Tuesday, December 22, 2009

ခံစားမှု (၁)

ဘယ်တော့မှ မေ့မရခြင်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကြိုးစားပြီး မေ့ပျောက်ပေမယ့် မမေ့နိုင်တာ ဘယ်လိုလုပ်ရမှာလဲ ။ ဘ၀မှာ အချစ်ဟာဒီလောက်တောင်ပဲ ကံဆိုးခဲ့ရလားကွာ။ အိပ်မရတဲ့ညတွေ များလှပါပြီ။ ဘယ်လိုလုပ်မှ မေ့ပျောက်နိုင်မှာလဲ။ အချိန်တွေကြာလေ ခံစားရခြင်းတွေ ပိုများလာတယ်။ ဟုတ်မှာပါလေ... ငါဘယ်လိုမှ မတတ်နိုင်တော့လို့သာ မေ့ဖို့ကြိုးစားနေရတာပဲ။ ငါမျှော်လင့်ခဲ့ရတဲ့ အချစ်ကို နဲနဲလေးတောင် ပြန်မရခဲ့ပါလား။

တကယ်တော့ငါဟာအရူးပါ။ အချိန်တိုင်းမှာ သတိရနေခဲ့မိတယ်။ တမ်းတနေခဲ့မိတယ်။ ငါခံစားနေရတယ် ဆိုတာ ဘယ်သူကကော နားလည်နိုင်မှာလဲ။ ဒါပေမယ့် ရင်ထဲမှာ အရမ်းကို ဆို့နင့်ကြေကွဲနေမိပါတယ်။ သန်းခေါင်ကျော်တိုင် ငုတ်တုတ်ထိုင်ပြီး နင့်အကြောင်းကို တွေးနေမိတယ်လေ။ တကယ်ဆို ငါဟာ ဘာမှမရခဲ့ပါလား။ ငါဟာ အချစ်ကြီးလို့လား။ ဖြစ်နိုင်ပါတယ်... တချို့အရာတွေဟာ ရင်ထဲမှာ သိုဝှက်ထားရတာ မောလွန်းလှပါတယ်။ ပင်ပန်းလွန်းလှပါတယ်။ ဖွင့်ဟလိုက်ရရင် ပြေလျှော့သွားနိုင်ပေမယ့် ငါဘယ်သူ့ကို ဖွင့်ပြောရမလဲ။ ငါ့ကို အရူးလို့ပဲ ထင်နေကြမှာပေါ့။ ဟုတ်ပါတယ် ငါဟာ အချစ်နဲ့ပတ်သတ်လာရင် ရူးခဲ့ရပြီးပြီ.... ရူးနေရပြီးပြီ... ရူးနေရအုန်းမှာပါ။ ငါဟာအချစ်ကို တန်ဖိုးကြီးစွာနဲ့ ကိုးကွယ်ခဲ့မိတာကို။ ငါ့ရင်ထဲမှာ ဘာတွေတွေးခဲ့တယ် ဘာတွေရည်ရွယ်ခဲ့တယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ နင်တောင်မသိခဲ့ဖူးလေ။ ငါရဲ့ စစ်မှန်တဲ့အချစ်ကို အစော်ကားခံခဲ့ရတယ်။ ဒါပေမယ့် ငါနင့်ကို ဘယ်သောအခါမှ အပြစ်မတင်ခဲ့ပါဘူး။ အပြစ်လည်းမတင်ချင်ခဲ့ဘုးဆိုတာ ယုံကြည်ပေးပါ။

ဒီဘ၀မှာ မပြည့်စုံခဲ့ရတဲ့ ဆုတောင်းတွေအတွက် နောင်ဘ၀သာရှိခဲ့ရင် ပြည့်စုံပါရစေလို့ ရူးပါရစေ။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးခဲ့ရတယ်။ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ အပြစ်တွေကို ခံယူခဲ့ရတယ်။ ယနေ့တိုင် ချစ်နေဆဲပါဆို ယုံကြည်ပေးပါ။ သတိရတိုင်းလည်း လွမ်းချင်ပါတယ်။ မျက်ရည် မကျမိအောင်လည်း ထိန်းချင်ပါတယ်။ ၀မ်းနည်းပူဆွေးမှုတွေလည်း ပျောက်ဆုံးချင်ပါတယ်။ ဒါပေမယ့်  ထာဝရသာတော့ ချစ်နေမိမှာပါ။

လူတယောက်မှာ အမှားမရှိပဲ လူတယောက်က ဘာကြောင့် စွန့်ခွာသွားနိုင်မလဲ။ စွန့်ခွာသွားတဲ့သူမှာ ဘာမှမကျန်ပေမယ့် ကျန်နေခဲ့တဲ့သူမှာ ဘာကြောင့်သတိရခြင်းတွေ ထင်ကျန်နေရတာလဲ။ လောကကြီးက မတရားလိုက်တာနော်။ ဖြစ်ချင်တာကို မဖြစ်ရ။ မျှော်လင့်ချင်တာကို မျှော်လင့်နိုင်အောင် အသက်မသွင်းပေးပါလား။ ဘာမှမရခဲ့တဲ့ငါ နောင်လည်း ဘာမှထပ်ရမှာ မဟုတ်တော့ပါဘူးလေ။

နောက်ဆုံးတော့လည်း နင့်အတွက် နာကျင်ခြင်းကဗျာတွေကို ရင်ထဲက မျက်ရည်တွေနဲ့ နာကျင်နေတဲ့ နှလုံးသားကို စတေးပြီး တသက်လုံးငါ့ရဲ့ နင်မဖတ်တဲ့ ဒိုင်ယာရီမှာ ငါ့မျက်ရည်တွေ မခန်းခြောက်သရွေ့ ဖျော်ဖြေ တင်ဆက်နေပါမယ်။ မရခဲ့တဲ့ နှလုံးသားတစ်စုံကို ထာဝရ သိမ်းပိုက်ထားရင်းနဲ့ပေါ့။

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ချေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာ တခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။
~~~ @@@ ~~~

(ဒီပို့စ်လေးဟာ ဇာတ်လမ်း မဟုတ်ပါဘူး။ ခံစားမှု စိတ်ထွက်ပေါက် ရှာလိုက်ခြင်း သက်သက်ပါ။ အဲ့ဒီအတွက် သီးခံပြီးဖတ်ပေးကြပါလို့ တောင်းပန်ပါရစေခင်ဗျာ။ ကဗျာလေးကတော့ ဟိုးအရင်ကတင်ခဲ့တာပါ။ ဖတ်သူမရှိခဲ့ပေမယ့် အခုခံစားမှုနဲ့ တိုက်ဆိုင်နေလို့ ပြန်ထည့်လိုက်ရခြင်းပါ။ အမြဲတမ်း ၀မ်းနည်း ကြေကွဲစရာတွေကိုပဲ ရေးလေ့ရှိတဲ့ ကျွန်တော့်ဒိုင်ယာရီကို လာလာဖတ်ပေးကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ကဗျာတွေက လွဲရင်(ကဗျာလည်းမရေးတတ်သေးပါ) ကျန်တဲ့ စာတွေကို ကောင်းကောင်း မရေးတတ်လို့ ခွင့်လွှတ်ပေးကြပါလို့ ... )

18 comment[s]:

လုံမလေး said...

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ခြေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း
တသက်မှာ တခါ
ထာဝရသာ
ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။

မိုက်တယ် ကိုည
ဒီဘ၀တင် အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ရှင်

~ဏီလင်းညို~ said...

ကိုတူးရေ...
ဖတ်ပြီးသက်ပြင်းအရှည်ကြီးချသွားတယ်ညီလေးရာ...။
ခင်မင်တဲ့
ဏီလင်းညို

ဆောင်းနှင်းရွက် said...

ရှေ့ဆက်မယ့် အနာဂတ်မှာ
ပျော်ရွှင်ဖွယ် ကောင်းတဲ့
စစ်မှန်တဲ့ အချစ်နဲ့ တွေ့လို့
ရက်စက်ခြင်း ၊
အလွမ်းတွေ က နေ
အမြန်ဆုံး လွတ်မြောက်ပါစေ .. >>>

ဆုတောင်းပေးသွားတယ် ..!

ဒဏ္ဍာရီ said...

မောင်လေးရေ ....... ဘာတွေဖြစ်နေပြန်ပြီလဲ... စိတ်မကောင်းမဖြစ်ပါနဲ့..။ နေရာတိုင်းမှာ မုန့်တိုင်းပြီးရင် လေပြေလာမှာပါ မောင်လေးရေ..။
ပျော်ရွှင်နိုင်ပါစေနော်...

ခင်မင်လေးစားလျှက်
မမနွယ်

ဗညားရှိန် said...

ကိုတူး ကျွန်တော်ကိုတူးနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းမိတယ်

ရင်ခွင်ဦးမို့
ငါဟာသေမင်း
ရင်ဆိုင်ရင်းတောင်
မင်းကိုတမ်းတ
သတိရနေမယ်လေ...။
~~~ @@@ ~~~

တူလိုက်တာ ကိုတူးရာ

Welcome said...

ရင်ထဲလန်းနေစေဖို့ ခုလိုသွန်လိုက်တာ ကောင်းပါတယ် ..

ဆင်ဆင်ပြေ ပျော်ရွှင်စေချင်ပါတယ် ..

ခင်မင်တဲ့

မောင်ဘကြိုင် said...

ဟူးးး
မောင်ဘကြိုင်လည်းမောာာာာသွားတယ်ဗျာ

မိုးငွေ့..ဆိုတာ said...

နင့်ဟာ
ငါ့ရဲ့ကောင်းကင်
ငါ့ရဲ့ ဘ၀မို့
ငါ့ကို ခြေနင်း
ရက်စက်ခြင်းတွေ
ပေးထားခဲ့လည်း....

“ချေနင်း”တယ်လို့ပြောချင်တာမဟုတ်လား..
စာလုံးပေါင်းမှားသလားလို့ မဟုတ်ရင်လဲဆောရီးနော်

ခင်မင်လျက်
မိုးငွေ့(ထပ်တူခံစားမိပါသည် မောင်လေးည)

နေမိုးဝေ said...

ခြေမွ တာကို ပြောတာဖြစ်မှာပါ။
ဟုတ်သလား ကို ည။

“သက်ဆိုင်သူကလေးက
ဒိုင်ယာရီကလေးကို အမြန်ဆုံး
လာဖတ်မိပါစေ ”
လို့ ဆုတောင်းပေးပါတယ်။

ဂျပန်ကောင်လေး said...

ဟင်း...... အစ်ကိုရေ. ဒီအမောတွေ ပြေပျောက်နိုင်ပါစေလို့ ပဲ ဆုတောင်းပေးနိုင်တော့တယ်ဗျာ....

ညရဲ့ကောင်းကင် said...

ဟုတ်ပါတယ်.. အစ်မမိုးငွေ့...

ရက်ရက်စက်စက် နင်းချေသွားတာကိုပြောချင်တာပါ...
ပြင်ပေးတာ ကျေးဇူးပါခင်ဗျာ...

ညီညီ said...

အစ်ကိုညရေ. ဒဏ်ရာတွေ အမြန်ဆုံး သက်သာပါစေ.။
ကဗျာလေးကို ရင်နဲ့ ခံစားသွားပါတယ်။

ခင်မင်တဲ့

ညီညီ(အနာဂါတ်သံစဉ်)

မိုးစက်အိမ် said...

အစ်ကို ချစ်သူ ကိုတန်ဖိုးကြီးကြီး ထားချစ်
တာနားလည်ပါတယ် အစ်ကို ခံစားပေးလို့ 
လည်းရပါတယ်ဗျာ . . . ဒါပေမဲ့ ကိုယ့်ကို
ကိုယ်ထိခိုက် နေရတာမျိုးတော့ မဖြစ်စေပါနဲ့ 
အစ်ရာ အတတ်နိုင်ဆုံးပျော်ပျော်နေလိုက်ပါ
ခင်မင်လျက် . . .

မိုးငွေ့..ဆိုတာ said...

မောင်လေးညရေ...စိတ်ပြေလက်ပျောက် အစ်မနဲ့ကော်ဖီသောက်ဖိတ်လိုက်ပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

မိုးထက်အိမ် said...

ချစ်ခြင်းဆိုတာ ကြာလေ လေးနက်လေ ဆိုတာကို ကျနော်လက်ခံတယ်ဗျ... ဒါပေမယ့် ကျနော့် ဆရာမ တစ်ယောက်ပြောတဲ့ စကားတစ်ခွန်းပြောကြည့်မယ်...
ချစ်ခြင်းဆိုတာ အမြဲစိမ်းတောတဲ့... ဘယ်တော့မှ မခြောက်သွေ့ဘူးတဲ့.... ကိုညရဲ့ကောင်းကင်လည်း အမြဲစိမ်းသော ချစ်ခြင်းတွေ ပိုင်ဆိုင်ပါစေဗျာ....

ချမ်းလင်းနေ said...

စွန်ခွာသွားသူတွေမှာလဲ ဒဏ်ရာလေးတွေနဲ့ အမာရွတ်ထင်ကျန်နေတာကို ကျန်ရစ်သူလဲ သိစေချင်လိုက်တာဗျာ။
ကိုညရေ ဆက်သာရေးဗျာ။ ကဗျာတင်မကဘူး ဇာတ်လမ်းက မှော်ဝင်တယ်။

ကာရံမဲ့ said...

ပို့စ်လေးကို ဖတ်ရင်း မျက်ရည်တောင် လည်လာမိတယ်. သူများတွေကတော့ အချစ်က ပျော်ရွှင်မှုကို ပေးတယ်တဲ့. ဒါပေမယ့် ကျွန်တော်တို့ အတွက်တော့ အချစ်ဟာ အလွမ်းတွေကိုပဲ ပေးနေသလိုပဲဗျာ....

ပျော်ရွှင်မှုပေးမယ့် အချစ်ကိုတွေ့နိုင်ပါစေ.......

flowerpoem said...

စာလာဖတ်တိုင်း ညရဲ့ ကောင်းကင်ရဲ့ ခံစားချက်တွေကို နားလည်ပါတယ်.. ထားသွားတဲ့ လူက တော့ ဘယ်လိုနေလည်း သိဘူး ကျန်ခဲ့တဲ့ လူကတော့ အလူးအလဲပဲနော်...
ပျော်ရွင်ပါစေ အချိန်ဆိုတဲ့သမားတော်နဲ့ဘ၀အတွက် လိုအပ်တာတွေကို အောင်မြင်အောင် လုပ်ဆောင်ရင်း အဆင်ပြေပါစေရှင်.