Tuesday, April 5, 2011

“သင်္ကြန်မြင်ကွင်း”

ပိတောက်တွေ ၀ါရွှေဦး
ပင်ဦးမှာ ဖူးပါလို့
ရနံ့ရယ် စူးလှတဲ့
နွေဦးရဲ့ သွန်းချိန်တန်
အတာမိုး သုတ်အဖြူး
လေရူးက ပင့်သက်လျှံ
သင်္ကြန်က မာန်ဝင့်ဝင့်
တန်ခူးနှင့် ပနံ့သင့်လှပေတယ် ...။

အကြို နဲ့ အကျ
အပွင့်တွေ ပြိုကျတဲ့
ရွှေငုဝါ ပွင့်ဖတ်တွေ
ပိတောက်နှင့် အပြိုင်
သင်္ကြန်ကို ဖော်ကြူး
နှစ်သစ်ကို ကူးကြမည်မို့
အချစ်အတွက် ရွယ်စူး
တချို့တွေ ခူးကြမည် ...။

အကြတ် နဲ့ အတတ်
ပိတောက်တခတ်နှင့်
မွှေးနံ့သာပတ်ဖြန်း
ယဉ်ကျေးမှု အတတ်စွမ်းနဲ့
တို့ရိုးရာ သင်္ကြန်
တို့အမျိုးသား ဟန်ကို
တို့တတွေ စောင့်ရှောက်
နှစ်သစ်ကို ဖောက်ရမည် ...။

ခုတော့ ...
နှစ်သစ်လည်းဆန်းပြီ
ရွှင်လန်းစွာပတ်ဖြန်းတဲ့
လမင်း ၀င်းပပ
အလင်းရောင်က လှ လှတယ် ...
အတာရေ အေးအေး
ဘယ်သူ မမွှေးမွှေးပေါ့
ကျွန်တော့်ရင်မှာ အေးလှတယ် ...။

အတာ နှင့် အင်္ကြန်
ပိတောက် နှင့် ငုဝါ
ဒီအရှိန်အ၀ါတွေက
အစဉ်သာ ရောင်စဉ်ဟပ်
ထာဝစဉ် ဒီတစ်သက်မှာ
ကျွန်တော် ...
ဘယ်မေ့ရက်နိုင်ပါ့မလဲ ...။

ညလင်းအိမ်
(၅.၄.၁၁)

6 comment[s]:

မိုးယံ said...

ဘီယာမူးပြီး တဏှာရူးတဲ့ ကာမ ဘီလူးတွေ ရယ်..

မူးရစ်ယမ်းကား ငမိုက်သားများနဲ့


တိုကျပ်ဟိုက်ဖေါ် မယ်မသူတော်တွေ


ဘီယာမူး ဖင်ပြူးပြီး မက ကြရင်..

အော်...အနော်တို့ သင်္ကြန် ဘယ်လောက်များ နန်းဆန်လိုက်မလဲလို့.

Cameron said...

သင်္ကြန်ကိုမခံစားနိုင်ပါဘူး.....။

ခနွဲ said...

သင်္ကြန်ကို လွမ်းတယ်ဗျာ။ အမှတ်ရစရာတွေ မရှိပေမယ့် လွမ်းတော့ လွမ်းတယ်။

sosegado said...

ရှားရှားပါးပါး ထိထိမိမိ ကဗျာလေးပါပဲ၊
ပိတောက်မပွင့်တာလည်းကြာပြီမို့
ငုပင်တွေလည်း ခုတ်ပစ်ခံရပြီမို့
ရှေးတုန်းက သင်္ကြန်ကို ဖွဲ့ထားတာနေမယ်

Unknown said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

ကျမ ပြန်ပြီး မတမ်းတချင်တော့တဲ့...သင်္ကြန်
ကျမ ပြန်ပြီး မလွမ်းချင်တော့တဲ့....သင်္ကြန်
ကျမ ပြန်ပြီး သတိမရချင်တော့တဲ့...သင်္ကြန်

“သင်္ကြန်” ...တဲ့လား....
“ဧပရယ်”...တဲ့လား...
“ပိတောက်”...တဲ့လား...
မပြောပါနဲ့....မပြောပါနဲ့တော့....
ကျမရှေ့မှာ သင်္ကြန်အကြောင်း မပြောကြပါနဲ့တော့.......

“သင်္ကြန်”... ဆိုတာ...
ကျမအတွက်တော့ ကြေကွဲခြင်းတွေစုပုံထားတဲ့ မျက်ရည်သင်္ချိုင်းတစ်ခုပါပဲ...