရတာနဲ့ မွေးနေ့တရက်နောက်ကျသွားပြီထင်တယ်။ ကဗျာလေးကောင်းတယ်။
Happy Birthday ပါ။ ဆန္ဒနဲ့ဘ၀ထပ်တူကျပါစေ။
အမမွေးနေ့က ဒီနေ့ဆိုတော့ အမထက်တစ်ရက်ပိုကြီး နေသလားလို့ (ခုနှစ်မပါရင်ပြောတာပါ)း)))
လာလည်ပါအုံးနော်။
ဒီလိုမှန်းသိ ကဗျာစပ်ခိုင်းပါတယ်းP

မြတ်မွန် said...

ညအခါ ကိုညအိမ်မှာ လသာသာ..

၂၈နှစ်တောင် ရှိပြီဆိုတော့...
ဘာတွေ လုပ်ပြီးဘီလဲ ကိုည..

အလွမ်းတွေ ရပ်ပြီး..
၂၈က စလို့ နောင်နှစ်ပေါင်းများစွာ..
ပျော်ရွှင်ခြင်းတွေသာ ကြုံရပါစေလို့..
လေးလေးနက်နက် ဆုတောင်းလျှက်..။

ဒဏ္ဍာရီ said...

Happy Birthday!!!

ပျော်ရွှင်ဖွယ် မွေးနေ့လေးဖြစ်ပါစေ မောင်လေးရေ... နောက်ကျမှ ဆုတောင်းပေးရလို့ မမနွယ် တောင်းပန်ပါတယ်။ တခါတခါသာ သာပေမယ့် သာလိုက်တိုင်းမှာ လင်းလက်ပြီး ပြိုင်ဆိုင်မှု ကင်းတဲ့ တောက်ပခြင်းတွေ ပိုင်ဆိုင်နိုင်ပါစေနော်။ ရှင်သန်မှုတိုင်းမှာ မျှော်လင့်ချက်ဆိုတာ တထပ်တည်း ပါလာပြီးသားမို့ အရာရာကို ခံနိုင်ရည် အင်အားတွေနဲ့ အောင်မြင်နိုင်ပါစေ....။

ခင်မင်လျှက်
မမနွယ်