Monday, December 21, 2009

ကောင်းကင်ရဲ့ အလွမ်း




လသာသော ညတစ်ညကပေါ့
ကောင်းကင် အလင်းအောက်မှာ
မြောက်ပြန်လေညှင်းကို ဆော့မြူ
အလွမ်းတွေ အရယူဖို့
ကြယ်လေးတွေကို တိုးတိုးလေး ရင်ဖွင့်မိတယ် ...။

လမင်းလေးရယ် ...
ကောင်းကင်ရင်ခွင်ဟာ
နူးညံ့လုံခြုံမှု အစွမ်းမှာ
ပထမတန်းပါပဲ ...
ငါ့ ရင်ခွင် ဖ၀ါးအောက်မှာ
လမ်းမပျောက်စေဖို့ဆို
ငါ့ရင်ကို အခါခါနင်း
ဗလာကျင်းလည်း
အလင်းနှစ် သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်း ပေါင်းများစွာ ရှိနေဦးမှာပါ ...။

လမင်းလေးရယ် ...
ကောင်းကင်ရဲ့ သစ္စာနဲ့ ကတိဟာ
ဘယ်အရာနဲ့ထိထိ မငြိစေရပါဘူး ...
အလွမ်းအရှိအတိုင်း ပြောရတိုင်းဆို
နင်ရှိတဲ့ ညတွေ အခါခါသာစေဖို့
ကြယ်တွေကို ဆုတောင်းရတာလည်း
နေ့ ရက် ည သန်းပေါင်းများစွာမှာ
အချစ်နဲ့ အလွမ်းပေါင်းများစွာ ရှိနေချင်လို့ပါ ...။

အကြင်နာ တကယ်စစ်ရင်
ရင်မှာဒဏ်ရာ ဖြစ်တယ်ဆိုတာ တကယ်လားဟင် ...
အမှန်အမှား မခွဲခြားနိုင်ရင်တောင်
ရင်မှာ ခံစားရတာတွေ နင်သိပါစေတော့လေ ...။

ဘာပဲဖြစ်ဖြစ် ... လမင်းလေးရယ်
နင့် အလင်းဖြန့်ကျက်ဖို့ဆို
ငါ့ နှလုံးသားကွင်းပြင်မှာ
အလွမ်းငွေ့ငွေ့ လေးတွေနဲ့လည်း
ထာဝရ လန်းဆန်းနေမှာမို့
ကောင်းကင်တမိုးအောက်မှာ
လမ်း မ ပျောက် ပါ စေ နဲ့ သား ...။

13 comment[s]:

Welcome said...

သီချင်းအေးအေးနားထောင်ရင်း
ကဗျာလေး နှစ်သက်စွာနဲ့ ဖတ်သွားပါတယ် ..

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

ဒဏ္ဍာရီ said...

မောင်လေးရေ ... ကဗျာလေးကို ခံစားရင်း စိတ်မကောင်း ဖြစ်ရတယ်။ ပျော်ရွှင်ခြင်းတွေ အမြန်ဆုံး ရရှိပါစေနော်။

ခင်မင်လေးစားလျှက်

ကောင်းကင်ပြာ said...

ခံစားချက်တွေကလဲ ပြင်းချက်..

Beauty Studio USA Branded Store said...

ကဗျာလေးရဲ့ နူးညံ့သိမ်မွေ့မှုနဲ့အတူ ပျောက်သောလမ်းက စမ်းတဝါးဝါးမှာ ထွက်မြောက်ပါစေဗျာ။

ဆောင်းနှင်းရွက် said...

လွမ်းမိုး တွေ တော်တော် စွေ နေတယ် ပေါ့ ...

ပျော်ရွှင်ခြင်းတွေ အမြန်ဆုံး
ရနိုင်ပါစေလို့
ဆုတောင်းပေးသွားပါတယ် ..

မောင်သီဟ said...

ကြိုက်တယ်
ကဗျာတွေ အမြဲရွတ်နေနိုင်တဲ့ ကဗျာစိတ်လေးကို အားကျတယ်ဗျာ
ကျွန်တော်တော့ ကဗျာတပုဒ်ဖြစ်လာဖို့လွယ်ဖူး

မိုးစက်အိမ် said...

ကောင်းကင်တစ်မိုးအောက်မှာ လမ်းမပျောက်ပါစေ
နဲ့ လို့ ဆုတောင်းပါတယ် အစ်ကိုရေ အကြင်နာအမှန်
စစ်ရင် ရင်မှာဒဏ်ဖြစ်ရတာကတော့ အမှန်တကယ်ပါဘဲဗျာ

မြတ်မွန် said...

အကြင်နာ တကယ်စစ်ရင်
ရင်မှာဒဏ်ရာ ဖြစ်တယ်ဆိုတာ တကယ်ပါကွယ်
အမှန်အမှား မခွဲခြားနိုင်ရင်တောင်
ရင်မှာ ခံစားရတာတွေ နင်သိပါစေတော့လေ ...။
ကိုညကောင်းကင်ရေ..ဒီအပိုဒ်လေးမိုက်တယ် ကြိုက်၏။
ကဗျာတွေ အမြဲတမ်းအားပေးလျှက်ပါ။

Anonymous said...

ကောင်းကင်တစ်မိုးအောက်မှာ
လမ်းမပျောက်ပါစေနဲ့
လို့ဆုတောင်းပေးသွားတယ်

Cameron said...

မောင်လေးညရေ...ဖတ်ရင်းနဲ့ ညရဲ့ကောင်းကင်ထဲ လမ်းပျောက်သွားတယ်ဗျ...အိမ်မပြန်တတ်တော့ဘူး..
ခင်လို့နောက်တာနော်...

ခင်မင်လျက်
မိုးငွေ့

Unknown said...

ဖတ်နေရင်းနဲ့ ကဗျာလေးရဲ့နူးညံ့မှုကို ခံစားရတယ်ဗျ..

အဖြူရောင်နတ်သမီး said...

“ညရဲ့ကောင်းကင်”...အတွက်...
ကောင်းကင် တမိုးအောက်မှာ
လမ်းပျောက်ခဲ့ရင်တောင်...
မင်းကို လမ်းပြပေးမယ့်
ကြယ်လေးတွေရှိနေတယ်.....

komet said...

ကဗျာ အကြွေးတွေအများကြီးဖတ်သွားတယ်
အားလုံးနှစ်သက်စွာခံစားမိပါတယ်