Monday, April 4, 2011

“ဆည်းဆာချိန်”


နေ၀င်ပျိုးပျ
သွန်းလဲ့ဆည်းဆာ
ကျေးငှက်ဝါတို့
တောင်ပံခြင်းယှက်
အိပ်တန်းတက်ချိန်
ပြာလွင်ကောင်းကင်
ညို့တန်းဆီက
မှိုင်းဝေမြူးလူး
ရနံထူးကို
ကျွန်တော်ရဧ။် ...။

တိမ်ညိုတောင်ဆွယ်
ပင်တန်းငယ်က
လေပြေညှင်းသွဲ့
ပန်းပျိုနံ့နှင့်
ယိမ်းနွဲ့လှုပ်ရှား
သစ်မွှေးပင်ကြား
မြေဆီမြေနံ့
သင်းပျ့ံပျံ့ကို
ကျွန်တော်ရဧ။် ...။

ရေစင်သွယ်သွယ်
ဝှေ့ဝင်စီးဆင်း
ကွေ့လျားရစ်ပတ်
ထုတ်ချင်းထွက်သည့်
တောင်စောင်းနဘေး
စမ်းချောင်းလေးက
ကြည်လင်အေးချမ်း
တိတ်ဆိတ်ခြင်းကို
ကျွန်တော်ရဧ။် ...။

နေ၀န်းနီတောက်
တောင်စွယ်နောက်မှာ
မှောင်ရီဖုံးစဉ်
မိုးသားစွန်းက
ရောင်စဉ်ပြေလျော့
ဖြန့်ကျက်ထိုးဝင်
ဆည်းဆာချိန်သည်
ဆွတ်ရည်ငေးလင့်
လွမ်းသင့်ခြင်းကို
ကျွန်တော်ရဧ။် ...။

ညလင်းအိမ် (၄.၄.၁၁)
@@@~~~@@@

6 comment[s]:

Ree Noe Mann said...

ဒါ လေးလုံးစပ် ကဗျာထင်တယ်။
မသိဘူးနော်။ဟုတ်လားညီ

Ree Noe Mann said...
This comment has been removed by the author.
Anonymous said...

နောင်နှစ်အနည်းငယ်မှာ
ကျွန်တော် မိန်းမ ရ၏ ..
ဆိုတဲ့ ကဗျာပေါ့ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လင်းခေတ်ဒီနို said...

ဘယ်နဲ့ ဒီလူ ဒီတလော ကာရံတွေချည်း ထွက်နေပါလားဗျး))))

Cameron said...

အဟိ... ငယ်ငယ်တုန်းကဆွဲထားတဲ့ ပုံလေးထုတ်သုံးထားတယ်ထင်တယ်...။

ခင်တဲ့
မိုးငွေ့

နေမိုးဝေ said...

ကဗျာလည်း ကြိုက်တယ်။
သရုပ်ဖော် ပုံလည်းကြိုက်တယ်။