Sunday, June 28, 2009

လေလှိုင်းဆီသို့...

စူးရှရှမျက်ဝန်း
သေးလျတဲ့ သူ့အပြုံးက
ရင်ခွင်မှာအကြည်ဆိုက်
ခိုက်လိုက်မိတာ...

နူးညံ့ညံ့ဆံနွယ်
လေယူရာတိမ်းတော့
အမူအရာတွေအယိမ်းမှာ
အကြင်နာတွေရင်မှာပိုက်
ချစ်လိုက်မိတာ...

ဒီလိုနဲ့...
ချိုမျမျစကားသံ
ကြားရဖန်များတော့
တနေ့တနာရီဝေးရင်တောင်
အလွမ်းကုဋေရှည်တယ်ထင်မို့
အမြဲတစေ ကြားချင်ပြန်တော့
လှမ်းလာခဲ့မယ်လေ
ချစ်သူရှိရာ လေလှိုင်းဆီသို့...

2 comment[s]:

Kaung Kin Ko said...

ကဗျာလာဖတ်တယ်ညီ။ ချစ်သူက အဝေးမှာထင်တယ်။

ညလင်းအိမ် said...

ဟုတ်တယ် အစ်ကို.......
လာဖတ်လို့ကျေးဇူးပါ..
အစ်ကို့ကဗျာတွေကို အရမ်းကြိုက်တာ...
ကဗျာတွေက ကာရန်နဲ့ စာသား လိုက်ဖက်ညီမှုက အရမ်းလှတယ်ဗျာ...