လေညှင်းတချို့ရဲ့ အဖျားခတ်သံက
ပြက္ခဒိန် တစ်အုပ်ကို ဆုတ်ဖြဲသွားတယ်
ဘ၀ရဲ့ အသံတွေ ပီသလာတယ် ဆိုမလား
အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ကြိုးညှိ
ကျွန်တော်လည်း ရင့်ကျက်ချင်ပြီ။
မိုင်တိုင်တွေ ဖြတ်ကျော်သွားတိုင်း
ကိုယ့်ရဲ့ အတ္ထုပ္ပတိက ကြီးလာတယ်
ရယူလိုမှုနောက် ပေးဆပ်မှုတွေ လိုက်ရင်း
အစရှာမရတဲ့ အဖြစ်အပျက်နဲ့
အိပ်မက်တွေ ပေါင်းစပ်ချင်လာတယ်။
ကျွန်တော်လည်း လူသားပဲလေ ...
အနာဂတ်ကို နှစ်ဆယ့်သုံး နှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းပြီး
ကြည့်ချင်ပါသေးတယ်။
တနေ့နေ့ပေါ့ ...
ကျွန်တော့်ရဲ့ သစ်ပင်လေး အရိပ်မှာ ခိုနားရင်း
သာယာလှတဲ့ August လေး ဖြစ်လာစေဖို့
ဒီနေ့ကို "Happy Birthday to Me" လို့
ဆုတောင်းပေးလိုက်တယ်။
ညလင်းအိမ်
(၂.၈.၁၂)
13 comment[s]:
ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝပါစေ :)
Leo တွေ က စိတ်ကြီးတယ် တဲ့ .. :D
ဟက်ပီး ဘက်ဒေး ပါ ...း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ကိုတူးရေ.
မွေးနေ့နဲ့အတူ နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ။
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ဆန္ဒအားလုံး ပြည့်ဝပြီး မိဘကိုလုပ်ကျွေးပြုစုနိုင်သော သားကောင်းလေးတစ်ယောက် ဖြစ်ခွင့်ရပါစေမောင်လေး။
ံHappy Birthday ကိုတူး!!!
အမသဒ္ဓါ
Happy Birthday ....ပါအကို...!!!
လောကကြီးထဲက ဖြတ်သန်းရမည့် မိုင်တိုင်တွေတိုင်းမှာ ကိုတူးချစ်တဲ့သူတွေနဲ့ ပျော်ရွင်ပါစေလို့ ဆုတောင်းပေးပါတယ် . . .
ှဗညားရှိန်
တို့ကတော့ လက်မောင်းတဖက်အားကိုးနဲ့ လောကဂျီးကို တစောင်းကြည့်ပစ်ချင်တာ :D
ဟက်ပီးဘက်ဒေး နော ဘရို
~ Kk ~
ကိုယ့်အမက မွေးနေ့မေ့နေတယ်ဆိုပြီး စိတ်ဆိုးနေလား..။ လုံးဝမမေ့ဘူးနော် အွန်လိုင်းမရောက်လို့သာ wish မလုပ်ဖြစ်တာ...။ သာယာလှပတဲ့ ဒီ Augကစပြီး လိုအင်ဆန္ဒတွေအားလုံးပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်...မောင်တူး ပျော်ရွှင်ပါစေ..း)
ံHappy Birthdayပါဗျာ ။
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေရှင်..
မွေးနေ့က ဖေ့ဘုတ်မှာတော့ ဆုတောင်းပေးခဲ့တယ် ရက်တွေလွန်သွားပေမဲ့ ဘလော့လေးမှာလဲ ထပ်ဆုတောင်းပေးချင်သေးတယ် ကိုတူးရေး)
အသက်ကြီးငယ် မပိုင်းခြားပဲ သိသင့်တာလေးမို့ပါနော်။
'လူသားမှန်သမျှ သမုဒယကြောင့်
လွမ်းရ ငိုရ ပူဆွေးရ၍
သောကပင်လယ် ဝေခဲ့ပြီ။
အပူကင်းပ ငြိမ်းအေးရဖို့
ဓမ္မရိပ်မှာ ခိုနားပါ'
အချိန်အားတဲ့အခါလေးတွေမှာ တရားဓမ္မလေးနဲ့ ပျော်မွေ့တတ်အောင် ကြိုးစားပါလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
HAPPY BIRTHDAY ပါနော် ... မွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာ ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းဖြစ်ပြီး အောင်မြင်ပျော်ရွှင်မှုများကိုသာ ပိုင်ဆိုင်နိုင်ပါစေ အစ်ကိုရေ ... :)
Nice poem, can i shared in my blog coz, my love is August bone as well. i know he will love this.
will come back for your answer.
see ya
Post a Comment