Wednesday, December 16, 2009

“ အကြောင်းမကောင်းတဲ့ ဆောင်း”


ဆောင်းနှင်းမြူတွေ
လေဟာနယ်ကို ပက်ဖြန်း
ကမ္ဘာကိုလန်းစေသတဲ့လား
ငါ့... ရင်ခွင်နှုတ်ခမ်းမှာတော့
အလွမ်းတွေနဲ့ ချမ်းလိုက်တာ ...။

ဆောင်းနှင်းပန်းတွေ
ရာသီချိန်ဆို ပွင့်လန်း
ကိုယ်စီအစွမ်းတွေ ထုတ်ဖြန်းသတဲ့လား
ငါ့ ... ရင်ခွင်စခန်းမှာတော့
ဒက်ရာတွေနဲ့ ကြမ်းလိုက်တာ ...။

ဆောင်းခိုငှက်တွေ
ဌာနေဆီကို ပျံသန်း
ခိုလှုံရာလမ်းကို လှမ်းကြသတဲ့လား
ငါ့ ... ရင်ခွင်အခန်းမှာတော့
အိပ်မက်ရိုင်းတွေနဲ့ ဆန်းလိုက်တာ ...။

အားလုံးအတွက် ကောင်းတဲ့ဆောင်း
ငါ့ ... အတွက်တော့ မဟောင်းတဲ့ အကြောင်းပါလား ...
အေးချမ်းခြင်း အပေါင်းက ဒဏ်ရာကိုမွှေတယ်
ငါ့ ... နှလုံးသားကို နာကျင်စေတယ် ...
သြော် ... ဆောင်း ... ဆောင်း ... ဆောင်း
ဘ၀ပြောင်းတောင် အတိတ်ဟောင်းက
အိပ်မက်အကြောင်းကို အရောင်မပြောင်းနိုင်ပါလား ...။

19 comment[s]:

မြတ်မွန် said...

သြော် ... ဆောင်း ... ဆောင်း ... ဆောင်း
ဘ၀ပြောင်းတောင် အတိတ်ဟောင်းက
အိပ်မက်အကြောင်းကို အရောင်မပြောင်းနိုင်ပါလား ...။
ရင်ထဲက ဆောင်းကတော့ အရောင် မပြောင်းနိုင်အောင် ခိုက်ခိုက်တုန်အောင် အေးခဲနေဆဲ..
ရေးကြည့်တာ အားပေးသွားပါတယ် ကောင်းကင်ရေ..
ကဗျာတွေဆို နှစ်ခြိုက်မိတဲ့ ..

Anonymous said...

အားလုံးအတွက် ကောင်းတဲ့ဆောင်း
ငါ့ ... အတွက်တော့ မဟောင်းတဲ့ အကြောင်းပါလား ...
အေးချမ်းခြင်း အပေါင်းက ဒဏ်ရာကိုမွှေတယ်
ငါ့ ... နှလုံးသားကို နာကျင်စေတယ် ...
သြော် ... ဆောင်း ... ဆောင်း ... ဆောင်း
ဘ၀ပြောင်းတောင် အတိတ်ဟောင်းက
အိပ်မက်အကြောင်းကို အရောင်မပြောင်းနိုင်ပါလား

မိုက်တယ် ခံစားချက်တူသွားတယ်

ခင်မင်စွာဖြင့်
လုံမလေး

Welcome said...

အမာရွတ်ထင်ကျန်မနေတဲ့ ဒဏ်ရာက တိုက်ဆိုင်မှုရှိတိုင်း တဆစ်ဆစ်များ နာကျင်နေမလားပဲနော် ...

ခင်မင်တဲ့

မိုးစက်အိမ် said...

ဆောင်းကိုခံစားချက်တော်တော်ပြင်းနေတာတော့
ကောင်းကောင်းသိသွားတယ် . . . ဘာဖြစ်ဖြစ်အဆင်
ပြေပျော်ရွှင်ပြီး လိုရာဆန္ဒပြည့်ဝပါစေလို့ သာဆုတောင်း
ပေးနိုင်တော့တယ် အစ်ကိုရေ . . .

နေ၀သန် said...

ခံစားနေရဆဲပါပဲလား.. အစ်ကိုရေ... ကောင်မလေးနာမည်က ဆောင်းတဲ့လား...

Unknown said...

ဆောင်း....ဆောင်း တဲ့လားးး

ဆောင်းနှင်းရွက် said...

သြော် ...
ဆောင်း ... ဆောင်း .. ဆောင်း ..

ဟုတ်ကဲ့ ..
ဆောင်းနှင်းရွက်
လာဖတ် သွားပါတယ် ...

ahphyulay said...

ဆောင်းမှာ ရာသီပန်းတွေ ပွင့် ပေမဲ့  ရင်ခွင်မှာတော့ 
ဒဏ်ရာတွေနဲ ကြမ်း၊ ဆောင်းခိုငှက်တို့ က ဌာနေကိုညပန်
နေကြပေမဲ့  ရင်ခွင်မှာတော့  အိမ်မက်ရိုင်းတွေနဲ့  အဲဒီ
စာသားတေါကို အညပန်ပြန်အလှန်လှန် ကြေညက်နေအောင်ပဲ
ခံစားမိလိုက်ပါတယ်လို့ ။
အညပင်မှာ အေးနေပေမြ့ ဘဝင်မှာတော့  ပူနေတြ့ သဘော
ပေါ့ နော်..။

ပုံ့မေ said...

မိုက်လိုက်တဲ့ နှိုင်းချက်တွေ အကိုရာ... =)

ဒဏ်ရာတွေ ဗရဗွနဲ့ ရင်ခွင်စခန်းမှာ အိမ်မက်ချိုတွေနဲ့ တန်ဆာဆင်... ချမ်းခိုက်နေတဲ့ ဒီနှုတ်ခမ်းတစ်စုံကို... စွတ်စိုနွေးထွေးစေမဲ့ ...ဖန်တီးသူနဲ့ တွေ့ ဆုံလို့ အတိတ်ကိုမေ့... အနာဂတ်ကို မမျှော်ပဲ... လက်ရှိအချိန်မှာ စိုပြည်အောင် ညီမျှနိုင်စေချင်ပါတယ်...

=)

ကောင်းကင်ပြာ said...

အော်.....ဆောင်း ဆောင်း ဆောင်းး
အေးတဲ့ ဆောင်း
လွမ်းတဲ့ ဆောင်း
အတိတ်ဟောင်းက ဆောင်း
အိမ်မက်ထဲက ဆောင်း
ဒဏ်ရာတွေနဲ့ ဆောင်း
အရောင် မပြောင်းတဲ့ ဆောင်း ပါလားနော်...

linn said...

မောင်လေးရေ ..
အားလုံးအတွက် ကောင်းတဲ့ဆောင်းမှာ အတိတ်ဟောင်းက အိပ်မက်အကြောင်းတွေ လွှမ်းမိုးခြင်းကင်းလို့ အမြန်ဆုံး ပြုံးပျော်ရွှင်နိုင်ပါစေ ...
ခင်မင်စွာဖြင့်
အစ်မလင်း..

ရေတမာ said...

အဖွဲ့အနွဲ့ကကောင်းတယ်ဗျာ။ သဘောကျတယ်။ ဒဏ်ရာတွေ သက်သာပါစေဗျာ

Cameron said...

“အကြောင်းမကောင်းတဲ့ဆောင်း” နာကျင်စွာနဲ့ နူးညံ့နေတယ်.....။ နာစရာတွေနဲ့ ကဗျာလေးကကောင်းနေတယ်...။


ခင်မင်စွာဖြင့်
မိုးငွေ့

~ဏီလင်းညို~ said...

ကိုတူးရေ..

“ငါ့... ရင်ခွင်နှုတ်ခမ်းမှာတော့
အလွမ်းတွေနဲ့ ချမ်းလိုက်တာ” ...။

“ငါ့ ... ရင်ခွင်စခန်းမှာတော့
ဒက်ရာတွေနဲ့ ကြမ်းလိုက်တာ ”...။

“ငါ့ ... ရင်ခွင်အခန်းမှာတော့
အိပ်မက်ရိုင်းတွေနဲ့ ဆန်းလိုက်တာ ”...။

အဲ့ဒီအဖွဲ့လေးတွေ...အရမ်းကောင်းတယ်...
ကြိုက်တယ်...။ မိုက်တယ်ကွ...။

ခင်မင်တဲ့
ဏီလင်းညို

ဒဏ္ဍာရီ said...

ပ၀ါပါးနဲ့ လွှမ်းခြုံထားတဲ့ ဒီဆောင်းလေးမှာ ဒဏ်ရာတွေ မရပါစေနဲ့ မောင်လေးရေ...။

လှပတဲ့ အိမ်မက်လေးတွေနဲ့သာ ထာဝရ ဆုံတွေ့နိုင်ပါစေ။

ခင်မင်လေးစားလဆက်

မြစ်ကျိုးအင်း said...

ရေးဖွဲ့ဟန်လေး ကောင်းလိုက်တာဗျာ
ဖတ်ရတာ စွဲစွဲထင်ထင်ရှိတယ်။
တချို့အပိုဒ်တွေဆို ကိုယ့်ကိုများ ပြောနေသလား ထင်မိသေးတယ်။

မိုးခါး said...

ဆောင်းမှာ အလွမ်းတွေ ပိုနေတယ် ထင်ပ
စကားမစပ် ၂၅ ရက်နေ့ အစီအစဉ်သိပြီးပြီထင်တယ်နော် .. လာမယ်ဟုတ်လား

ကာရံမဲ့ said...

ဆောင်းတွင်းမှာ အလွမ်းတွေနဲ့ ချမ်းနေရင် အလွမ်းတွေကို မီးရှို့ပြီး မီးသာလှုံပစ်လိုက်.

မေကျော် said...

ရင်ခွင်အခန်းမှာတော့
အိပ်မက်ရိုင်းတွေနဲ့ ဆန်းလိုက်တာ ...။

-----------
အရမ်းကြိုက်တာပဲ အဲဒီစာသားလေးကို... :)အရောင်ပြောင်းသွားအောင်တော့ ကျနော်လည်း မလုပ်တတ်ပါဘူး.... ဒါ့ကြောင့် ကိုယ်တိုင်လည်း ဒီအရောင်ပဲ ထားထားတယ်.... ကိုညရဲ့ကောင်းကင်ရဲ့ဆောင်းကို အရောင်ပြောင်းပေးနိုင်တဲ့လူ နဲ့ ဆုံဆည်းပါစေ.... :)
(ရဲ့ ၂ ခါ ထပ်သွားတယ်... :))