Sunday, January 24, 2010

“မော်ကွန်းဝင်မယ့်သူ”




နှလုံးသားနှစ်ခုကြား
မဆုံနိုင်တဲ့ အမှတ်နှစ်ခုက
မျဉ်းပြိုင်သီအိုရီတွေနဲ့
ဘ၀တွေကို ခြားစေခဲ့ပြီလား ...။

ပြန်မလာနိုင်တဲ့ လမ်းတွေမှာ
ဖန်တရာမက အိပ်မက်တွေနဲ့
ကြံရာမရ စောင့်မျှော်နေလည်း
အိုမင်းရင့်ရော်ခြင်းတွေသာ
တစစတိုးလို့ ရိုးသွားခဲ့မယ်
ဆိုးရွားတဲ့ ကံကြမ္မာက
  ဟားတိုက်နေမလားပဲ ...။

တကယ်ဆို
ချစ်ခဲ့တာမှားတာလား
မှားပြီးချစ်ခဲ့တာလား
ဝေခွဲမရမှုက ကြေကွဲမှုတစတစကို
အစအန လာလာကောက်တယ် ...။

ဖျောက်ဖျက်မရမှတော့
နှလုံးသားစာမျက်နှာမှာ
အမှတ်စဉ်ရက်တွေနဲ့
သက်သေထွက်ပြီး သိမ်းထားရုံပဲပေါ့ ...။

အထီးကျန်ခြင်း အပျိုက
တံဆိပ်ခေါင်းမပါ စာအိတ်ဗလာနဲ့
နှလုံးသားမှာ နားလာတော့လည်း
သူ့ကိုပဲချစ် သူု့ကိုပဲ မြတ်နိုးရုံပေါ့ ...။

ရောင်နီလာရင် အလင်းရောက်မယ်တဲ့
ကျွန်တော်ကတော့
မှောင်ရီလာလေ လမ်းပျောက်နေခဲ့ရတယ် ...။

ယစ်မူးရီဝေစေတဲ့ ယမကာတွေတောင်
စိတ်ကူးအထွေထွေကို ရင်မခုန်ခဲ့လို့
နေလွန်ချိန်တွေမှာ ရေချိန်လွန်ခဲ့ပြီးပြီ ...။

ဒီတော့ ...
ဆက်လျှောက်ရမယ်ဆိုလည်း
မင်းမရောက်တဲ့ လမ်းမှာတော့ ဆက်ဆက်စောင့်နေဦးမှာပါ ...။

ညှင်းသွဲ့သွဲ့ လေအဝှေ့မှာ
ကြွေလွင့်ခဲ့တဲ့ မျက်ရည်တွေအတွက်
စောင့်ခဲ့တဲ့ ရက်တွေက 
ကမ္ဗည်းမော်ကွန်းမှာတော့  ကျောက်စာ အဖြစ်နဲ့ပေါ့ ...။
~~~ @@@ ~~~

(စာမေးပွဲရှိပါသည်.. စာကျက်မရလို့ ကဗျာ ထိုင်ရေးလိုက်တာ အဆွေးကဗျာပဲ ဖြစ်သွားတယ်.. အဟီး ...
ခွင့်လွှတ်ကြပါ ခင်ဗျာ...)
ပုံကို ဒီကနေ ယူပါသည် ခင်ဗျာ...

15 comment[s]:

ဒဏ္ဍာရီ said...

ကဗျာလေးကို ဖတ်ရတော့လည်း စိတ်မကောင်းဘူး...။ နှလုံးသားခံစားချက်ကို အန်တုပြီး ဘ၀အတွက် ခွန်အားတွေ မွေးလိုက်တော့ မောင်လေးရေ..။ အားပေးစရာ စကားကလည်း ရှာလို့ကိုမရတော့ဘူး။ ကဗျာဆရာတွေ အသည်းကွဲမှတော့ အားပေးစကားက သူတို့ရေးတဲ့ ကဗျာကာရံတွေကို ဘယ်မှီတော့မလဲနော်။ ကိုတူးရေ..... စာကျက်တော့...။

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ကိုတူး....ဟေးးးးးးးရောင်..........
အောင်မာသူဂများ...၂၅ရက်နေ့စာမေးပွဲရှိတယ်ဆိုပြီး...လာဟော့ရှော့လုပ်နေသေးတယ်....။
ကဗျာတွေဘာတွေလာရေးနေလို့.....။
ညီမဒဏ္ဍာရီပြောသလို စာကျက်စမ်း....း)
နာချင်လို့ စာတင်နေတာလားဝေ......း)
(ကဗျာလေးကောင်းတယ်....
“ယစ်မူးရီဝေစေတဲ့ ယမကာတွေတောင်
စိတ်ကူးအထွေထွေကို ရင်မခုန်ခဲ့လို့
နေလွန်ချိန်တွေမှာ ရေချိန်လွန်ခဲ့ပြီးပြီ ”...ဆိုတဲ့ အပိုဒ်လေးကြိုက်တယ်....း))
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

ကဗျာ ခံစားရေးဖွဲ့မှု့တွေကတော့
လန်းတယ် .... :)

Anonymous said...

:P... အဖော်ရပြီ.. လွမ်းနေလို့... အဖော်မရပြန်ဘူး.. ကျွန်တော်က ကဗျာမရေးတတ်လို့....

ခင်တဲ့
ဂျပန်ကောင်လေး

Anonymous said...

မိုက်သားပဲ

နေတိုက်ရှိန်း said...

သေချာဖတ်ပြီး ခံစားသွားပါတယ် ...

Anonymous said...

ညှင်းသွဲ့သွဲ့ လေအဝှေ့မှာ
ကြွေလွင့်ခဲ့တဲ့ မျက်ရည်တွေအတွက်
စောင့်ခဲ့တဲ့ ရက်တွေက
ကမ္ဗည်းမော်ကွန်းမှာတော့ ကျောက်စာ အဖြစ်နဲ့ပေါ့ ...။
~~~ @@@ ~~~

သေချာတဲ့ စကားလုံး ဟုတ်တယ်နောက်ဆုံးတော့ ကျောက်စာအဖြစ်နဲ့ပဲ ကျန်ရစ်ခဲ့တာပဲ . . . .

မိုးစက်အိမ် said...

ကဗျာလေးက တကယ်လှပကောင်းတယ်ဗျာ
အဲ ယစ်မူးရီဝေစေတဲ့ ယမကာတွေတောင်
စိတ်ကူးအထွေထွေကို ရင်မခုန်ခဲ့လို့
နေလွန်ချိန်တွေမှာ ရေချိန်လွန်ခဲ့ပြီးပြီ
ခံစားနေရမှန်းသိပေမဲ့ လျော့တော့သောက်ပါအစ်ကိုရာ
သောက်တတ်မသောက်တတ်တော့သိဘူး ကိုယ့်အစ်ကို
ဆိုတော့ ခင်လို့ ဆရာလုပ်သွားတာ ဟီး
စာမေးပွဲမှာ အထူးအောင်မြင်ပါစေဗျာ :)

မြတ်မွန် said...

နှလုံးသားထဲက ခံစားချက်နဲ့ရေးတော့..
ကဗျာတွေက လှပြီးရင်းကိုလှနေတော့ပါလား..
အနှောင့်ယှက်ဖြစ်မှာဆိုးလို့ အွန်လိုင်းတောင် မတက်ဘူး..။
စာမကျက်ပဲ ကဗျာရေးနေတယ်ပေါ့လေ..
ကိုဏီးကိုရိုက်ခိုင်းမယ်....။
မေ့လို့ ....ဒီကဗျာလေး ကြိုက်တယ်ဗျို့......

Cameron said...

“တကယ်ဆို
ချစ်ခဲ့တာမှားတာလား
မှားပြီးချစ်ခဲ့တာလား
ဝေခွဲမရမှုက ကြေကွဲမှုတစတစကို
အစအန လာလာကောက်တယ် ...”

မှားပြီးချစ်ခဲ့တာပါ...ချစ်ခဲ့တာမမှားပါ...။ မောင်လေးကိုတူး...စာရအောင်ကျက်နော်...
ဆွေးကဗျာတွေပဲထိုင်ရေးမနေနဲ့ဦး..။

ခင်မင်စွာဖြင့်
မိုးငွေ့

may16 said...

ကဗျာလေး၂ ပုဒ်လုံးကောင်းတယ် . .

အဖြူရောင်နတ်သမီး said...

“ည”ရေ...
စာမေးပွဲနေ့မှပဲ မင်းဆီကိုရောက်တော့တယ်...
ဖြေနိုင်တယ်..ဟုတ်...
ကြိုးစားလိုက်စမ်း..မောင်လေးရေ...

အင်ကြင်းသန့် said...

ကိုညရဲ့ကောင်းကင်ရေ...ဟုတ်တယ်နော်
တစ်ခါတစ်ခါကျတော့လည်း ကျနော်တို့တွေဟာ ချစ်ခဲ့တာ မှားတာလား မှားပြီးချစ်ခဲ့တာလားဆိုတာတောင် မဝေခွဲနိုင်တော့ပါဘူး...
မရောက်လာတော့မှန်း သိပေမယ့်လည်း စောင့်စောင့်နေမိတတ်ကြပြန်ရောနော်...

:)) ကျနော်လည်း ကဗျာဆို ချရေးလိုက်တိုင်း အလွမ်းအဆွေးတွေပဲ ထွက်ထွက်ကျလာတတ်တယ်...

ဇော် said...

ရောင်နီလာရင် အလင်းရောက်မယ်တဲ့
ကျွန်တော်ကတော့
မှောင်ရီလာလေ လမ်းပျောက်နေခဲ့ရတယ် ...။


ဒီတော့ ...
ဆက်လျှောက်ရမယ်ဆိုလည်း
မင်းမရောက်တဲ့ လမ်းမှာတော့ ဆက်ဆက်စောင့်နေဦးမှာပါ ...။



ဒီလို အဖွဲ့လေးမျိုးတွေ သိပ်လှတယ်နော် အကို .. ထိလဲ ထိမိတယ် .. မိုက်တယ်ဗျာ .. =)

မေကျော် said...

နှင်းဝေလဲ့သီ ဆောင်းညယံဆီက ကိုဖတ်ပြီးမှ ဒါကိုဖတ်လိုက်တော့ သိပ်မတိုးဘူးဖြစ်သွားတယ်....