Monday, February 25, 2013

" ခွဲ "

"၁" နှစ်ခါ ထပ်သွားတဲ့ နေ့စွဲ
လမ်းခွဲပဲ (အဲ့ဒီနေ့) ပေါ့ ..
မခေါ်ပဲ အတင်းလာ
မနှင်ပဲလဲ ပြန်သင့်ပါပြီ ...
မြို့ ပြညတွေကိုတော့
လွမ်းနေရအုန်းမယ် ...။

အလုံးအရင်း တိုးဝင်လာကြတဲ့
တံခါးပေါက်တစ်ခုကို
ကိုယ်က အားမသုံးပဲ
ရအောင် ထွက်ခဲ့တယ် ...။

ပြောပြီး မလုပ်နိုင်သူတွေထဲ
ကျွန်တော် တိတ်တိတ်လေး လက်မထောင်ပါတယ်
သူရဲကောင်းအဖြစ် နဲ့ပေါ့ ...။

မင်း "ရူး" နေတာလားလို့
ပြောသူတိုင်းကို
ကျေးဇူးတင်ပါတယ်လေ ...
ကျွန်တော်ကိုယ်တိုင်က
ရုးသွပ်နေရတာ သဘောကျတယ် ...။

သစ်ရိပ်လေးတွေ မငိုပါနဲ့ ...
ကိုယ်က သင်းကွဲမဟုတ်ကြောင်း
မင်းတို့က သက်သေထူခဲ့ပြီးပြီ ...။

လမ်းကလေးကတော့ ဆွေးပေတော့ကွာ ...
ကိုယ် မလာနိုင်တော့တဲ့ နေရာမှာပဲ
မင်း ရှိနေပေးပါ
ကိုယ့် လိုလူတွေကို အားပေးပါဦး ..။

နှုတ်ဆက်တယ်ဆိုတာ
ပြန်မတွေ့တော့မယ့် သူတွေအတွက်ပါ
ကွန်တော်ကတော့ ကိုယ့်လက်ကိုယ်ဆွဲ
ခွဲထွက်ခဲ့ပြီ ...။

အမြစ်တွေ မတွယ်ချင်တော့ပါဘူး
လောကမှာ ကိုယ့်ရေသောက်မြစ်
ကိုယ်ဖြတ်လိုက်တဲ့ သစ်ပင်တစ်ပင်ဟာ
ခြသေ့င်္ကျွန်းမှာ ရာဇ၀င် အဖြစ်နဲ့ပေါ့ ...။

ညလင်းအိမ်
(၂၅.၂.၂၀၁၃)

3 comment[s]:

Aunty Tint said...

'ကျွန်တော်ကတော့ ကိုယ့်လက်ကိုယ်ဆွဲ ခွဲထွက်ခဲ့ပြီ' ပြတ်သားတဲ့စိတ်ဓာတ် အဓိဌာန်ချပြီး ခြင်္သေ့ကျွန်းမှာ သမိုင်းတစ်ပုဒ် ဖန်တီးတဲ့ ကဗျာလေး အားပေးသွားတယ် ကိုတူးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

တကယ့်အဖြစ်အပျက်လေးပေါ့

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးးး
ကိုကိုညလင်းရေ...ရှင့်ကို ပြန်တွေ့ရသေးတယ်ပေါ့
ဘလော့ပေါ်မှာ...တကတည်းးးးးးး
ပျောက်သွားလိုက်တာ အကိုတော်ရယ်...
ဒီမှာ အကို့ကဗျာလေးတွေ ဖတ်ချင်လို့ လာလာ
ချောင်းရတာ အမောဗျ..သိလားးးးးးးးး
ခုမှပဲ ပြန်ဖတ်ရတော့တယ်...ပြန်ဖတ်ရတော့လဲ
တစ်ပုဒ်ဆို တစ်ပုဒ်ဆိုသလောက်လောက် နှစ်သက်ခဲ့
ပါတယ်ရှင်....ကဗျာကောင်းလေးအတွက်
ကျေးဇူးပါနော်....တပုဒ်လုံးကို အရမ်းကြိုက်တယ်:)
ခင်တဲ့...မိုးနတ်