Monday, March 8, 2010

“အရှုံး”



ကြေမွခဲ့ပါပြီ
နာကျင်လွန်းလှတဲ့ နှလုံးသား
အရှုံးသမားရဲ့ နေ့ရက်တွေထဲမှာ
တခြမ်းပဲ့ အက်မွလို့ ...

အရှုံးအတွက် ငိုကြွေးသံက
တယောသံထက် ဆွေးပူအက်ရှ
သံစဉ်တောင်မလှပတော့
ဒီဘ၀အတွက် ရလဒ်အဆုံးမှာ
နောင်တမြူခိုးတွေ ဖုံးလို့
စိတ္တညတွေနဲ့ အတူ
အရှုံးတသိုက်နဲ့
လွတ်မြောက်ရာလမ်းတွေဆီသို့ ...

အိပ်မက်ခြင်းတူတာတောင်
မက်ခဲ့တဲ့ အိပ်မက်က
အရှုံး ပါဝါ အရှုံးမို့
အရှုံးသမားအတွက် အရှုံးများရက်တွေကို
နာကျင်စွာခံယူ
ဒဏ်ရာအပူတွေနဲ့
ဝေစေဝေ ... ကြွေစေကြွေ ... သေစေသေ ...

ဇာတ်လမ်းအစက အရှုံး
ဇာတ်လမ်းအဆုံးလည်း အရှုံး
နှလုံးသားတွေလည်း အခါခါ ဆုံးလို့
နောက်ဆုံးအရှုံးကိုမှ ရှုံးခဲ့ရပြီမို့
အရှုံးကိုထွေးပိုက် ရှုံးမယ့်ရက်တွေမှာ
စိတ်ကိုက အရာရာမှာ ရှုံးနေခဲ့ရပြီလေ ...။
   ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

16 comment[s]:

ဒဏ္ဍာရီ said...

ကဗျာတွေနဲ့ ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားတော့ မောင်လေးရေ... အခါခါရှုံးလည်း နေနိုင်အောင်သာ နေတော့နော်။ ခဏခဏ အားပေးနေရလို့ စကားလုံးတွေ ရှာမရတော့ဘူး။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

အရှုံးထဲက ...
“ခံစားဖူးခဲ့တာ...
ချစ်ခဲ့ရတာ....
အမြတ် တွေလို့ယူဆလိုက်ရင်.....”
မင်း....
အခုချိန်ထိ မရှုံးသေးပါဘူး....
----------------------------------------
ခင်မင်စွာဖြင့် အားပေးသွားပါတယ်...

မောင်သီဟ said...

အေးဗျာ မပြောတတ်တော့ဖူး
း) ကဗျာတွေက အသဲကွဲတာတွေချည်းဖြစ်နေတော့
ကိုယ်ချင်းစာပါတယ်ဗျာ

Welcome said...

ကဗျာလေး လာအားပေးပါတယ်

အင်ကြင်းသန့် said...

အင်း...မမဒဏ္ဍာရီပြောသလိုပါပဲ..ခံနိုင်ရည်ရှိအောင်ပဲ
ကြိုးစားတော့ပေါ့နော်...ဘာပြောပေးရမှန်းလည်း မသိတော့လို့...

~ဏီလင်းညို~ said...

ကိုတူး.......
ညီမ....ဒဏ္ဍာရီပြောသလိုပဲကွာ............း((((
ခင်မင်ဆဲ...
ဏီလင်းညို

လိုင် said...

ဇာတ်လမ်းအစက အရှုံး
ဇာတ်လမ်းအဆုံးလည်း အရှုံး
နှလုံးသားတွေလည်း အခါခါ ဆုံးလို့
နောက်ဆုံးအရှုံးကိုမှ ရှုံးခဲ့ရပြီမို့
အရှုံးကိုထွေးပိုက် ရှုံးမယ့်ရက်တွေမှာ
စိတ်ကိုက အရာရာမှာ ရှုံးနေခဲ့ရပြီလေ ...။

နိုင်တာလေးလည်းပြောပါအုံး
အားမလျှော့ပါနဲ့

Anonymous said...

ထီလက်မှတ်တွေရမယ်..
တစ်အစ တစ်အဆုံး တော့ မဟုတ်ရပေါင်..
အရူံးအစ အရူံးအဆုံးပါရှင်..
ကိုည စီးပွါးရေး လုပ်ရင်တော့ မလွယ်ဘူးဟေ့..။
ခင်မင်လေးစားစွာဖြင့်
မြတ်မွန်

အိအိချောကလျာ said...

ဘ၀မှာ အရှုံးတွေအများကြီးကြုံခဲ့ဖူးပေမယ့် ကိုညရဲ့ကောင်းကင်ရဲ့အရှုံးကဗျာနဲ့စာလိုက်ရင် နဲနဲသက် သာရာရခဲ့ပါတယ်။ ရှေ့ဆက်ပြီး အရှုံးများမှ လွတ်မြောက်ပါစေနော် ...

Cameron said...

ကိုတူးရေ...ကိုယ့်ကိုယ်ကို အရှုံးလို့သတ်မှတ်နေရင်တော့ အမြဲရှုံးနေတော့မှာပဲ..။
ဒီတော့....။

ခင်မင်စွာဖြင့်
မိုးငွေ့

ahphyulay said...

ဟေ့  ဟေ့ ...
အိမ်မက်ခြင်း တူ နေရင်တောင် ရှုံး နေအုံးမှာ ဆိုပါလား
တစ်ပုဒ်လုံး အရှုံး တွေကြီးထပ်နေတော့ တာ။
အကောင်းဆုံး အရှုံး သမား ပေါ့ လေ..။
အဲ့ လောက်တော့  နာ အောင် မရေး စကောင်းပါ...။

ဇောင်း said...

အရှုံးခြင်း တူနေတယ်ဗျာ.... :(

ZaunG

ချော (အစိမ်းရောင်လွင်ပြင်) said...

အရှုံးဆိုတာ လူတစ်ယောက်အတွက် တစ်သက်လုံးစာမဟုတ်သလို
တစ်ခါရှုံးယုံနဲ့ ထပ်ထပ်ခါခါရှုံးတာမှမဟုတ်တာ
အရှုံးထဲက လုံးဝပြန်မထမှသာလျှင် ရှုံးပြီလို့ခေါ်ပါတယ်
ပြန်ထနေသရွေ့တော့ မရှုံးသေးပါဘူးတဲ့...
အရှုံးများမှ ရုန်းထွက်နိုင်ပါစေ..................

may16 said...

အရှုံးတွေ အားလုံး တစ်နေ့မှာ အနိုင်တွေ ဖြစ်လာပါစေ ညရဲ့ကောင်းကင်ရေ

မြစ်ကျိုးအင်း said...

ဘဝက ရှုံးလိုက် နိင်လိုက်ပါပဲ

မေကျော် said...

အာ ..... အချစ်မှာ ဆုံးခြင်း ၊ ရှုံးခြင်း မရှိပါဘူးဗျာ