Sunday, November 8, 2009

☺ ငါ့ရဲ့ လမင်း ☺





ရှင်းသန့်တဲ့ ရင်ခွင်မှာ
အစဉ်ထွန်းလင်းနေတဲ့ လမင်း
ပြည့်ဖြိုးနေလိုက်တာက
လှရက်လိုက်တာ ... ။

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

အရာရာ တိတ်ဆိတ်နေပေမယ့်
အလိုက်မသိတာက ... ငါ
ရှိုက်မိတဲ့လေထုနဲ့တောင်
ဝင်သက်ထွက်သက် မမျှသလိုနဲ့
သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း
အငိုက်မိတဲ့ နှလုံးသားနဲ့
ငါ ... မောက်မားမိခဲ့တာပေါ့ ... ။

ဒါပေမယ့်လည်း
ရင်ထဲကလမင်းမို့
အပြစ်ကင်းတဲ့ မြှားတစင်းကို
နင့် ရင်တွင်းသို့
ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့  ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။

4 comment[s]:

အဖြူရောင်နတ်သမီး said...

ကဗျာလေးအရမ်းကောင်းတယ်...
နတ်သမီးရဲ့မွေးနေ့မှာ ကဗျာလက်ဆောင်ပေးဖို့
မမေ့နဲ့အုံးနော်..
နီးနေပြီ..နိုဝင်ဘာ၁၉....

Anonymous said...

မဟူရာညပေမယ့်
မတူတာတခုကတော့
နင်ဖြန့်ကျက်တဲ့ အလင်း
ငါ့ရင်ကိုခင်းထားတာက
လွမ်းမောလိုက်တာ ... ။

ခံစားချက် အပြည့်နဲ့ ရေးထားတာမို့လား မသိဘူး ဖတ်ရတာ ထိရှတယ်

Unknown said...

သန်းခေါင်ယံညဉ့်အဆင်းမှာ
အသူရာတွေစစ်ခင်းသလို
အမူအရာတွေပစ်သွင်းရင်း

ကာရံ အယူကို ကြိုက်ပါတယ် ။ အဓိပ္ပါယ် သက်ရောက်မှု လည်းရှိတယ်။

ဒဏ္ဍာရီ said...

လာလည်သွားတာ ကျေးဇူးတင်ပါတယ်ရှင်...
နွယ်လည်း လင့်ထားလိုက်တယ်နော်။ အသစ်တင်တိုင်းလည်း သိရအောင် လင့်ခဲ့ပါတယ်။
ကဗျာတွေကို မြတ်နိုးပေမယ့် ကဗျာမစပ်တတ်တဲ့သူပါ။

ချစ်ခြင်းစေတမန်နဲ့
ဖြစ်ခြင်းတွေ အစီရင်ခံလိုက်မယ်
နင့်ရဲ့ ...
နှလုံးသားကို
ငါ့ဆီ ...
တဖန် ပို့လွှတ်လှည့်ပါ ... ။
ဒီအပိုဒ်လေးကို နွယ် အရမ်းနှစ်သက်မိတယ်။

ပျော်ရွှင်ပါစေရှင် ....

ခင်မင်လေးစားလျှက်