Monday, December 28, 2009

*ဒဏ်ရာ ၀တ်စုံ*



မတွယ်ခဲ့ပါဘူး
နွယ်ခဲ့ရတဲ့ အိပ်မက်တွေ
ငါ့ ရင်မှာ အရုပ်တွေဆွဲ
ဇာတ်လမ်းတွေ ခပ်ကျဲကျဲမှာ
အရည်မရ အဖတ်မရနဲ့
ဝတ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

မထင်ခဲ့ပါဘူး
ပင့်ကူငယ် တွယ်ယက်သလို
နှလုံးအိမ်ကို အသုံးပြု
ငါ့ အသွေးအသားကိုစုလို့
မရည်ရွယ်ပါပဲနဲ့
ချုပ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

ပြည့်စုံကာနီးမှ
အလှည့်ကြုံလာပြန်တော့
တဖန်ပြန်စုတ်တဲ့ ၀တ်စုံ
စိတ်မကုန်လို့ ပြန်ချုပ်
အလုပ်မဟုတ်တာတွေက
အရှုပ်အရှုပ်လို ဟန်လုပ်တော့
ဘ၀တွေ တကယ်ပြုတ်ကျလည်း
ဝတ်နေရဦးမယ့် ဒဏ်ရာဝတ်စုံ ...။

အသစ်တဖန် ဖြစ်စေဦးတော့
မနက်ဖြန်တိုင်းမှာက အစစ်အမှန်ဆိုတာ
အပြစ်တင် ဝေမဖန်ချင်တော့ပါ ...။

ဒဏ်ရာဝတ်စုံဆိုလည်း
အလွမ်းကိုအန်ထုတ်
လေရှုထုတ်နေသရွေ့
ငါ့ အတတ်ငါစူး ရင်ထဲမှာ ရူးနေဦးမယ် ...။

( Brand မရှိတဲ့ ဒဏ်ရာဝတ်စုံလေး လိုချင်ရင် မှာကြားနိုင်ပါတယ်.. Free shipping နဲ့ ဘယ်နိုင်ငံမဆို အရောက်ပို့ပေးပါမယ်း) )

19 comment[s]:

ဆူးရှုင့် said...

ညီလေးရေ....
နောက်ထပ် ဒဏ်ရာဝတ်စုံကိုတော့ မလိုချင်တော့ပါဘူး။
အခု ၀တ်နေရတဲ့ ဒဏ်ရာဝတ်စုံကို ကောင်းကောင်းမွန်မွန် ပြန်ဖြစ်အောင်ပဲ ချုပ်နေတယ်...။ ကောင်းတယ်။
ကဗျာလေးက...။ ဆက်လက်ရေးသားနိုင်ပါစေ..။

မောင်သီဟ said...

ကဗျာလေးကောင်းတယ်
ဝတ်စုံတော့လိုချင်ဝူးးးဟာာ
း)

~ဏီလင်းညို~ said...

ကိုတူး ညီလေးရေ...
အစ်ကိုလည်းအော်ဒါမှာချင်လို့...တစ်ထည်လောက်ဗျာ....။
(အစ်ကိုမလွမ်းချင်ပေမယ့် မင်းကဗျာလေးကိုခံစားဖတ်သွားတယ်ကွာ...)
ခင်မင်တဲ့
ဏီလင်းညို

မြတ်မွန် said...

ဟုတ်တယ် လိုချင်ဘာဝူး။
ကိုညကောင်းကင်ရာ..ဝတ်ပြီးခံစားရ စုတ်လိုက်ပြန်ချုပ်လိုက်နဲ့ ကောင်းပါဘူး။ ကိုညကောင်းကင်ကိုလည်း မဝတ်ပါနဲ့တော့လို့ ပြောချင်ပေမယ့်..

ဒဏ်ရာဝတ်စုံဆိုလည်း
အလွမ်းကိုအန်ထုတ်
လေရှုထုတ်နေသရွေ့
ငါ့ အတတ်ငါစူး ရင်ထဲမှာ ရူးနေဦးမယ် ...။
ဆိုတော့လည်း ဘာမှမပြောလိုတော့ပါရှင်..။
ခင်မင်လေးစားလျှက်။

Anonymous said...

မထင်ခဲ့ပါဘူး
ပင့်ကူငယ် တွယ်ယက်သလို
နှလုံးအိမ်ကို အသုံးပြု
ငါ့ အသွေးအသားကိုစုလို့
မရည်ရွယ်ပါပဲနဲ့
ချုပ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

ကောင်းလိုက်တဲ့ ရေးချက် ခံစားချက် ကျွန်တော် အကြိုက်ဆုံးကဗျာလေး ဖြစ်ခဲ့တယ် လေးစားမိတယ်ဗျာ . . . .

Cameron said...

ဗညားပြောတဲ့အပိုဒ်ကိုပဲ ကြိုက်တယ်ပြောမလို့ သူဦးသွားတယ်...။ ကဗျာလေးကို အရမ်းကြိုက်တယ်..။ဒါပေမယ့် အဲဒီဝတ်စုံတော့မမှာတော့ပါဘူး..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

မတွယ်ခဲ့ပါဘူး
နွယ်ခဲ့ရတဲ့ အိပ်မက်တွေ
ငါ့ ရင်မှာ အရုပ်တွေဆွဲ
ဇာတ်လမ်းတွေ ခပ်ကျဲကျဲမှာ
အရည်မရ အဖတ်မရနဲ့
ဝတ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။

မောင်လေးရေ...... နေကောင်းသွားပြီလား..။ အဲဒီ ဒဏ်ရာ ၀တ်စုံလေးကို မ၀တ်နဲ့တော့။ နှမြောခြင်းလည်း မဖြစ်နဲ့တော့... ပျော်ရွှင်ပါစေ..။

ခင်မင်လေးစားလျှက်

မိုးထက်အိမ် said...

ဒီ ၀တ်စုံကြီး ဖာလို့ ထေးလို့ မရလောက်အောင်ကို စုတ်ပြတ်သွားမှ အေးမယ်... :) ... ဟုတ်တယ်ဟုတ်..

နေ၀သန် said...

နိုးပါ အစ်ကို.. အဲဒီ ၀တ်စုံကို မလိုချင်ပါ...း))...

Anonymous said...

မထင်ခဲ့ပါဘူး
ပင့်ကူငယ် တွယ်ယက်သလို
နှလုံးအိမ်ကို အသုံးပြု
ငါ့ အသွေးအသားကိုစုလို့
မရည်ရွယ်ပါပဲနဲ့
ချုပ်ခဲ့ရတဲ့ ဒဏ်ရာဝတ်စုံ ...။
မိုက်တယ်ဗျို့းးးးးးးးးး အရေးအသားကတော့
ရေလည်လန်းတယ် ဒါပေမဲ့ ကိုယ်တိုင်ဝတ်
တော်ရောပေါ့ရှင် အဖော်လိုက်စပ်နေတယ် :(

မိုးစက်အိမ် said...

အင်း ခံစားချက်လေးတွေက ပြင်းထန်သယောင်
ရှိနေပေမဲ့  အဲဒီအထဲမှာ သိမ့် မွေ့ နူးညံ့ စွာနာကျင်
မှုတွေရှိနေရတယ်ဆို အစ်ကို့ ကောင်းမလေးတစ်
ယောက် သိရှိ ခံစား နားလည်နိုင်ပါစေဗျာ . . . :)

ကာရံမဲ့ said...

ကဗျားလေးကိုခံစားရင်း လွမ်းတယ်ဗျာ....

အဖြူရောင်နတ်သမီး said...

ကဗျာလေးအတွက် ခံစားပေးသွားပါတယ်...
ဝတ်စုံလေးအတွက်တော့....
အဟောင်းကိုပစ်ပြီး....
“နှစ်သစ်မှာ အလန်းစားလေးတစ်စုံချုပ်ပေးမယ်”(ဒီက ဒီဇိုင်နာ နော်)...
ဘယ်လိုလဲ...မောင်လေး...
ဒီဇိုင်နာ အဖြူရောင်နတ်သမီး ကိုယ်တိုင် ချုပ်ပေးမယ့် “အလန်းစား ဝတ်စုံ” ကိုဝတ်ပြီး ၂၀၁၀နှစ်သစ်မှာ ....လန်းဆန်းနိုင်ပါစေနော်.....

ပိုင်ဖြိုးကို said...

ဒီလောကကြီးထဲမှာတော့ ညီပြောတဲ့အတိုင်း
ငါ့အတတ်ပါစူး ရင်ထဲမှာရူးနေကြရဦးမှာပါပဲ .....

ညီညီ said...

အစ်ကိုညရေ.

ဒဏ်ရာဝတ်စုံကိုတော့ မက်မက်မောမော ၀တ်ဆင်မထားပါနဲ့လားဗျာ.။ ဖြစ်နိုင်ရင်တော့ လွှတ်ပစ်လိုက်ပါတော့.။ သစ္စာ စကားပြောရင် ကျွန်တော့်ကို ပြောချင်နေတဲ့ သူတွေက ရီကြမှာစိုးလို့ မပြောတော့ပါဘူး.။ ကဗျာလေးကိုရင်နဲ့ခံစားသွားတယ်ဗျာ။

ခင်မင်တဲ့

ညီညီ(အနာဂါတ်သံစဉ်)

flowerpoem said...

ဝတ်စုံတော့ ယူတော့ဘူးနော် ကျေးဇူးတင်ပါတယ်...

မြရေလျဉ် said...

ကောင်းလိုက်တဲ့ ကဗျာ

ဆောင်းနှင်းရွက် said...

အပီအပြင်ကို
ဆွေးတုန်း.. လွမ်းတုန်းးး ပါပဲ လားးး ...

ဖတ်သွားတယ် ပဲ ပြောတော့မယ်
ကိုညရဲ့ ကောင်းကင် ရေ ...

စံလင်းထွန်း said...

ရေးချက်တွေကတော့ အားရဖွယ်ရာပါပဲ.။
အားပေးလျက်ပါ..