Saturday, April 2, 2011

“ချစ်ခြင်းဖွဲ့”

သခင့်အတွက် စပ်ဆိုသည့်
ချစ်ခြင်းဖွဲ့ ဒီကဗျာ
ရင်တွင်းအသည်းညှာမှာ
တဆစ်ဆစ်နာတယ် ...။

ရွယ်ရည်လို့ခူး
သီဖူးသမျှ စံပယ်တွေ
ဒဏ်ရာတွေ အဆုပ်လိုက်ပါပဲ
ကြွေ လွင့် နွမ်း လျှ
ရင်မှ တရှရှနဲ့
မျှော်လင့် တမ်းတ လွမ်းနာကျတယ် ...။

သခင့်အလိုစေသား
နှုတ်ဖျားတော် တစ်ခွန်းအထွက်မှာ
ရာဇ၀တ်သားလို ဒဏ်သင့်ပါစေ
နှလုံးသားကို ဖြန့်ခင်း
သခင့် စေရာ နင်းခဲ့ပြီးမှ ...

အခုတော့လည်း
ခဲလေသမျှ သဲရေကျ
သခင့်အလိုအရ
ဝေးနေရတယ် ...။

ဘာပဲဖြစ်ဖြစ်
မညာပဲ ချစ်ပါရစေ သခင်
စံပယ်တွေ မပွင့်သော်လည်း
ဆန္ဒတွေ ပွင့်မယ့်တနေ့
ချစ်ခြင်းဖွဲ့ ဒီကဗျာကို
လေပြေရယ် ဆောင်ယူပါစေသား ...။

ညလင်းအိမ်
(၂.၄.၁၁)

2 comment[s]:

Anonymous said...

အချစ်ဆိုတာ ညာကောင်းဘူး ...း))
အားပေးသွားတယ် ဗျို့ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လင်းခေတ်ဒီနို said...

ရွယ်ရည်လို့ခူး
သီဖူးသမျှ စံပယ်တွေ
ဒဏ်ရာတွေ အဆုပ်လိုက်ပါပဲ
ကြွေ လွင့် နွမ်း လျှ
ရင်မှ တရှရှနဲ့
မျှော်လင့် တမ်းတ လွမ်းနာကျတယ် .

ဘာပဲဖြစ်ဖြစ်
မညာပဲ ချစ်ပါရစေ သခင်
စံပယ်တွေ မပွင့်သော်လည်း
ဆန္ဒတွေ ပွင့်မယ့်တနေ့
ချစ်ခြင်းဖွဲ့ ဒီကဗျာကို
လေပြေရယ် ဆောင်ယူပါစေသား ...။

:)excellent