Friday, August 24, 2012

"ဖြစ်စဉ်"

"ဖြစ်စဉ်"

ဒင်းဒေါင် ဒင်းဒေါင် ဒင်းဒေါင်
နှိုးစက်သံကစလို့ ကျွန်တော်တို့ နိုးထကြ
ပျင်းရိမှုတွေကို အိတ်ထဲထည့်
စက်ရုပ်လို သံပတ်နှုံးထားနှင့်
ခြေကျင် ကား ရထား အသီးသီး
ဦးတည်ရာ ထွက်ပေါက်များသို့ ...။

ရှေ့ကြည့် နောက်ကြည့်
သတိနဲ့သွား သတိနဲ့စား
Manager ကို အဖေတင်
Supervisor ကို ဦးချ
Boss ကိုရှောင်ရှား
မသင်ဖူးတော့ ရှောင်လင်ကွန်ဖူးများ
ကျွန်တော်တို့ အလိုလို တက်ကြဧ။် ...။

နာရီသံ တချက်ချက်မြည်သံများ
ရင်ခုန်သံ စည်းချက်အလား
၆ နာရီကို အမြန်ရောက်ပေးပါ
အိမ်ကို ပြန်ချင်လို့ပါ
(ရဲလေး သီချင်းမဟုတ်ပါ)
ခိုးကြောင်ခိုးဝှက် သိမ်းဆည်း
ရထား ကား ခြေကျင်
အလုအယက် တိုးဝှေ့ကြ
ထိုသို့ ထိုသို့ ...
ကျွန်တော်တို့ အိမ်ပြန်ကြဧ။် ...။

မကျေနပ်မှုတွေ တင်းမာမှုတွေ လျှော့ချ
မာနတွေ ခ၀ါချ
ဒယ်အိုးများ ဒန်အိုးများ အိုးခွက်ပန်းကန်များ
ချက်ကြပြုတ်ကြ
စားကြသောက်ကြ
ထိုသို့ ထိုသို့ ...
ကျွန်တော်တို့ ညဉ့်နက်ကြဧ။် ...။

တကယ်တော့
ငှက်တွေလိုပါပဲ
ကျလိ ကျလိနဲ့ အစာရှာထွက်
အချိန်တန်တော့ အသိုက်ပြန်ကြ
မိသားစုရဲ့ နွေးထွေးခွင့်ရကြ
သူတို့ဘ၀က ပိုလိုတောင် လှဧ။် ..။

ကျွန်တော်တို့ကတော့ ...
အပြင်ပန်းလှတဲ့ ခြင်္သေ့ကျွန်းအလှမှာ စီးမြော
စက်ရုပ်လိုသွား
စက်ရုပ်လိုစား
စက်ရုပ်လို စကားများ
ဌာနေပြန်ဖို့ အတွေးများ
စိတ်ကူးနဲ့မျှော်ရေး
ဝေးနေဆဲပါ ...။

(ခြင်္သေ့ကျွန်းမှ သူငယ်ချင်းများသို့)

ညလင်းအိမ်
၂၄.၈.၁၂

8 comment[s]:

လရိပ်အိမ် said...

ဘဝရဲ့ဖြစ်စဉ်တွေပေါ့နော်။ ကဗျာလေးအရမ်းကောင်းတယ်။

သိင်္ဂါကျော် said...

ပျင်းရိမှုတွေကို အိတ်ထဲထည့်
စက်ရုပ်လို သံပတ်နှုံးထားနှင့်
...
ဒီလိုပဲ သွားနေကြရ ဆဲပါပဲ..

မိုးနတ်ကြယ်စင် said...

ကဗျာလေးအားပေးသွားတယ်...ဟိုရက်ကပျောက်နေသလားလို့..မိုးနတ်ဖြင့်အသစ်တင်မလားလို့ လာချောင်းကြည့်ရတာအမောပဲ...ခြင်္သေ့ကျွန်းလား..
ခြေင်္သေ့ကျွန်းလား ..ဟင်? ဆရာလုပ်တာမဟုတ်ဘူးနော်..တကယ်မသိလို့မေးတာပါ

ခင်တဲ့..မိုးနတ်..

ညလင်းအိမ် said...

ကျေးဇူးတင်ပါတယ်ဗျာ .... ကျွန်တော် စာလုံးပေါင်းတောင် သေချာမကြည့်မိဘူး ...

ခြင်္သေ့ကျွန်းပါ ...
တကယ်တော့ စင်္ကာပူကို တင်စားလိုက်တာပါ ...

Anonymous said...

အမှန်ပဲ ...
စက်ရုပ်တွေလိုပဲ ..
တစ်နေ့တစ်နေ့
အားလုံးက သူ့အချိန်နဲ့ သူ
သံပတ် ပေးထားသလိုပဲ .. ;(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

. said...

စက်ရုပ်လိုသွား
စက်ရုပ်လိုစား
စက်ရုပ်လို စကားများ
ဌာနေပြန်ဖို့ အတွေးများ
စိတ်ကူးနဲ့မျှော်ရေး
ဝေးနေဆဲပါ ...။

သေချာလိုက်တဲ့ စကား . . . ဝေးနေသေးတယ် ကိုတူး ဝေးနေသေးတုန်းပဲ

မိုးငွေ့........ said...

ရိုဘော့နံပါတ်ဘယ်လောက်လဲဝေ့....။

Angelhlaing(May everybody be happy and healthy! said...

အမှန်တွေပါပဲအကို... ထမင်းစားသော စက်ရုပ်များ...လို့ အမည်ပေးရမလို...ပါပဲ။