Thursday, November 19, 2009

“နတ်သမီးအတွက် ကဗျာ”

ဒီကဗျာလေးကို အစ်မ အဖြူရောင်နတ်သမီး ရဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ (ဒီနေ့)မှာ ကျရောက်တဲ့ မွေးနေ့လေးအတွက် ရေးစပ်ပေးထားတာပါ။
အစ်မ ရှင်သန်ရာ ဘ၀တလျှောက်လုံးမှာ ပျော်ရွှင်ခြင်း ကျန်းမာခြင်း တွေနဲ့ ကိုယ်ရည်မှန်းထားတဲ့အရာ
မျှော်လင့်ထားသော စိတ်ကူးတွေနဲ့ အတူ ရှေ့ဆက်နိုင်ပါစေ။
ထာဝရ ပျော်ရွှင်နိုင်တဲ့ ပူလောင်ခြင်းတွေကင်းတဲ့ နေ့ရက်မျိုးကို ပိုင်ဆိုင်နိုင်ပါစေ။
အစ်မချစ်တဲ့ ကဗျာတွေ အစ်မတန်ဖိုးထားတဲ့ စာပေတွေကို ဆထက်တပိုး ထမ်းရွက်နိုင်ပါစေဗျာ။
ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ဒီကဗျာလေးကို လက်ခံပေးပါ။
မွေးနေ့ရှင်အစ်မအတွက် ကျွန်တော့်ဘလော့ဂ်မှာ ဤကဗျာလေးဖြင့် မွေးနေ့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
~~~~~~~
“နတ်သမီးအတွက် ကဗျာ”


အကာအရံ များစွာနဲ့
ကန့်သတ်ပိုင်းခြားထားသော
ကမ္ဘာ့နံရံများကြားက
ဖောက်ထွက်လာတဲ့ အလင်းတန်း
ကမ္ဗလာမြေလွှာတွေ လန်းစေဖို့
နတ်ပျိုမင်းသမီးကို
ရက်တိုတို အလင်းနဲ့
ချက်ချင်း ဖန်ဆင်းလိုက်တယ် ... ။

ပျိုးပျိုးပျက်ပျက် လက်နေတဲ့
သူ့ ... မှော်ဝင်ကကွက်တွေမှာ
ရာဇ၀င် တင်စေဖို့
အချင်းနဲ့အလင်းကို ပေါင်းဖက်
တတ်စွမ်းသမျှ အတတ်နဲ့
ဖြတ်သန်းရတဲ့ လမ်းမှာ
ကံဥာဏ်ဝီရိယဆိုတဲ့ နှင်တံနဲ့
ကိုယ့်ကိုကိုယ်မောင်း
အုပ်ထိန်းမှုကောင်းခဲ့တယ် ... ။

နာကျင်မှုတံတိုင်းလည်း
ကျောခိုင်းခဲ့တယ် ...
ဝေးကွာမှုပင်လယ်လည်း
ကမ်းလွန်ခဲ့တယ် ...
အလွမ်းဆိုတာတော့
လူသားတိုင်းနဲ့ ထပ်တူထပ်မျှပေါ့  ... ။

နတ်သမီးပေမယ့် တချက်မငြီးခဲ့ပါဘူး ... ။

လိုရာကိုထုဆစ် ကျူးရင့်ဖို့ဆို
မြူးဇစ်နဲ့လည်း ထပ်တူကြတယ် ... ။

အရူးရင့်မယ့် ကံကြမ္မာလည်း
တူးခြစ်လို့ အကောင်းမြင်
ပူးဆစ်လို့ ပေါင်းသင်ခဲ့တယ် ... ။

ဝါသနာကိုရှေးရှု ကဗျာတွေပြုလို့
စာအစုစုကိုလည်း ကလောင်မှုပြုခဲ့တယ် ... ။

သူ ... အဖြူရောင်နတ်သမီး
ယူဆောင်ခြင်းအလင်းလေးနဲ့
လေထဲက ဖယောင်းတိုင်လို
ပူလောင်ခြင်း ကင်းဝေးစွာ
စေတနာဒလဗွနဲ့ ဒဏ်ရာတွေရနေပ(ပါ)စေ
လူသားအကျိုးပြုဖို့
လောင်ကျွမ်းသမှု ပြုခဲ့တယ် ... ။

ဒီလိုနဲ့ နိုဝင်ဘာ (၁၉)
နေ့ပျိုးရက်တစ်ရက်မှာ
နတ်သမီးမွေးနေ့
ချက်ချင်းစေ့တော့မယ် ... ။

ပြန်ကြည့်လိုက်ပါ ... နတ်သမီးရဲ့ဒိုင်ယာရီ
လျှောက်ခဲ့သမျှ ခြေလှမ်းတိုင်းဟာ
စမ်းတ၀ါးဝါးမဖြစ်ခဲ့ဘူး ... ။
ဖောက်ခဲ့သမျှ လမ်းတိုင်းဟာလည်း
တကိုယ်ကောင်းအတွက် မဟုတ်ခဲ့ဘူး ... ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့
အကြောင်းမရွှေ့သရွေ့တော့
လူသားထုအကြား ရွေ့လျားနေမယ် ... ။

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး ... ။
~~~~~~~~
ခင်မင်လေးစားမှုဖြင့်
ညရဲ့ကောင်းကင်

8 comment[s]:

Anonymous said...

ကမ္ဘာတွေ ပျက်သုဉ်းလို့
မဟာမြေ တဖက်လုံးမှာ
မြေဆီလွှာတွေ ခမ်းခြောက်
ရေတာတွေ ကျိုးပေါက်ကုန်ရင်တောင်
နတ်သမီး အဆင်းနဲ့
ချက်ချင်း လင်းလိုက်မယ် ...
ကမ္ဘာမြေအတွက်ဆို
ထာဝစဉ်စောင့်ကြပ်မယ့်
သူ ... အဖြူရောင်နတ်သမီး .

အဆုံးသတ်လေး စကားလုံးခတ်သွားပုံက လှလွန်းတယ်ဗျ . . .

နတ်သမီးတော့ မသိဘူး ကျွန်တော်တော့ ဒီကဗျာလေး တော်တော်ခိုက်သွားတယ်ဗျ

အဖြူရောင်နတ်သမီး said...

ပြောမနေနဲ့ ကိုဗညားရေ...
Heart ထိသွားလို့...
ကဗျာတဝက်မှာတင် ခန နားနေရတယ်...
နောက်နေ့မှ ဆက်လာဖတ်မလားလို့...
ဒါလဲပဲ...ပြီးချင်မှပြီးအုံးမှာပါ...
နောက်တရက်ထပ်ဖတ်ရအုံးမယ် ထင်တာပါပဲ...
း)...

ဒဏ္ဍာရီ said...

မောင်လေးရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးက အရမ်းကောင်းတယ်..။ ကဗျာမရေးတတ်တဲ့ အမ အတွက်တော့ စာသားတိုင်းဟာ အတုယူစရာပဲ မောင်လေးရေ...။

နောက်ဆုံး အပိုဒ်လေးကို အနှစ်သက်ဆုံးပဲနော်။

ခင်မင်လေးစားလျှက်

အရုပ်ကလေး said...

ကဗျာကိုဖတ်မိချိန် နှလုံးသွေးပြန်ကြော ထထပွက်တာ ...
ဒီကဗျာကို ဖတ်မိချိန်မှာပေါ့ ..။ ကဗျာရေးသူရဲ့ အတွေးကို လေးစားတန်ဘိုးထားပါတယ် ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

အရုပ်ကလေး said...

ကဗျာကိုဖတ်မိချိန် နှလုံးသွေးပြန်ကြော ထထပွက်တာ ...
ဒီကဗျာကို ဖတ်မိချိန်မှာပေါ့ ..။ ကဗျာရေးသူရဲ့ အတွေးကို လေးစားတန်ဘိုးထားပါတယ် ..။

ခင်မင်စွာ
idulize(အရုပ်ကလေး)

Beauty Studio USA Branded Store said...

ကဗျာလေးက ကောင်းလိုက်တာဗျာ။မွေးနေ့ရှင် အဖြူရောင်နတ်သမီးအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့လေးဖြစ်ပါစေဗျာ။

ဂျပန်ကောင်လေး said...

း).. ကိုယ်တိုင်က ကဗျာမခံစားတတ်လို့ ကိုဗညားထောက်ပြမှပဲ ကဗျာလေးကိုသတိပြုကြည့်မိတယ်... စကားလုံးသုံးတာတွေ နုပြီးတော့ မိုက်တယ်... မွေးနေ့ရှင်လည်း Happy Birthday! ပါဗျာ...

~ဏီလင်းညို~ said...

နတ်သမီးတော့ မသိပါဘူးကွာ...။
အစ်ကိုကတော့...အသက်မရှုမိဘဲ..ဖတ်သွားမိတယ်ကွာ....
အရမ်း...ကောင်းတယ်ညီလေး....