Wednesday, March 17, 2010

“မိုးငွေ့ ... ဆိုတာ ...”


ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။

မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တ၀ကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။

မိုးငွေ့ဆိုတာ
တခဏချက်ချင်းပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့ ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။

ဒီလိုနဲ့ မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။

သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။

~~~  @@@@ ~~~~

ဒီနေ့ မတ်လ(၁၇) ရက်နေ့မှာ ကျရောက်သော အစ်မမိုးငွေ့ရဲ့ မွေးနေ့အတွက် မွေးနေ့လက်ဆောင် ကဗျာလေးပါ။ အစ်မမိုးငွေ့တစ်ယောက် ယခုမွေးနေ့မှသည် နောင်လာမယ့် နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ခြင်း၊ ချမ်းသာကြွယ်ဝခြင်းနဲ့ ပြည့်စုံရပြီး  သာယာသော ဘ၀ခရီးလမ်းကို ထာဝရ လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ။

11 comment[s]:

အနှိုင်းမဲ့ said...
This comment has been removed by the author.
အနှိုင်းမဲ့ said...

ဟုတ်ပ.ဖက်ရှင်တစ်အားမိုက်ချက်ကတော့.
လန်းတယ်ဟရှိသေးတယ်..
ကော်ဖီခါးခါးအပြင် သံပုရာရည်ကို
ဂိတ်ဆုံးသောက်တတ်တဲ့သူ..ဆိုတာ..ဟဟ

HAPPY BIRTHDAY ပါ..မမီးရေ

ဒဏ္ဍာရီ said...

ကဗျာလေးက ဖတ်လို့ကောင်းလိုက်တာ မွေးနေ့ရှင်တော့ မသိဘူး။ ဖတ်ရတဲ့သူကတော့ သဘောကျသွားပြီ မောင်လေးရေ..။
မွေးနေ့ရှင်ကို ဆုတောင်းပေးလိုက်ပါတယ်။

Happy Birthday ပါ မမိုးငွေ့ရေ..။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

ကဗျာလည်း မိုက်...
လူလည်းမိုက် တယ်နော်...(လန်းတယ် လို့ပြောတာ..)..
HAPPY BIRTHDAY ပါ မမိုးရေ....
ပျော်ရွှင်သော မွေးနေ့လေးဖြစ်ပါစေရှင်....

သော်ဇင်စိုး said...

ဖတ်သွားပါတယ်ဗျ "မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ " အကိုကတော့ တစ်ညပြီးလေ ခံစားမှု နှစ်ဆရင့်လေပါပဲ အားပေးနေပါတယ်ဗျာ..

Cameron said...

မွေးနေ့ရှင်က အမြဲနောက်ကျနေတယ် မန့်ဖို့..။
အားလုံးကိုကျေးဇူးတင်ပါတယ်...။ အထူးသဖြင့်ကဗျာပါ၇မီရှင်လေး မောင်ကင်းကောင်...အဲလေ မောင်လေးညရဲ့ကောင်းကင်ကို အထူးကျေးဇူးတင်ပါတယ်..။

ကိုဇော် said...

မမိုးငွေ့ မပြောနဲ့ ကျနော်တောင်မှ ဒီကဗျာလေးကို ကြိုက်တယ်ဗျာ...
ရေးပေးသူရော...
မွေးနေ့ရှင်ရော...ကျေးဇူး..

ပျော်ရွှင်ပါစေ
ကိုဇော်

မောင်သီဟ said...

အယ်ဒီမှာလဲရှိတယ်ပေါ့ မွေးနေ့ပွဲ
ကဗျာလေးသဘောကျတယ်ဗျာ
မွေးနေ့ရှင်တော့ပျော်မှာပဲ
ပျော်ရွှင်ပါစေမွေးနေ့ရှင်ရေ...း)

flowerpoem said...

ဒီလိုမှန်းသိမွေးနေ့တုန်းက ကဗျာ တစ်ပုဒ်ရေးခိုင်းပါတယ် ရှင် :)
မွေးနေ့ရှင်တော့ တော်၂ ပျော်မှာပဲနော် မွေးနေ့ရှင် ပျော်ရွှင်ပါစေရှင်...

ahphyulay said...

မိုးငွေ့  တဲ့ ...၊
ကျွန်တော် ပြောချင်တာက မိုးငွေ့ ကို အိပ်နေတုံး
မက် တတ်တဲ့  အိမ်မက်၊ အိမ်မက် နဲ့ ပဲ နှုင်းချင်တော့ တာ၊
မိုးငွေ့ က ရွာပြီး ပျောက်သွား၊ ရပ်သွား တတ်ပေမဲ့ 
မပျောက်တတ်တဲ့  သူ့ ရနံ့ တွေ၊ အငွေ့  တွေ
ကျန်ခဲ့  ချန်ခဲ့  တတ်လို့ ပါ၊

noblemoe said...

ကဗျာလေးလည်းကောင်း၏
မွေးနေ့ ရှင်လည်း ကျမ်းမာပျော်ရွှင်ပြီးသာယာချမ်းမြေ့တဲ့ဘဝကိုပိုင်ဆိုင်ပါစေ
မိုး