Friday, January 22, 2010

ကျောက်ဖြစ်ရုပ်ကြွင်း

ချိုမြမြ အလွမ်းသံစဉ်
တီးခတ်တတ် သူပေမယ့်
ရှတတ ရင်ခွင်တဖက်မှာတော့
ဒဏ်ရာချက်တွေက အထပ်ထပ်
မပြတ်လပ်အောင် ရက်ဆက်နေပါလား ...။

ဒီလိုနဲ့ပဲ
လေနေတဲ့ စိတ်တွေနဲ့
အခြေအနေ မဲ့မှုတွေကြောင့်
ပြက္ခဒိန်တွေကို ရိုက်ချိုး
အတိတ်ကို တစ်ရက်တိုးတောင်
တသက်မရိုးနိုင်တဲ့
အလွမ်း ကားချပ်က
မှုန်ဝါးဝါးနဲ့ တိုးပွားလာတယ်လေ ...။

တကယ်ဆို ကျွန်တော်ဟာ
ဘာမှ မရခဲ့တဲ့သူ

ပစ်ခါခါပြောရင်ဖြင့်
နေမြင့်လေ အရူးရင့်မယ်သူ
ရေအတင့်မှာ အခြေ၀င့်ချင်ခဲ့သူ

လိုတာကိုမရ
မလိုတာကို တမိတော့
ဘ၀မှာ ရှတတနဲ့
အစအနကောက်မရတဲ့
ကျောက်ခေတ်ကလူမို့
ကျန်ရှိတဲ့ ချစ်ခြင်းက
ကျောက်ဖြစ်ရုပ်ကြွင်းဆိုလည်း
ပျောက်ပျက်မယွင်းအောင် 
နှလုံးသားပြတိုက်အတွင်းမှာ
တည်ကြွင်းစေတော့မယ် ...။
~~~ @@@ ~~~

12 comment[s]:

မိုးစက်အိမ် said...

ချစ်ခြင်းက
ကျောက်ဖြစ်ရုပ်ကြွင်းဆိုလည်း
ပျောက်ပျက်မယွင်းအောင်
နှလုံးသားပြတိုက်အတွင်းမှာ
တည်ကြွင်းစေတော့မယ်

ကမ္ဘာတည်မဲ့ ချစ်ချင်းမျိုးပေါ့ အစ်ကို ကောင်မလေး
တစ်ယောက်ထပ်တူခံစားနားလည်နိုင်ပါစေလို့ ဆုတောင်းပေးပါ
တယ်အစ်ကိုရေ

အဖြူရောင်နတ်သမီး said...

“လေနေတဲ့ စိတ်တွေနဲ့
အခြေအနေ မဲ့မှုတွေကြောင့်
ပြက္ခဒိန်တွေကို ရိုက်ချိုး
အတိတ်ကို တစ်ရက်တိုးတောင်
တသက်မရိုးနိုင်တဲ့
အလွမ်း ကားချပ်က
မှုန်ဝါးဝါးနဲ့ တိုးပွားလာတယ်လေ ...။”
တဲ့...
------------------------------------------------
ကဲ...ကောင်မလေးရေ...
တချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်နော်...

Anonymous said...

:P... စိတ်တိုတဲ့ တစ်ပုဒ်လေးခြားပြီးတော့ ပုံမှန်ပြန်ဖြစ်သွားတယ်.. အစ်ကိုရေ.. အလွမ်းလေး.. အလွမ်းလေး....း))...

ခင်တဲ့
ဂျပန်ကောင်လေး

Anonymous said...

တကယ်ဆို ကျွန်တော်ဟာ
ဘာမှ မရခဲ့တဲ့သူ


ဒီတစ်ခွန်းနဲ့တင် အကို ကို သနားသွားပြီး ဆက်ဖတ်ရင် ငိုမိတော့မယ် ဟားဟား ကိုတူးရေ ကျွန်တော် ဦးလေး ပြောသလိုလေ ဘာတဲ့ ငကန်းသွားရင် ငကျိုးလာမယ်
ထားလိုက် ချန်ခဲ့လိုက် သမိုင်းကို သမိုင်းမှာထားပြီး စာမျက်နှာသစ်လှန်လိုက် အကို အာဂျာ အာဂျား ဖိုက်တင်းးးး

Cameron said...

ကဲ...ဘယ်လိုကလေးမလေးလဲ...ဒီမှာ ငါ့မောင်လေး အချစ်တွေ ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် ပြတိုက်ကိုမပို့မီ အမြန်ပြန်ဆက်သွယ်ပါ...း)

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

နှလုံးသားလေး ကျောက်ဖြစ် ရုပ်ကြွင်းမဖြစ်ခင် လှပတဲ့ ခံစားချက်နဲ့ ကဗျာလေးကို ရေးသွားသေးတယ်နော်။
အရာအားလုံး အသစ်ကနေ ပြန်စပါ မောင်လေးရေ..။ ဘ၀မှာ တခါရှုံးတယ်ဆိုပေမယ့် တသက်လုံး မဆုံးပါဘူး။

ပျော်ရွှင်ပါစေ..။

ခင်မင်လေးစားလျှက်

Anonymous said...

ကိုညကောင်းကင်က ကျောက်ဖြစ်ရုပ်ကျွင်း ဖြစ်တာတောင် မမေ့သေးဘူးကို.......။
ပင်ပန်းပါတယ် ကိုညကောင်းကင်ရယ်...။
ပျော်ရွှင်ပါစေနော်။

ခင်မင်လေးစားတဲ့။
မြတ်မွန်

ကာရံမဲ့ said...

အစ်ကို နှလုံးသား ကျောက်ဖြစ်ရုပ်ကြွင်းက တန်ဖိုး အကြီးဆုံး ရုပ်ကြွင်း တစ်ခုအဖြစ် ပြတိုက်မှာ တည်နေ နိုင်မှာပါ.။

~ဏီလင်းညို~ said...

ကိုတူးရေ...
နတ်သာမီးကတော့ စီဗုံးမှာ အော်သွားတယ်...ဆက်ချတဲ့...
ဗညားကလည်းပြောသွားတယ်... ငကန်းသေရင် ငကျိုးလာမယ်တဲ့......း)
မြတ်မွန်ကလည်း...ပင်ပန်းပါတယ်တဲ့....
မမိုးကလည်း...(ဆက်သွယ်ရေးက မို့လားမသိ) အမြန်ဆက်သွယ်ပါတဲ့....း)
ညီမဒဏ္ဍာရီကလည်း... အသစ်ကပြန်စတဲ့....
ညီလေးဂျပန်ကလည်း... အလွမ်းလေးတဲ့....
ကိုမိုးစက်ကလည်း... နားလည်ပါစေတဲ့....
နောက်ဆုံး...ညီလေးကာရံမဲ့က တန်ဖိုးအကြီးဆုံးနေမှာပါတဲ့.... မင်းနှလုံးသားကျောက်ဖြစ်ရုပ်ကြွင်းက..........။
အဲ့ဒီတော့ ဈေးလေး..စုံစမ်းချင်လို့....
တစ်ခု ဘယ်လောက်လဲ ဟင်င်င်င်င်............း)
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

ဘာ မှ လာပြောပြ မနေနဲ့ ...
ရော့ .. ရော့ ...
အပ် နဲ့ အပ်ချည် ... !
အဟိ ..

ဆောင်းနှင်းရွက်

Anonymous said...

ခံစားချက်တွေ တူညီလွန်းလိုက်တာ.. ဒါပေမဲ့ ကျွန်မက အဲလောက်ထိ ကဗျာတွေမစပ်နိုင်ဘူးလေ။ ဒီကဗျာကို ရေးစပ်ပေးတာ ကျေးဇူးတင်ပါတယ်

ဇော် said...

တကယ်ဆို ကျွန်တော်ဟာ
ဘာမှ မရခဲ့တဲ့သူ


ဒီအပိုဒ်အရောက်မှ အတွေးတွေ ဆင့်ပွားဖို့ ဖြစ်လာခဲ့တယ် ...
ဒီကဗျာလေးလဲ အတော်လှတယ်ပြောရမယ် ..
( လူပဲ လှဖို့ကျန်တော့တယ်ထင်တယ် .. အဟီး .. ) =]