Tuesday, December 8, 2009

ရှိနေကြမယ်

ပြိုင်ဘက်ကင်း အလင်းနဲ့
ချစ်ခြင်းတွေ ရောယှက်
အပြုံးတခက် ဆက်တဲ့ရက်
နှုတ်ခွန်းချို တစ်မနက်မှာ
စကားတွေဆို လိုသလိုညှိဖို့
ပျားသကာလိုချို နှစ်ကိုယ်သာ အသိမို့
လူတကာမသိလေတောင်
ရင်မှာရှိနေကြမယ်
ထာဝရ  မပျက်သုန်းပဲ
သီကုံးကြမယ့် အချစ်ပုလဲလုံးတွေနဲ့ ...။

ဘာရယ်မဟုတ်ပါဘူး ရင်ထဲမှာ ရှိတာလေးကို ပြောချင်တာပါ။

17 comment[s]:

အဖြူရောင်နတ်သမီး said...

“ရှိနေကြမယ်”....
ကောင်းတယ်ဗျို့.....
အားပေးလျှက်....

ဂျပန်ကောင်လေး said...

ဟီးဟီး.. ချစ်တတ်လိုက်တာ အစ်ကိုရာ.. ဒီတစ်ခါ ကဗျာလေးကိုဖတ်ရင်းနဲ့ ကြည်နူးလာလိုက်တာ.... ဒီခောတ်မှာ ဒီလိုကဗျာလေးရေးတတ်တာ .ချီးကျူးပါတယ်..ုအခုခောတ်က မော်ဒန်ကဗျာချည်းပဲ လုပ်နေကြတာလေ..အဖွဲ့လေးတွေ လှတယ် အစ်ကို...း)

သိင်္ဂါကျော် said...

ရှိနေကြဖို့သာ အရေးကြီးတာပဲ နော..

ညီညီ said...

အချစ်ပုလဲကုံးလေးတွေကို
သီကုံးကြမယ် အစ်ကိုရေ.။

ခင်မင်လျှက်

ညီညီ

ဝေလင်း said...

ကဗျာလေးကလှတော့ လှသားဗျ။ ကာရန်ပဲဖြစ်ဖြစ်၊ မော်ဒန်ပဲဖြစ်ဖြစ် ကဗျာက ကဗျာဖြစ်နေဖို့သာ အရေးကြီးတာမဟုတ်လားဗျာ...။ လှပတဲ့ကဗျာလေးပါ။

Beauty Studio USA Branded Store said...

ကဗျာလေးက နူးညံ့သိမ်မွေ့မှုရှိလိုက်တာဗျာ။

~ဏီလင်းညို~ said...

ကိုတူးရေ...
ပုလဲလုံးဘယ်နှလုံးလည်းကွ...ညီလေးရ...:D
(ကဗျာလေး...တစ်ကယ်ချို၏။ အင်းးးးးး )

ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

အင်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူးဗျာ . . . . အခု နေသားထိုင်သားကျသွားပြီးပေါ့ ဟုတ်စ လွမ်းပြီးသွားပြီးလား အကို

Cameron said...

ဘာရယ်မဟုတ်ဘူး...ဆိုပြီး ကဗျာကောင်းတွေ ထွက်ထွက်လာတယ်....

အာပေးလျက်ပါ
မိုးငွေ့

Welcome said...

ရင်ထဲရှိတာတွေကို
ရင်နဲ့ ဖတ်သွားပါတယ် ..

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

မြတ်မွန် said...

ဟုတ်တယ်နော်..။
ရင်ထဲရှိနေတာက
ဘယ်လိုဝေးနေနေ..
နီးနီးလေးလိုပါပဲ..။
ကဗျာလေးက တိုတိုလေးနဲ့ ပြည့်စုံတဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပဲနော်..။
ဆရာတွေကတော့ ရေးတက်ပါ့..။
လေးစားစွာဖြင့်
မြတ်မွန်

Anonymous said...

ဘယ်လောက်ဝေးဝေး
ရင်ထဲမှာ အချစ်ရှိနေတော့
နီးနီးလေးပေါ့

linn said...

အင်း.... မောင်လေးရေ...
အလွမ်းတွေချည့် ပြည့်မနေရင်ပြီးသာပဲ ... အချစ်ပုလဲလုံးကတော့ ကြိုက်သလောက် သီကုံးပေါ့ ... နော ..
ခင်မင်စွာဖြင့်...
အစ်မလင်း

မေကျော် said...

ကြည်နူးစရာပဲနော.... :)

flowerpoem said...

ကဗျာလေးက လှတယ် ညရဲ့ ကောင်းကင်ရေ

မိုးစက်အိမ် said...

လူတကာမသိအောင် အချစ်ပုလဲလုံးတွေ
သီကုံးမယ် . . . ကောင်းတယ်ဗျာ . . .
ကဗျာအတွေးတော်တော် ကောင်းတယ်

မိုးခါး said...

ရှိနေနိုင်ပါစေ ..း))