Saturday, December 25, 2010

“အလွမ်းသင့် ဒီဇင်ဘာ”


မြူမှုန်တွေ ၀ပ်ဆင်း နှင်းကြွင်းစေဖို့လား
မလင်းမချင်းခဲ့တဲ့ ဒီဆောင်း
အလွမ်းတွေ ထပ်လောင်းဖြည့်ရင်တောင်
အချမ်းက ကောင်းဆဲ ...။

အမြင်ရယ် ဝေဝါး မေ့ပျောက်စေဖို့လား
သံစဉ်ရှာမရခဲ့တဲ့ စာသား
ဆောင်းလေရယ် အဝှေ့မှာတင်
အချစ်တွေ ပျောက်ဆုံးသွားခဲ့ပြီ ...။

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

ခုတော့ ...
နှင်းလည်းပြယ်ပြီ ဒီဇင်ဘာ
ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

ဒီလိုနဲ့ပဲ ...
မြူခိုးတွေနဲ့ ညနေခင်းက
တိတ်တဆိတ် နှုတ်ဆက်တယ်
သူတို့ ထွက်ခွာတော့မယ်လေ
ထမ်းပိုးထားတဲ့ အိပ်မက်တွေအကြောင်း
တစေ့တစောင်းတောင် ပြောခွင့်မရခဲ့ဘူး
နောက်ဆုံးတော့
ဒီ ဒီဇင်ဘာမှာ တယောက်တည်းပါပဲ ...။

ညလင်းအိမ် (၂၅.၁၂.၁၀)


ညီမလေး အေဒီ က အားဖြည့်ရေးသီပါသည်။

14 comment[s]:

Crystal said...

အလွမ်းဆင့် ဒီဇင်ဘာ...

ဆောင်းနှင်းရွက် said...

ဖတ်တော့သွားတာပဲ . .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အုပ်ကြီး said...

ထမ်းပိုးထားတဲ့အိပ်မက်တွေ
လေးလံလွမ်းတဲ့ အလွမ်းသင့်ဒီဇင်ဘာ ...
သူ(ဒီဇင်ဘာ)ကိုယ်တိုင်က လွမ်းဆွေး
မြူခိုးတွေလား ..
မျက်ရည်တွေလား ....
ဒီဇင်ဘာ လည်း အဖော်မပါ တစ်ယောက်တည်းပါဗျာ .....

လင်းခေတ်ဒီနို said...

ခုတော့ ...
နှင်းလည်းပြယ်ပြီလုပြီး ဒီဇင်ဘာ
ဒီလမ်းအလယ်မှာတော့
မြောက်ပြန်လေကို ငါ အန်တုနေရတယ် ...။

သိပ်ကောင်းတဲ့ စာသားပဲ ကိုတူးး)

Ree Noe Mann said...

သဘောကျမိတယ် ညီ

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လည်း ဒီဇင်ဘာဆို လွမ်းတယ်
နှင်းတွေက ဖွဲဖွဲကျလို့ (ဒီမှာပြောပါတယ်.)
ဒီတော့ ကြည့်လေရာရာ လွမ်းစရာဖြစ်နေရော။
ချမ်းလိုက်တာလည်း ခိုက်ခိုက်တုန်
တစ်ယောက်တည်းတော့ ဟုတ်တယ်..

မေကျော် said...

ဒီဇင်ဘာမှ နှစ်ယောက်ဖြစ်ချင်ခဲ့တာလား :P

blackroze said...

ဒီဇင်ဘာမှာ..ကျမလဲတယောက်ထဲပါဘဲအေ..

အဖြူရောင်နတ်သမီး said...

HAPPY NEW YEAR...ပါ ကိုတူးရေ...
၂ယောက်မရှိဘူး...
၁ယောက်ထဲပါပဲ.....
ဟီး

မောင်သီဟ said...

း) မင်္ဂလာနှစ်သစ်ပါဗျာ
ကျွန်တော့်အတွက်လဲ အလွမ်းရင့်ဒီဇင်ဘာပါပဲဗျို့

Anonymous said...

dsadasdasdasd adsdasdadasd asdasdasdasdsadas dasdadadsadadsa dasdasddsa dsa dsadasdadas dsadasda dsadadas

Anonymous said...

ကိုညရေ ကဗျာ သိပ်တော်ပါ့။
ပိုစ့်လေး ရေးပေးအုံးနော်။
အားရင်လေ..ဟဲဟဲ။
မြတ်မွန်

Anonymous said...

အိုဘယ့် ဆောင်းသခင်
အချမ်းအဆင်သင့် ရင်ဖြင့်
ငါ့ရင်မြို့ရိုးတဖက်ကို
အလွမ်းမြူမှုန်အောက်က ထုတ်ပေးပါ
အတွေးအမျှင်တန်းသာ
ဒီဇင်ဘာနှင်းမှာ ကြွင်းစေချင်လို့ပါ ...။

အရမ်းနဲ့ အရမ်း သောက်ရမ်းမိုက်တဲ့ ကဗျာ...ကြိုက်တယ်ဗျာ..

မောင်နွေသစ် said...