Friday, November 6, 2009

သခင်


တွယ်ငင်ရစ်သည့်
နှောင်ကြိုးမျှင်ဖြင့်
ပတ်ကာထားသည့်
သံယောဇဉ်မျိုး
ရင်၌ပျိုးသည်
သခင်သိပါလေစ ။

လွန်ခိုင်မြဲသည့်
စကားထွေနှင့်
ချိုမြိန်လှသည့်
အချစ်နွံမျိုး
ရင်၌ကျွံသည်
သခင်သိပါလေစ ။

သခင်စိတ်ဖောက်
ကောက်မှာစိုးလို့
စိုးကြောက်ရင်ထဲ
မ၀ံ့ရဲပဲ
ဆိတ်ဆိတ်ငြိမ်သက်
သခင့်တွက်ဆို
နေ့ရက်မတွက်
ပေးဆပ်ရက်သည်
သခင်သိပါလေစ ။

သခင့်ရိပ်နှင့်
ကျွန်ုပ်စိတ်ဒွန်တွဲ
လွန်ဆွဲမိတောင်
တရက်သော်မှ
မျက်တော်မရှ
အပါးတော်မြဲ
နေရဲချင်သည်
သခင်သိပါလေစ ။

သခင်မုန်းလို့
ရှုံးသွားရင်လည်း
လုံးမပါးပဲ
နှလုံးသားကို
အပြုံးများနဲ့
ပေးဆပ်ရဲသည်
လိုရာပြုဖို့
ထုဆစ်ပါတော့
အို ... သခင်ရယ် ... ။

9 comment[s]:

~ဏီလင်းညို~ said...

ဖတ်ရတာ...ခံစားရတယ်ဗျ...။
(တော်တော်ဆိုးတဲ့ သခင်...)

အဖြူရောင်နတ်သမီး said...

သခင်သိနိုင်မှာပါ...

သိင်္ဂါကျော် said...

သခင် သိစေချင်ရင်လည်း ပြောပြမှပေါ့.. :)

ပုံ့မေ said...

ကဗျာမိုက်တယ်...

သခင်ပြုစား လှည့်ဖျားရက်လေ
ဒီမောင့်ရင်မှာ ဗလောင်ဆူဝေ...

သို့ ရှိစေ...

အပါးတော် မြဲနေ
ခွင့်လွှတ်တော်မူလေ။

မြတ်နိုးမှုထွေ ကြားသိစေ
ချစ်သောသခင် ချစ်မျက်ခြယ်။

ခိခိ.... ကိုယ့်ဟာကို စပ်ပြီး တော်တော်ခိုက်သွားတယ်... ကိုကောင်းကင် မေသူ ယူသွားမယ်နော်.... မေသူ့ ဆီမှာတင်မလို့ ...... ဟိဟိ

ကိုကောင်းကင် သခင်လဲ သိမြင်နိုင်ပါစေ.....

moekhar said...

သခင် သိပါစေလေး))

တလနွန် said...

အချစ်သခင် သိပါစေ..........
ကဗျာလေးဖတ်ပြီး ကောင်မလေး ကောင်းကောင်းနာလည်သွားမှာပါ။

kiki said...

မပြောမပြီး ၊ မတီးမမြည် တဲ့လေ..
သိစေချင်ရင် ပြောလိုက်ပေါ့ ။
တချို့ က ဟန်ဆောင်ကောင်းတတ်ကြတာ ။
ပြောဖို့ က ကိုယ့်တာဝန် ။
လက်ခံ မခံက သူ့ ဆုံဖြတ်ချက်ပဲ မဟုတ်လား ။
နောက်မှ နောင်တ မရစေနဲ့နော် ..း))

( ညရဲ့ကောင်းကင်မှာ ကြယ်တွေများနေလို့ တော်ပါသေးရဲ့  .. အဖေါ်မမဲ့တော့ဘူးပေါ့ ) ..

နေမိုးဝေ said...

စိမ်းခက်စုရုံး
သခင်မုန်းလျှင်
ရင်သုဉ်းပျက်ရွေ့
ညနေ့မပျော်
နွမ်းရင့်ရော်ချင်
သခင်မသိ
မချိရင်မှာ
သခင်သိပါ။ ။

ဘာရယ်မဟုတ်ပါဘူး ကဗျာလေးသဘောကျလို့ တုပြီးလိုက်ရေးကြည့်တာ။

Beauty Studio USA Branded Store said...

အရမ်းကောင်းတဲ့ လေးလုံးစပ်ကဗျာလေးဗျာ။
စာသားလေးတွေကလဲ နူးညံသိမ်မွေ့မှုတွေ အပြည့်နဲ့။