Monday, December 14, 2009

“မာယာသခင်”

ပြောင်းလဲခြင်း မိုးတိမ်တွေက
ရွေ့လျားတာ မြန်လိုက်တာ
လေအတွေ့တွေကြောင့်
ရေငွေ့တောင် ဘယ်ဆီနေရမှန်းမသိဘူး
ဝှေ့ကာ ၀င်အခတ် လိုက်ပါချင်နေလျက်မို့လား
မသက်သာသလိုအမှတ်နဲ့ လိုက်ရဲလိုက်တာ ...။

ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ
နှုတ်ခမ်းပါးပါးလေးမှာတော့
အပြုံးလေးတွေချိတ် သစ္စာတွေမတိတ်ပေမယ့်
ရင်တွင်းအရိပ်မှာတော့ ခြေချင်းချိတ်နေကြတယ်
ပန်ဆင်သူအခူး အရူးအမူးနဲ့
အဆူးလေးတွေတောင် တိမ်းညွတ်မူးလိုက်တာ ...။

အလည်လာတဲ့ လေပြေ
သစ်အိုတစ်ပင်ကို ရစ်ထွေး အချစ်တွေပေးပြီး
နားခိုဖူးကျေးဇူး အထွေအထူးကို
တသသပြော ဖွင့်ဟစောပေမယ့်
ကြာလာတော့လည်း အဝေးတရပ်ဆီပြေး
အတွေးခက်ဘီအရေးနဲ့
အတွင်းသဘော စိတ်မနောကိုက
သာယာမှု အကြောမှာ မျောချင်နေလိုက်တာ ...။

လှမ်းမယ်ကြံရှိသေး ပြေးသွားလိုက်တာ
နမ်းမယ်ကြံရှိသေး ရူးခါးလိုက်ပါဘိ
မတည်မြဲတဲ့ တိမ် နှင်းဆီအိမ်တွေက
လေပြေလိုဆော့မြူး တွန်ကျူးနေချင်ကြတော့
သစ်အိုပင်ခမျာလည်း စိတ်တိုချင်စရာပဲ ...
အခါတော်အပေးမှာ ကညာဖော်ရှောင်ပြေးလို့
နေညိုချိန်လေးဆို မျှော်မျှော်နေတတ်လိုက်တာက
ရော်ကာရင့်တော့မယ့် သူ့ဘဝ
သူ့ သင်္ခါရသာ လူမသိလေတော့
ပြုသမျှ နုလိုက်ရတော့မယ်
အပေါ်ယံစကားနဲ့ပဲပြော
အတွင်းစိတ်ရေရောတဲ့ “မာယာသခင်”ရယ် ...။

22 comment[s]:

ကောင်းကင်ပြာ said...

မာယာ သခင်ကနေ သခင့်ရဲ့ မာယာ ဖြစ်လာပါစေ...း)

Unknown said...

ဩော်..မာယာ..မာယာ ကြောက်စရာကောင်းလိုက်တယ်မာယာ..

မြတ်မွန် said...

စာလုံးလေးတွေက ကောင်းလိုက်တာ..
ကဗျာတွေကို အားပေးလျှက်ပါ..
ခံစားလွယ်တဲ့ ကောင်းကင် မာယာကြားမှ ကင်းဝေပါစေ..။

Anonymous said...

ကဗျာတွေ တယ်နုနေနတယ်ပါလား အကို

Anonymous said...

လှမ်းမယ်ကြံရှိသေး ပြေးသွားလိုက်တာ
နမ်းမယ်ကြံရှိသေး ရူးခါးလိုက်ပါဘိ
မတည်မြဲတဲ့ တိမ် နှင်းဆီအိမ်တွေက
လေပြေလိုဆော့မြူး တွန်ကျူးနေချင်ကြတော့
သစ်အိုပင်ခမျာလည်း စိတ်တိုချင်စရာပဲ ...

ဟုတ်ပဗျာ မာယာကတော့ အဲဒီလိုပဲဗျာ

နေ၀သန် said...

ကောင်းလိုက်တဲ့ စကားလုံးလေးတွေ.... ဒီကဗျာလေးကနေ ရသတော်တော်များများခံစားလိုက်မိတယ်...း)))

~ဏီလင်းညို~ said...

ကိုတူးရေ...
မာယာဆိုတာ..ရိုးသားမှုမရှိတဲ့ သဘောလေ...။ ဘယ်လို... မာယာမျိုးမှမကောင်းဘူး....။
မာယာသခင်ဆိုမှတော့ ပိုဆိုးပြီပေါ့ကွာ...။
ခွင့်လွှတ်ဖို့တောင် မထိုက်တန်တတ်တဲ့ လူစားမျိုးတွေမို့ အစ်ကိုဆိုရင် လှည့်တောင်ကြည့်ချင်မိတော့မှာ မဟုတ်တာ...အသေအချာပါပဲ ညီလေးရာ...။

ခင်မင်တဲ့
ဏီလင်းညို

မောင်သီဟ said...

ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ
နှုတ်ခမ်းပါးပါးလေးမှာတော့
အပြုံးလေးတွေချိတ် သစ္စာတွေမတိတ်ပေမယ့်
ရင်တွင်းအရိပ်မှာတော့ ခြေချင်းချိတ်နေကြတယ်
ပန်ဆင်သူအခူး အရူးအမူးနဲ့
အဆူးလေးတွေတောင် တိမ်းညွတ်မူးလိုက်တာ ...။
ဒီအပုဒ်ကတည်း ဖတ်ပြီးရူးချင်နေတယ် အဲသလိုမဖြစ်ရ
မကြုံရပါစေနဲ့ဗျာ

Welcome said...

ကဗျာလေး အားပေးသွားတယ်။ ကိုယ်တိုင် မရေးတတ်ပေမယ့် ခံစားတတ်ပါတယ်။


ဆင်ဆင်ပြေပျော်ရွှင်ပါစေ
သင့်ဘော်ဒါ

linn said...

ဟင် ..အပေါ်မှာ ဏီလင်းညိုတစ်ယောက် မြှောက်ပေးခဲ့ပြန်ပြီ ...
ကဗျာလေးဖတ်ပြီး သဘောပေါက်လိုက်တယ် ...
ဘယ်လိုပဲဖြစ်ဖြစ် မောင်လေးရေ..
အဆင်ပြေ ပျော်ရွှင်ပါစေ ..နော ..
ခင်မင်စွာဖြင့်
အစ်မလင်း

သိင်္ဂါကျော် said...

“ဆူးများပါတယ်ဆိုတဲ့ နှင်းဆီ
အတွင်းဆီက ဘာတွေကြိတ်ကြံနေမလဲ” တဲ့
ဘယ်သူ သိနိုင်ပါ့မလဲ နှင်းဆီရဲ့ မာယာကို..

မိုးထက်အိမ် said...

၃ ခေါက်လောက်ဖတ်သွားတယ် ...
ကြိုက်လို့ ... :)
ကျနော်ကတော့ အဲဒီမာယာတွေကို ကြောက်လို့ ခပ်ဝေးဝေးကပဲ ချစ်မယ် .... :)

Cameron said...

အပေါ်က ယောကျာင်္းလေးတွေ မာယာကို တော်တော်ကြောက်ကြတာကိုး

ပုံ့မေ said...

အဖွဲ့ အနွဲ့ တွေကလန်းတယ်... ရှယ်ပဲ...

ရော်ကာရင့်တော့မယ့် သူ့ဘဝ
သူ့ သင်္ခါရသာ လူမသိလေတော့
ပြုသမျှ နုလိုက်ရတော့မယ်
အပေါ်ယံစကားနဲ့ပဲပြော
အတွင်းစိတ်ရေရောတဲ့ “မာယာသခင်”ရယ် ...။

အတွင်းစိတ် ရေရောထားတယ်တဲ့လား.... အဲလိုဆို ပေါ့ပြီပေါ့ =)

Anonymous said...

လှမ်းမယ်ကြံရှိသေး ပြေးသွားလိုက်တာ
နမ်းမယ်ကြံရှိသေး ရူးခါးလိုက်ပါဘိ
မတည်မြဲတဲ့ တိမ် နှင်းဆီအိမ်တွေက
လေပြေလိုဆော့မြူး တွန်ကျူးနေချင်ကြတော့
သစ်အိုပင်ခမျာလည်း စိတ်တိုချင်စရာပဲ
မိုက်တယ်
အဆင်ပြေပျော်ရွှင်ပါစေရှင်

အဖြူရောင်နတ်သမီး said...

ဟုတ်ပ..(မ)“မိုးငွေ့”ရေ...
ပြောတာလဲ သူတို့ပါပဲ....
ပြီးတော့လည်း...ပြီးတော့လည်း...
မပြောဘူးနော်...“မီး” ဘာမှမပြောဘူး...ဟီး..
----------------------------------------------------
မောင်လေးရေ...
အားပေးနေတယ်...
ပြောထားပြီးသားနော်...
ညီစေ....

မိုးစက်အိမ် said...

ခံစားချက်တွေ ပြင်းထန်နေပုံရတယ် အစ်ကိုရေ
ကဗျာတစ်ပုဒ်လုံးကိုနှစ်သက်သဘောကျမိပါတယ်
ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါအုံးနော့် သေချာတော့
မသိပေမဲ့  တခုခုခံစားနေရပုံပါဘဲ . . .

ဒဏ္ဍာရီ said...

မောင်လေးရေ ...... ကဗျာလေးနဲ့ စကားလုံး ရွေးချယ်ထားတာလေးတွေက အရမ်းကို ဖတ်လို့ကောင်းတယ်။ ဖတ်သူရဲ့ စိတ်ထဲမှာ မာယာ ဆိုတဲ့စကားလုံးလေးကို မျက်စိထဲမှာ သေချာ မြင်လိုက်ရသလိုပဲ။
ဒီလိုပဲပေါ့ ... မာယာများတဲ့ လောကမှာ ကိုယ်ကလည်း ရှောင်ရှားတတ်ရမယ်လေ..။

ပျော်ရွှင်ပါစေ..

ခင်မင်လေးစားလျှက်

အနှိုင်းမဲ့ said...

ကောင်းလိုက်တဲ့ကဗျာလေးပဲ...
စကားလုံးလေးတွေက အရမ်းနူးညံ့တယ်.
မာယာဆိုတာ...
ဟုတ်တယ်နော်..
မာယာ...
မာယာ...လူတိုင်းကြောက်တဲ့..မာယာ

flowerpoem said...

မာယာများတဲ့ လူတွေနဲ့ ကွေကွင်းပါစေ.

မိုးခါး said...

တကယ်လန်းတယ် ..း))

Anonymous said...

ညလင်းအိမ်,
ဒီလောက်လှတဲ့ စကားလုံးတွေကို
မာယာသခင်အတွက် အသုံးပြုလိုက်လို့ ကျွန်တော်
နှမျောလို့မဆုံးဘူး။
mofade
in simple life