Thursday, December 10, 2009

ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ



နာကျင်နေတဲ့ ကောင်းကင်ရဲ့ရင်မှာ
အခါခါပြိုကျခဲ့ရတဲ့ စိတ်ဓာတ်တွေ
ဘယ်ချောင်မှာ သိုဝှက်ထားရမှာလဲ ...။

ပိုင်ဆိုင်ချင်တဲ့ မင်းရဲ့ ရင်ခုန်သံတွေတောင်
ဒီလိုလူသား မရထိုက်ခဲ့လို့လား
သူ့တပါးလက်ထဲ ဓားပြတိုက်ခံနေရတယ် ...။

လေထုထဲ ကြားခံအထပ်ထပ်ဖြတ်သန်းပြီးမှ
ရောက်သွားတဲ့ ချိုမြိန်တယ်ဆိုတဲ့ စကား
တည့်တည့်ဆိုင်ဆိုင် ပြောနေတဲ့ သူလောက်
လမ်းမပေါက်ဘူးဆိုတာ သိခဲ့သင့်တယ် ...။

ဂရုစိုက် ဖေးမချင်တယ် ဆိုရင်တောင်
ကမ္ဘာတွေ အထပ်ထပ်က လေဟာနယ်ဒြပ်တွေကြောင့်
နီးနေသူ လူတွေလောက်တော့ ချောင်းမပေါက်ခဲ့တာ အသေအချာပဲ ...။

မျှော်လင့်ရင်းချစ်ရတယ်ဆိုတာ
တကယ်တော့
ရှုံးမှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် သတ်နေတာ ...။
နစ်မှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် ဖျက်နေတာ ...။

ညစဉ်ညတိုင်း အရိုင်းအစိုင်းဆန်စွာ ငိုရှိုက်နေလည်း
အချိန်ကတ္တားက ဘ၀တခြားသို့
နာကျင်စွာကျောခိုင်းဖို့ပဲ ဖြစ်လာလိမ့်မယ် ...။

ဝေဒနာတွေ ရင်မြွှာအခြေမှာ ကပ်ဆိုက်လည်း
ငတ်မွတ်ခေါင်းပါးခဲ့တဲ့ ငါ့အချစ်က
ငါ့အပြစ်ကိုပဲ ကြိုးဆွဲချရတော့မလိုလို ...။

တခါသာ ချစ်ခဲ့ဖူးလည်း
ထာဝရ တည်စေမယ်ဆိုတာ
ငါကြွေတဲ့ တစ်နေ့မှ မင်းသိနိုင်ပါစေ ...။

မှန်မှန်းသိရက်နဲ့ ငါကြောက်ခဲ့၏ ...။
မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။

တကယ်တော့လည်း
တောင်စွယ်နေကွယ်ရင်ဖြင့်
အနောက်ဘက်ယွန်းယွန်းမှာ
“အချစ်” ဆိုတဲ့ စကားနှစ်လုံးကို
ရာဇသံပေးလို့  သဂြိုလ်သွင်းရင်တောင်
“ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ”
ဘ၀တခြားမှာ သဘာဝတရားလို
သေစားသေစေ ခံစားစေမယ် ...။
~~~~~~~~~~~~
(နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ။)

23 comment[s]:

ကောင်းကင်ပြာ said...

နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ...

မိုးစက်အိမ် said...

ပိုင်ဆိုင်ချင်တဲ့ မင်းရဲ့ ရင်ခုန်သံတွေတောင်
ဒီလိုလူသား မရထိုက်ခဲ့လို့လား
သူ့တပါးလက်ထဲ ဓားပြတိုက်ခံနေရတယ်
စကားလုံးက တကယ်ထိသွားစေမဲ့ စကားမျိုးပါဘဲဗျာ
တောင်စွယ်နေကွယ်ရင်ဖြင့်
အနောက်ဘက်ယွန်းယွန်းမှာ
“အချစ်” ဆိုတဲ့ စကားနှစ်လုံးကို
ရာဇသံပေးလို့ သဂြိုလ်သွင်းရင်တောင်
“ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ”
ဘ၀တခြားမှာ သဘာဝတရားလို
သေစားသေစေ ခံစားစေမယ်
အဆုံးသတ်ကို ပိတ်သွားတဲ့ စာသားတွေကလည်း
တအားလှတယ် အစ်ကိုရာ ကဗျာတစ်ပုဒ်လုံး
ခံစားမှု အားတော်တော်ကောင်းတယ်ဗျာ
တော်တော် နှစ်သက်မိတယ် . . .

ဆောင်းနှင်းရွက် said...

သြော် ...
အချစ် .. အချစ် .. အချစ်တွေ ..
ချစ်လွန်းတော့ ......

ရေးထားတဲ့ ကဗျာ
တော်တော် ကောင်းတယ် ... ။
အောက်ဆုံး စာကြောင်း
အကြိုက်ဆုံးပဲ .... !

ဝေလင်း said...

သိပ်ကို ကောင်းတဲ့ကဗျာဆိုတာကလွဲပြီး ဘာမှမပြောတတ်တော့ဘူး။ ကိုယ်လည်း အဲလိုခံစားခဲ့ဖူးတော့

နေ၀သန် said...

အစ်ကိုရေ.... အချစ်ဆိုတာလေ.. ချစ်နေဖို့လည်း လိုပါတော့တယ်ဗျာ.. တကယ်ပါ.. မောလှပြီ... သူပြန်မချစ်နိုင်ရင်တောင်မှ ကိုယ်ချစ်နေရရင် ကျေနပ်ပါပြီဗျာ... ကြွေတဲ့ တစ်နေ့မင်းသိနိုင်ပါစေ... အစ်ကိုရည်ရွယ်သူသိနိုင်ပါစေဗျာ....

Anonymous said...

နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေတဲ့

ဖြစ်ပါစေတော် ဖြစ်ပါစေ

Unknown said...

နာကျင်နေတဲ့ ကောင်းကင်ရဲ့ရင်မှာ
အခါခါပြိုကျခဲ့ရတဲ့ စိတ်ဓာတ်တွေ
ဘယ်ချောင်မှာ သိုဝှက်ထားရမှာလဲ ...။

ကျွန်တော်ကအစပုဒ်မှာကတည်းက ထိနေပြီဗျာ

အဖြူရောင်နတ်သမီး said...

“မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။
နာကျင်မှုကြောင့် ကျတဲ့ မျက်ရည်တွေတိုင်း ရောက်လေရာဘ၀မှာ အချစ် ဖြစ်ပါစေ.”...............
ထပ်တူထပ်မြတ် ခံစားသွားပါတယ်...“ည”ရေ...

ဒဏ္ဍာရီ said...

တခါသာ ချစ်ခဲ့ဖူးလည်း
ထာဝရ တည်စေမယ်ဆိုတာ
ငါကြွေတဲ့ တစ်နေ့မှ မင်းသိနိုင်ပါစေ..။

မောင်လေးရေ... ကဗျာတွေက ကာရံတွေမိသလို ခံစားချက်တွေကိုလည်း ပေါ်လွင်စေတယ်နော်။ အချစ်ဆိုတာ ကိုယ့်ဘက်က ချစ်နေရရင် ဘယ်လိုနာကျင်မှု မျိုးကိုမဆို ကျေနပ်ပြီး ခံစားနေရတာမျိုးလေ..။ မောင်လေးရဲ့ အချစ်တွေကို သိနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

ခင်မင်လေးစားလျှက်

Welcome said...

အမာရွတ် တင်ကျန်ခြင်း မရှိတဲ့ နှလုံးသားပေါ်က ဒဏ်ရာက မေ့ပျောက်နိုင်ခဲ ပါတယ်။

ကဗျာလေးကောင်း၏

Cameron said...

အချစ်ရဲ့နာကျင်ခံစာမှုတွေဟာ ကဗျာကောင်းစာကောင်းတွေ ထွက်ပေါ်လာစေတယ်ဆိုတာသိပ်မှန်တယ်ဗျာ...

Anonymous said...

မှန်မှန်းသိရက်နဲ့ ငါကြောက်ခဲ့၏ ...။
မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။


း)

~ဏီလင်းညို~ said...

ကိုတူးရေ...
အစ်ကိုတော့ ကဗျာလေးဖတ်ပြီး....ငိုချင်မိသလိုလိုပဲကွာ...။
(ခံစားတတ်လွန်းလို့လေ...)

ခင်မင်တဲ့
ဏီလင်းညို

သိင်္ဂါကျော် said...

အချစ်ငတ်ရင်.. အချစ်အသစ်ကို ရှာပေါ့...
အချစ် ဆိုတဲ့ စကားလုံးကိုတော့ မသဂြိုလ် လိုက်ပါနဲ့... :P

ညီညီ said...

မှန်မှန်းသိရက်နဲ့ ငါကြောက်ခဲ့၏ ...။
မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏ ...။
မရမှန်းသိရက်နဲ့ ငါချစ်ခဲ့၏ ...။
မနိုင်မှန်းသိရက်နဲ့ ငါစတေးခဲ့၏ ...။

တကယ်တော့လည်း
တောင်စွယ်နေကွယ်ရင်ဖြင့်
အနောက်ဘက်ယွန်းယွန်းမှာ
“အချစ်” ဆိုတဲ့ စကားနှစ်လုံးကို
ရာဇသံပေးလို့ သဂြိုလ်သွင်းရင်တောင်
“ချစ်တတ်တဲ့ငါ ... အချစ်ငတ်တဲ့ အခါ”
ဘ၀တခြားမှာ သဘာဝတရားလို
သေစားသေစေ ခံစားစေမယ် ...။
****************************
တော်တော်ခံစားချက်ပြင်းပြင်းပဲခံစားသွားတယ်ဗျာ.။
ချစ်တတ်လိုက်တာ အစ်ကို ည ရယ်.။

ကဗျာလေးဖတ်ပြီး ဂေါင်ဂေါင်လေးဖြစ်သွားတယ်...

ဖြစ်လေရာဘ၀တိုင်းမှာ အချစ်စစ်ကို ပိုင်ဆိုင်ရပါစေ အစ်ကိုရေ.။

ညီညီ said...

ပြောချင်ဇောနဲ့ စွတ်ပြောတာ ငေါင်ငေါင်တောင် ဂေါင်ဂေါင်ဖြစ်သွားတယ်.။

ဒါလည်းပြောဘို့ကျန်သွားတယ်.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

မြစ်ကျိုးအင်း said...

မှားမှန်းသိရက်နဲ့ ငါလျှောက်ခဲ့၏

သိပ်မှန်တာပဲဗျာ

Anonymous said...

ဒိုင်းခနဲ...မှန်ချက်ကယ်...သွေးစိမ်းရှင်ရှင်တွေတောင် ဒလဟောစီးဆင်းလို့ နေတယ်...(lover star)

နှင်းရဲ့သံစဉ် said...

when i read this poem, I think you know exactly what i feel rite now. The whole poem reflects my love story rite now. Exactly the same. It was like I see through my own feelings. Thanks for the poem. Just let you know that i copy your poem on my facebook. Really love it.

ညလင်းအိမ် said...

်friend,
You can copy and share any other because this poem is appeared inside my heart. When I wrote this poem, I felt with tears and hurts. I think my love is a right love for her. Whenever she made me anything, i forgive her because i have never lasting love.Thanks for coming me.

With Regards,
skyofnights

linn said...

မောင်လေးရေ...
တောင်းတဲ့ဆုတွေ ပြည့်ပါစေ ..နော ..
အဲလောက်ခံစားတတ်တာတွေကိုလဲ ရည်ရွယ်သူ အမြန်ဆုံး သိပြီး ထပ်တူထပ်မျှ နားလည်နိုင်ပါစေ ...
ခင်မင်စွာဖြင့်..
အစ်မလင်း..

flowerpoem said...

နာကျင်မှုတွေ သက်သာပါစေ ညရဲ့ ကောင်းကင်ရေ အချစ်စစ်အတွက် တစ်နေ့မှ ကောင်းသော တုံ့ပြန်မှုတွေ ရနိုင်ပါစေရှင် :)

မိုးခါး said...

မျှော်လင့်ရင်းချစ်ရတယ်ဆိုတာ
တကယ်တော့
ရှုံးမှန်းသိရက်နဲ့ ကိုယ့်ကိုကိုယ် သတ်နေတာ ...။

မိုက်တယ်
လက်ခံတယ်
ကိုယ့်ကိုတော့ သတ်မသေဘူး :D