Sunday, February 27, 2011

“မရောက်လာတဲ့ ... ကြယ်”


ကြယ်ကြွေကောက်ဖို့ လက်တစ်ဖက် မရှိခဲ့ပါဘူး
နယ်မြေဖောက်ဖို့တော့ ကြိုးစားခဲ့မိတယ်
ဒါပေမယ့် ...
ဒီလမ်းအဆုံးမှာမှ ပန်းတိုင်မရှိခဲ့တာ ...။

ဘယ်သူတွေ ဘာပြောကြမလဲ ???
ငါ ကတော့ ...
ရှာဖွေမှုတွေထဲ နွမ်းပါးစွာ ပျောက်ဆုံး
နိဂုံးက သပ်ရပ်လှပ သေဆုံးခဲ့တယ် ...။

တခွက်တမှုတ်လောက် ခပ်သောက်ရုံနဲ့ 
အဲဒီ ရေအိုး ခမ်းသွားကြေးဆို
ကြယ်မင်းသမီးရယ် ငါ့ နှလုံးသားကို တံဆို့ ရိုက်ခဲ့ပါ ...။

ငါ့မှာ မင်းကိုချစ်တာက လွဲရင်
ကြယ်တွေကို တမက်တမော နမ်းရှိုက်တတ်တဲ့ စိတ်ပဲ ရှိတာပါ ...။

အများကြီး မပေးရင်နေပါ
တအားကြီးတော့ ဝေးမသွားပါနဲ့ကွယ်
ဘာမှ မရခဲ့ဘူးဆိုရင်တောင်
ကောင်းကင် တမိုးအောက်မှာ
ကြယ်စု တွေ အရောင်တောက်လာတိုင်း
မင်း ကောက်ကြောင်းအောက်
ငါ မူးနောက်နေချင်သေးတယ် ...။

ညလင်းအိမ်
(၂၇.၂.၂၀၁၁)

4 comment[s]:

zue said...

ကောက်ကြောင်းအောက်မှာ မူးနောက်ချင်သေးတယ် ဆိုပါလား.. ကိုတူးကး)

လင်းခေတ်ဒီနို said...

အများကြီး မပေးရင်နေပါ
တအားကြီးတော့ ဝေးမသွားပါနဲ့ကွယ်
ဘာမှ မရခဲ့ဘူးဆိုရင်တောင်
ကောင်းကင် တမိုးအောက်မှာ
ကြယ်စု တွေ အရောင်တောက်လာတိုင်း
မင်း ကောက်ကြောင်းအောက်
ငါ မူးနောက်နေချင်သေးတယ် ...။

ကိုတူးး အရမ်းကောင်းတယ်ဗျာ ကျွန်တော် ရင်နင့်အောင် ခံစားသွားရတယ်

noblemoe said...

ကဗျာတွေကတော့ကောင်းမြဲတိုင်းကောင်းနေတာပဲ

သာယာချမ်းမြေ့ပါစေရှင်း
မိုး

အုပ်ကြီး said...

အများကြီးပေးချင်လို့ 
တအားကြီးဝေးတဲ့နေရာမှာ အလုပ်လာလုပ်နေကြတာလေ ....

"ကြယ်" ဆိုတာကလည်း
မြင်နေရက်နဲ့ ဝေးနေရတာလား...
ကျယ်ပြောလှပါတယ်ကွယ် ..