Sunday, March 28, 2010

“ရုတ်တရတ်”



သာယာကြေညက်နေတဲ့
နူးညံ့တဲ့ နံနက်
သူလာရာ လမ်းထက်မှာ
ယိမ်းနွဲ့ကာပြိုကျ
ရင်ခုန်သံလှလှတို့
န၀င်ချိုမျှ တသသနှင့်
ကဆုန်ထလိုက်ရပါဘိ ...။

ရှည်လျှတဲ့ ဆံနွယ်
တကယ်ကို လှတော့
ရင်ခွင်ပျို ဒီလူမှာ
သံစဉ်အိုတေးသွားကို
ကြိုးညှိကာဆို
မခို့တရို့ စိတ်မျိုးနဲ့
အတွေးတမူ ပိုလိုက်ရပါဘိ ...။

ကတ္တီပါ ခြေလှမ်း
ဟန်မူပိုအစွမ်းနဲ့
တအားကိုဖန်စား
သူ့အလှအားလည်း
မနောစိတ်မှတ်
အသရေ ဖျက်မိလိုက်ပါဘိ ...။

ချိုမြမြအပြုံး
ကြည်ရွှင်မျက်ဝန်းကြောင့်
တဆင့်ထက်တက်
ပိုတွေးလိုက်တာက
ရင်ခွင်ဦးပိုင်ရှင်
အကျွန်ကျွန်တော်မျိုး
ပိုင်ဆိုင် စိုးမိုးရပါလိုဧ။် ...။

နီးလာတဲ့ အကွာအဝေး
လှမ်းလာတဲ့ ဦးတည်ချက်
ရုတ်တရတ် မင်တက်လိုက်မိတယ်
ကျွန်တော် ... လေ ...
အသက်ရှုသံတွေရပ်
မင်းအလှတစ်မနက်ကို
ဘရိတ်ဖတ်လို စားသုံး
ဘီလူးလို အပြုံးမျိုးနဲ့
အသုံးတော်ခံလိုက်မိပါဘိ ...။

ဒီလိုနဲ့ ၀င်အတိုက်မှာ
ရင်ခုန်သံ ရထား
ကျည်ဆန်တပွင့်အလား
အား .... ခနဲ ...
ပြေးထွက်သွားတယ် ...
..................................

လှလိုက်ပါဘိ
ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့
ဘ၀င်တမြမြနဲ့
နှလုံးသားကို ပြန်ကြည့်လိုက်မိတယ် ...
..............
...............................................
ဟင် .... ကျွန်တော့်နှလုံးသားမှာ ခြေရာကြီး ထင်ကျန်လို့ ...း)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေယူပါဧ။် ...

20 comment[s]:

Dream said...

ဟယ်.......ကောင်မလေး တော်တော်ဆိုးတယ်။
ဦးဦးကောင်းကင်ကို ခြေရာထင်အောင် ဆောင့်ကန်သွားတာ တော်တော်ဆိုးတာပဲ..
ဟိဟိ

ပုံ့မေ said...

မင်းအလှတစ်မနက်ကို
ဘရိတ်ဖတ်လို စားသုံး
ဘီလူးလို အပြုံးမျိုးနဲ့
အသုံးတော်ခံလိုက်မိပါဘိ ...။

ကြောက်ကြောက်စရာပါ့လား ကိုနိုက်...

=)

Anonymous said...

လှလိုက်ပါဘိ
ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့
ဘ၀င်တမြမြနဲ့
နှလုံးသားကို ပြန်ကြည့်လိုက်မိတယ် ...
..............
...............................................
ဟင် .... ကျွန်တော့်နှလုံးသားမှာ ခြေရာကြီး ထင်ကျန်လို့ ...း)
~~~~ @@@@ ~~~~

မက်မက်ပြောသလိုပဲ ဘယ်သူကန်သွားတာလဲဟင် ကိုတူး . . . ဟားဟား . . . .

ကဗျာလေး ကောင်းလွန်း၏

အင်ကြင်းသန့် said...

ဟယ် ဖြစ်မှ ဖြစ်ရလေ ဆရာတူးရယ် ... ဘာဖိနပ်ကို စီးပြီး ကန်သွားတာလဲဟင်...ခြေရာကရော ဘယ်လောက်ကြီးသလဲ ?????

ဏီလင်းညို said...

သြော်.... ဟန်းတန်း တံဆိပ် ကြော်ငြာနဲ့ လာတိုးနေပေတော့သကိုးးးးးးးးးးးးး
(ကဗျာလေး နှစ်ခါက်ဖတ်သွားဒယ်....း))
ခင်မင်တဲ့
ဏီလင်းညို

Crystal said...

ပုံလေးက ကောင်မလေး လျှာထုတ်ပြနေတဲ့ပုံလား။ အစ်မ အထင် ဗိုက်အောင့်နေတဲ့ ပုံအောက်မေ့လို့ ဘာဝေဒနာဖြစ်သလဲလို့ လာကြည့်တာပါ :) အဟီး။

စံလင်းထွန်း said...

လှလိုက်ပါဘိ
ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့
ဘ၀င်တမြမြနဲ့
နှလုံးသားကို ပြန်ကြည့်လိုက်မိတယ် ...
..............
...............................................
ဟင် .... ကျွန်တော့်နှလုံးသားမှာ ခြေရာကြီး ထင်ကျန်လို့ ...း)

အပိတ်က အရှိုက်ကို သွင်းလိုက်တဲ့ ကဗျာအရသာပဲဗျာ ...။

ကောင်းလိုက်ပါဘိ။

မိုးခါး said...

Eeeeeeeee!!!!!!!
အကန်ခံလိုက်ရတာလား .. :P

ဆောင်းနှင်းရွက် said...

ဖတ်သွားလိုက်ပါဘိ ..

ကဗျာ များကတော့
အစဉ်အမြဲ ကောင်းနေပါဘိ ..

ဆက်လက်၍ လည်း
အားပေးနေပါအုံး မည် ဘိဘိဘိ ... :P

Anonymous said...

မရောက်တာလည်း ကြာပေါ့..။ ရောက်တော့လည်း အစ်ကိုရင်ဘတ် က ခြေရာကြီး တွေ့လိုက်တယ်။

ခင်မင်တဲ့

ညီညီ

noblemoe said...

ဟမ်းတမ်းစာမိသွားပြီပေါ့ 
ရေးလည်းရေးတတ်ပါတယ်( ဘီလူးလို အပြုံးမျိုးနဲ့
အသုံးတော်ခံလိုက်မိပါဘိ ...။)
ကျည်ဆန်က အုန်းကနဲ့ ဖွင့် တာဟုတ်ဖူးလား
အားခနဲဆိုတာ မကြားဖူးဖူးးp
ငယ်ငယ်တုန်းကတော့ ဆော့ ရင် ရထားသံကို ဂျူံးဂျူံးကျက်ကျက်လို့ ပဲထွက်တယ် ခုခောတ်မှီလားတော့ 
အသံတွေပြောင်းကုန်တာလားမသိ
မိုး

အိအိချောကလျာ said...

နှလုံးသားမှာထင်ကျန်ရစ်တဲ့ ခြေရာကြီးကို စိတ်ဝင်စားမိ တယ် ....

ဒဏ္ဍာရီ said...

ကိုတူးရေ........ ကျောခိုင်းသွားတာတောင် နှိုင်းမရတဲ့ အလှနဲ့ ချစ်သူကို မြင်နေသေးတဲ့ ချစ်တတ်တဲ့ စိတ်ထားလေးကို လေးစားပါတယ်။
မလွမ်းပဲနဲ့ ဆက်ချစ်နေပေါ့ မောင်လေးရယ်..။

ခင်မင်လေးစားလျှက်

Cameron said...

ကိုတူးတို့ကဗျာကတော့ "Hang Ten" ကြော်ငြာအတွက် အန်ကိုက်ပဲ...။ ဟဲ..ဟဲ နောက်တာပါ.. ဒီလိုပဲ ကဗျာဆရာဆိုတာ မြင်မြင်ရာကို ဖွဲ့နွဲ့သီကုံးတတ်မှကိုး...။

ခင်မင်စွာဖြင့်
မိုးငွေ့

အဖြူရောင်နတ်သမီး said...

“အသစ်”...“အသစ်”...“အသစ်”..ပါဗျို့........
အဲဒီလို အချစ် အသစ်တွေနဲ့ လန်းလိုက်ဆန်းပါ...ကိုတူးရ...။
အားပေးသွား၏..နောက်ပြန်လှည့်မကြည့်ကြေး...

အနှိုင်းမဲ့ said...

ကျောခိုင်းသွားတဲ့ သူ့အလှ
ဘာနဲ့မှ နှိုင်းမရလို့....တဲ့

ကောင်းလိုက်တဲ့ စကားလုံးလေးပဲ
ကောင်းကင်ရေ...

Flower said...

ကျောခိုင်းသွားတဲ့သူ့အလှဆိုတော့
ဘာကို သွားကြည့်နေတာလဲဟင်..
သတိထားနော်
ကောင်မလေးကို နောက်ပြန်လှည့်ကြည့်လိုက်လို့
သူ့ကို ဒီလိုကြီးကြည့်နေတာတွေ့ရင်
စိတ်ဆိုးနေဦးမယ်..
ဒါဆိုရင် နှလုံးသားမှာခြေရာကျန်ရုံတင်မက
ပါးပေါ်မှာ လက်ဖ၀ါးရာပါ ထင်နေရင်ဒုက္ခ..း)း)

ဂျပန်ကောင်လေး said...

ဟိဟိ... ရင်ဝ ဆောင့်ကန်သွားတာလား... ကောင်မလေးက လှတယ်လည်းပြောသေးတယ်..ညစ်ပတ်လိုက်တာ.. ခြေရာကျန်တယ်ယဆိုတော့ ခြေထောက်ညစ်ပတ်လို့ပေါ့... ဟိဟိ....း))

မိုးစက်အိမ် said...

ဒီလိုနဲ့ ၀င်အတိုက်မှာ
ရင်ခုန်သံ ရထား
ကျည်ဆန်တပွင့်အလား
အား .... ခနဲ ...
ပြေးထွက်သွားတယ် ...

တော်ကီကတော့လန်းတယ်ဗျာ . . .
ငါ့အစ်ကိုတော့ ဒီလောက်ကောင်းတာ
မလေးမှာအလန်းတွေလွန်နေတာမြင်ယောင်သေး :D

မြတ်မွန် said...

ကဗျာလေး ဂွတ်တယ်..ဆရာညရေ..
ကောင်မလေးက တော်တော် တော်တဲ့ ကောင်မလေးပဲနော်..။ ဘောလုံးကန်တက်တယ်။
မန်ယူအသင်းကလားသိဝူး။
ကိုညကို ထိအောင် ကန်သွားတယ်။
အပြစ်ဒါဏ်ဘော ပေးသင့်တယ်။