Sunday, January 30, 2011

“အိမ်ပြန်ကြစို့”

ကောင်းကင်မှာ အုံ့ပြာညိုမှိုင်း
ရှစ်ခွင်တိုင်းဆိုင်း ရိုင်းနေတဲ့ မိုးရယ်
တဖွဲဖွဲမို့လား အလွမ်းတစ်စုံက
အိမ်ကို တမ်းတတယ် ...။

လွတ်လပ်စွာ ပျံသန်းချင်ခဲ့တဲ့
ဂျစ်ပစီတစ်ကောင်
ခြေအစုံ လေနှင်ခဲ့တာ ကြာပြီ
ရပ်နေရတာ ပန်းတိုင်တစ်ခုပါပဲ
ဒါပေမယ့် ..
ဘ၀က မိုးရေတွေထဲမှာတောင်
ကန္တာရဆန်နေတယ် ...။

အမေရေ ...
မေတ္တာဆိုတာ မိုးရေတွေလိုပါပဲတဲ့
ကျွန်တော်တော့ သောက်လေ ငတ်မပြေနိုင်ဘူး ...
(အခုတော့ သိပါပြီ)။

ယုံကြည်မှုတွေ အောင်မြင်မှုတွေ
ဝမ်းနည်းဝမ်းသာ အဖြစ်တွေ
ခဏလောက် သော့ခတ်ခဲ့ကြပါ ..
တချိန်ချိန်တော့ ဖောက်ယူစားသုံးရအုန်းမှာပေါ့ ...

အခုတော့ ....
အခုတော့ .........
အိပ်တန်းပြန်ငှက်တို့ရေ
မိုးလေ စဲပြီဆိုရင်ဖြင့်
ငါတို့ အိမ်ပြန်ကြရအောင် ...
ဒီအချိန်ဆိုရင်
အနောက်တောင်ရိုး တလျှောက်မှာ
စံပယ်တွေလည်း အကြိုထောက်လင့်နေပြီ ...။

ညလင်းအိမ် (၃၀.၁.၁၁)

8 comment[s]:

အဖြူရောင်နတ်သမီး said...

အိမ်နဲ့ခွဲလာတာ အခုမှ ၆လပဲရှိသေးတယ်..
အိမ်ကိုလွမ်းနေပြီလား..

လရိပ်အိမ် said...

ကျွန်တော်ကတော့ဘယ်ကိုပြန်ရမှန်းမသိတဲ့ ငှက်အိုကြီးတစ်ကောင်ပေါ့ဗျာ

လရိပ်အိမ် said...

အဲ အဲ မှားကုန်ပြီ ၊ "ပျံ"

ချမ်းလင်းနေ said...

ဟုတ်ပါ့ညီရေ အချိန်တန်ရင်တော့ အိပ်တန်းပြန်ရမှာပေါ့။ ကဗျာထဲက ယုံကြည်မှု အောင်မြင်မှုတွေ ခဏတာသော့ခတ်ခဲ့ကြပါ... တချိန်မှာ ဖောက်ယူစားသုံးမှာပေါ့ ဆိုတဲ့ စာသားလေးကို ကြိုက်တယ်။ အဓိပ္ပါယ် အပြည့်အဝရှိတယ် ညီရေ။

မိုးငွေ့...... said...

အနှိုင်းမဲ့ said...

နေ၀သန် said...

မောင်နွေသစ် said...