Thursday, December 3, 2009

သုံးရာသီ တမ်းချင်း



“မိုး” တွေစွေတိုင်း
မျက်ဝန်းစိုစို
ပုလဲခိုလို့
အလွမ်းမပို ရပါစေနဲ့  မေ ...

“ဆောင်း” နှင်းဝေတိုင်း
ရင်ထဲမှာညို
အမုန်းပိုကို
မထွေးပိုက် ရပါစေနဲ့  မေ ...

“နွေ” နေပူတိုင်း
နှလုံးအိမ်ကို
ရူးသွပ်စေဖို့
မခံစား ရပါစေနဲ့  မေ...

“နွေ” နဲ့ “မိုး” “ဆောင်း”
ဘယ်လိုပြောင်းလဲ
ပျော်ရွှင်မှုတွေ
အစဉ်ထာဝရ
ခံစားစေဖို့
ဆောင်ကျဉ်းပေးလေ ... ချစ်သူရေ ...  ။

လွန်ခဲ့သော တစ်နှစ်ခန့်က ရေးခဲ့တဲ့ ကဗျာ လေးပါ...။

17 comment[s]:

~ဏီလင်းညို~ said...

ကိုတူးရေ...
ငါ့ညီဆုတောင်းလေးတွေ ပြည့်ပါစေကွာ...။

ခင်မင်တတ်တဲ့

ဏီလင်းညို

ကောင်းကင်ပြာ said...

နွေရက် မိုး ဆောင်း ဘယ်လိုတွေ ပြောင်းပြောင်း အချစ်တွေ မပြောင်းပဲ ချစ်နေနိုင်ရင် အကောင်းဆုံးပါပဲ..း)

မြတ်မွန် said...

“နွေ” နဲ့ “မိုး” “ဆောင်း”
ဘယ်လိုပြောင်းလဲ
ပျော်ရွှင်မှုတွေ
အစဉ်ထာဝရ
ခံစားစေဖို့
ဆောင်ကျဉ်းပေးနိုင်မဲ့ ... ချစ်သူလေးတစ်ယောက် ညန်ညန်တွေ့ပါစေ..။
ခင်တဲ့
မြတ်မွန် .

ဂျပန်ကောင်လေး said...

ကဗျာတွေကတော့ နုရွနေအောင် ဖွဲ့တတ်ပါ့ဗျာ... ချီးကျူးမိပါတယ်... ကိုယ်တိုင်ကတော့ တခါတလေ ကိုယ့်စာကြည့်ခန်းထဲမှာ အဝေးက လမင်းလေးကို ကြည့်ပြီးတော့ အလွမ်းတွေကို ကဗျာအဖြစ်ပြောင်းဖို့ ကြိုးစားခဲ့ဖူးပေမယ့် ..အဟီးဟီး.. တလုံးမှ ထွက်မလာဘူး....း)

Welcome said...

နှစ်သက်စရာ စကားလုံးတွေနဲ့ ဖန်တီးထားတဲ့ ကဗျာလေး ကောင်းတယ်။

ပျော်ရွှင်ပါစေ ...

ဒဏ္ဍာရီ said...

ကဗျာလေးထဲက အတိုင်း နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး အလွမ်တွေ ကင်းလို့ အစဉ်ထာဝရ ပျော်ရွှင်ခြင်းတွေ ပိုင်ဆိုင် နိုင်ပါစေ မောင်လေးရေ ...။

ခင်မင်လေးစားလျှက်

မောင်သီဟ said...

သြော် အလွမ်းတွေတူနေပြီး)
အလွမ်းတွေကိုစုပြီး အလွမ်းဘဏ်ဖွင့်ရအောင်
း)

Cameron said...

သုံးရာသီပတ်လုံး ပျော်ရွှင်မှုပေးနိုင်တဲ့သူနဲ့ဆုံတွေ့နိုင်ပါစေ

flowerpoem said...

ကဗျာလေးကို ဖတ်ပြီး လွမ်းသွားတယ်. . ချစ်သူတွေ အားလုံး အဆင်ပြေပါစေ...

linn said...

မောင်လေးရေ ..
ကဗျာတွေ ဖတ်ရတိုင်း အလွမ်းတွေချည့် တွေ့နေရလို့ ...
လွမ်းရခြင်း ဒုက္ခမှ အမြန်ဆုံး ကင်းဝေးပါစေ ..
ခင်မင်စွာဖြင့်
အစ်မလင်း

Beauty Studio USA Branded Store said...

သုံးရာသီ ခံစားချက်က အသက်ဝင်တယ်ဗျာ။ =)

မြစ်ကျိုးအင်း said...

အချိန်တိုင်း အတူတူရှိနေပြီး ပျော်ရွှင်ရရင် သိပ်ကောင်းမယ်ထင်တယ်။

ဇော် said...

အတော်လှတဲ့ ကဗျာလေးပဲဗျာ ..
စကားလုံးတိုတိုလေးတွေနဲ့ ရင်ကိုအတော်ထိစေတယ် .. =)

ဆောင်းနှင်းရွက် said...

ဘယ်လိုတွေပဲ ဖြစ်နေ ဖြစ်နေ ပေါ့ ..
ပျော်ရွှင်မှု့တွေ ရပါစေလို့
ဆုတောင်းပေးသွားပါတယ် ..

ကဗျာ စပ်တာ အလွန်ကောင်းသော
ကို ညရဲ့ ကောင်းကင် ရေ ... ။

မိုးစက်အိမ် said...

သုံးရာသီတမ်းချင်းကို လွမ်းချင်းလေးလို
စာသားနုနုလေးတွေနဲ့ ရေးသွားတာ ကောင်းတယ်ဗျာ
ဥတုရာသီတွေပြောင်းနေပေမဲ့  ရင်ထဲက အချစ်တွေ
မပြောင်းလည်းဘဲခိုင်မြဲပါစေဗျာ . . . :)

မိုးခါး said...

ဆန္ဒတွေပြည့်ဝပါစေ ..း))

စံလင်းထွန်း said...

အရေးအဖွဲ့အိုက်ဒီယာတွေကတော့ ကျွန်တော်ကြိုက်တဲ့ ပုံစံမျိုးလေးတွေပဲဗျာ။

ဒီတစ်ပုဒ်ထဲတင်ပြောတာမဟုတ်ဘူးနော်.။ ဖတ်မိသမျှကို ခြုံငုံကြည့်ပြီးတော့ ကောင်းတယ်လို့ပြောတာ။

အားပေးသွားပါတယ်။