Saturday, July 17, 2010

စိတ္တဇ “ည”



အိပ်မက်လိုပါပဲ
ဝိုးတ၀ါး ပုံရိပ်တွေနဲ့
ဒီညဟာ ဆွံအသွားရတယ် ...။

မေ့ပျောက်မရတဲ့ အတိတ်တွေက
ပုံပြင်တစ်ပုဒ်လို
ပါးစပ်ရာဇ၀င် ဖြစ်ခဲ့လေပြီလား ...။

ရှိုက်သံ တချက်က
အခန်းဆက် နက္ကတစ်တွေလို
အဖြူ အမည်း သာသာပါပဲ
တဖျက်ဖျက် လက်နေကြတုန်း ...
တီးတိုးတောင်းပန်သံတွေ
ရင်ထဲမှာ ဖုတ်လှိုက်ဖုတ်လှိုက်
နှလုံးသားဟာ ကမ္ဘာပျက်နေပြီ ...။

ငါလေ ...
အမှုမဲ့ ပါပဲ
အမှတ်တရကို ပြောင်းပြန်တွေး
စိမ်းလန်းစိုပြေ နဘေးကို
ရောက်ရောက်သွားတယ် ...။

အဲဒီတုန်းက ...
နွေးထွေးတဲ့ ရင်ခွင်တစုံ
ချိုမြမြ စကားသံတချို့
ခုံတန်းတနေရာက စာတစ်ကြောင်း
ခုဆို အရောင်တွေပြောင်း
ရာသီတွေ အလီလီ ဟောင်းပြီပေါ့ ...။

သတိရတယ် ... တမ်းတတယ် ... မေ့မရတယ်
တချိန်တခါဆီက နတ်သားလို စံခဲ့သမျှ
ခုတော့ ငရဲလို ခံနေရပြီ ...။

လမင်းရယ် ...
ဘယ်ကမ္ဘာမှာများ ခိုဝင်နားနေလဲ
ဒီကောင်လူသားကတော့
လမိုက်ညမဟုတ်လည်း
သတိရနေဆဲပါ ...။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ
ရင်ခွင်မှာ အမောစို့ဖို့လား
ဒီညဟာ ငါ့အနားရောက်လာတယ်
ခြေသံဖွဖွပေမယ့်
ဝုန်းဒိုင်းကြဲနေတဲ့ ဖိစီးခြင်းတွေ
မသိလိုက်မိတဲ့
မျက်ရည်တစက်က
ရုတ်တရတ် ကြွေကျတယ် ...။

နင်လေ ...
အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး  အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်
ဒီညမှာ ငုတ်တုတ် ဆွေးရတယ် ...။

ရင်ထဲက ကျင်ခနဲနဲ့
အနာဟောင်းက ထကြွတိုင်း
နှလုံးသားဟာ
တဆစ်ဆစ် အဆိပ်တက်တယ် ...
တော်သင့်ပါပြီလေ ...
ဒီလိုညတွေထဲ
အရင်လို ဘ၀အကြောင်း
မတွေးကောင်းတော့ပါဘူး ...။

ညဟာ ညပဲ
အတိတ်ဟာ အတိတ်ပဲ
ပိတ်မထားတဲ့ တံခါးတချပ်
ခပ်တင်းတင်း စေ့လိုက်တော့မယ် ...။

ငါ့ ဘ၀ ငါ့ အကြောင်းထဲ
သွေးပျက်ညတွေ ကင်းစင်
ကြယ်စင်တွေ လင်းလက်
ရွှေရောင် ပျိုးပျိုးပျက်ပျက်နဲ့
အနာဂတ် ဟင်းလင်းပြင်ထဲ
ပျော်ရွှင်စွာ အိပ်စက်ပါရစေတော့လေ ...။

ညလင်းအိမ် (၁၇.၇.၁၀)

18 comment[s]:

နေ၀သန် said...

တံခါးလည်းပိတ်တော့.. အိပ်လည်းအိပ်တော့... ဟင်း.... :D:D


ခင်မင်တဲ့
နေ၀သန်

Cameron said...

“နင်လေ ...
အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်
ဒီညမှာ ငုပ်တုပ် ဆွေးရတယ် ...”
အဲဒီစာသားလေးတွေကို အရမ်းခိုက်သွားတယ်...ဖတ်ရင်း ငုတ်တုတ်မေ့သွားတယ် မောင်တူးရယ်...။
မောင်တူးအချစ်တွေ ရင့်ကျက်စပြုနေပြီး ကွန်ဂရက်ကျူးလေးရှင်းမောင်လေး....။


ခင်မင်စွာဖြင့်
မိုးငွေ

ကိုဇော် said...

လမိုက်ည မဟုတ်သလို လသာညလည်း မဟုတ်ဘူး။
ဒါဟာ . . ညလင်းအိမ်ပါ။

ညမှာ နှစ်ခြိုက်စွာ မအိပ်ဖြစ်တာ နှစ်ပေါင်း မနည်းတော့ပါဘူးလေ။ ငါ့ဘဝ ငါ့အကြောင်းထဲ ခိုလှုံနေမိလို့ပေါ့။

အရုပ်ကလေး said...

စိတ္တဇ ..ညတွေမှာ
လှိုက်စားနေတဲ့ နှလုံးသားဒဏ်ရာတွေတောင် ဖေါင်းပွနေပြီ...
ဖြေမဆည်နိုင်တဲ့ အကြောင်းအရာတွေကို ရင်ဝယ်ပိုက်
ချစ်ငမိုက်လို့ပဲ ဆိုချင်ဆို ....
တဒင်္ဂမဟုတ်တဲ့ သံစဉ်တွေက
ဟောသည် ... အရှိုက်မှာ တစ်စို့နေတာ ..

ခင်ခင်မင်မင်
idulize(အ`ရုပ်ကလေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း အိပ်တာကောင်းပါတယ်..
အိပ်ရေးဝတော့ ကြည်ကြည်လင်လင်ရှိတာပေါ့
အိပ်ရေးပျက်တော့ လူကမလန်း အာရုံကနောက် လူကဂေါက်လာလိမ့်မယ်
စောစောအိပ်...း)

သိင်္ဂါကျော် said...

အတိတ်အတွက် တံခါးကို အပြီးပိတ်ပြီး အနာဂါတ် အတွက်ပဲ ဖွင့်ဟထားလိုက်ပါ.. :)

ပန်းနုနှင်းဆီ said...

ကဗျာလေးဖတ်ပြီး တစ်မျိုးလေး ခံစားရတယ်
မျှော်လင့်သလိုဖြစ်မလာတော့ တံခါးပိတ်ထားတာက ပိုကောင်းမယ်ထင်တယ်နော်..

မြတ်မွန် said...

ကိုညရေ..အရမ်းဂွတ်တယ်..
စာကြောင်းတိုင်းလိုလို..
ခံစားမှု အရိပ်တွေ ထင်ဟပ်နေတယ်..။
ပျော်ရွှင်ပါစေ ကိုည..။

အင်ကြင်းသန့် said...

သြော်....“ငုတ်တုတ်” ကဒီမှာသုံးဖို့ကိုးးးးးးး။
စိမ်းလန်းစိုပြေထဲက ခုံတန်းပေါ်မှာစာတစ်ကြောင်းဆိုပဲ၊ ကြုံရင် သွားဖတ်ကြည့်ဦးမှပဲ :))

(နောက်တာပါ ကိုတူး)

“နင်လေ ...
အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်
ဒီညမှာ ငုပ်တုပ် ဆွေးရတယ် ...”

အဲဒီအပိုဒ်ကို အရမ်းကြိုက်တယ်။ ကာရံတော်တော်မိတယ်။ (စာလုံးပေါင်းမှားနေတာတော့ရှိတယ် :P )

လင်းခေတ်ဒီနို said...

ညဟာ ညပဲ
အတိတ္ဟာ အတိတ္ပဲ
ပိတ်မထားတဲ့ တံခါးတချပ်
ခပ်တင်းတင်း စေ့လိုက်တော့မယ် ...

အရိပ်ပြသလိုပါပဲ
ညရဲ့ ၀တ်စုံကို ဆင်ယင်
ပြတင်းတံခါးကို ချည်းနင်း
မှုန်ဝါးဝါး အလင်းနဲ့
နှလုံးသားကို မြူဆွယ်
စကားတွေ ကြွယ်သွားခဲ့တော့
မာယာတောမှာ မျောမိတဲ့ “ငါ”
မောမိရတဲ့ စိတ်တွေက
ကယောင်ချောက်ချား တုန်လှုပ်

အရမ်းကောင်းတယ် ကိုတူးး))))

သော်ဇင်စိုး said...

တံခါးလေးစေ့ထားရင် လေတွေများဝင်လာဦးမလား ခေါ်သံတွေလည်း ပါချင်ပါလာမှာပေါ့.. အကိုတော့ မသိဘူးဗျာ..... ကျနော်ကတော့ အကို ကဗျာဖတ်ပြီး ခေါ်သံကိုကြားရတယ်.. မလိုက်သွားတော့ပါဘူးဗျာ.. ကျနော်ငြင်းလိုက်တယ်.. အတိတ်ဟာအတိတ်ပါပဲ.. ဟုတ်တယ်မှတ်လား...

နေမိုးဝေ said...

တချိန်တခါဆီက နတ်သားလို စံခဲ့သမျှ
ခုတော့ ငရဲလို ခံနေရပြီ ...။

အဲဒီစာကြောင်းလေး မိုက်တယ်

ညလင်းအိမ် said...

@ကိုဇော် >> အစ်ကိုရေးလိုက်တဲ့ စာကြောင်းက ပိုထိမိသလိုပဲ ..း))

@အင်ကြင်း>> အင်ကြင်းရေ မမိုးငွေ့ ပြောပြီးကတည်းက ပြင်ပြီးသွားတဲ့ စလုံးပေါင်းက ဘာလို့ ပြောင်းမသွားလဲ မသိဘူး .... မှားတယ်ထင်ရင်လည်း ပြင်ပေးသွားမှပေါ့ ...

ahphyulay said...

အနာဂတ် ဟင်းလင်း ပြင်ထဲ
ပျော်ရွှင်စွာ အိပ်စက် ပါရစေတော့ 
ရောက်မှ ပဲ ပေါ့ သွားတော့ တယ်ဗျာ..။
အမှန်က အဲ့ လိုပဲ ဖြစ်သင့်  နေပါလျက်နဲ့ ...။

linn said...

အသည်းကွဲတဲ့ အမေ့ရဲ့ သားလေးပြန်လာပြီ ...
သုံးနှစ်လောက် အမေဆီ မပြန်တဲ့ သားလူမိုက်ဟာ.................................
...............................

အသည်းကွဲ ကဗျာတွေ ရေးဖို့ပြန်လာပြီ ...
ဖတ်ဖို့ ပြင်ထားပါ ..လို့ပြောကတည်းက
အဲဒီ သီချင်း အော်ဆိုပေးချင်တာ ....
အမေ့အိမ်ပြန်မဲ့ အကြောင်းလဲ ဖတ်လိုက်ရလို့ ... ဆိုတော့ ငါ့မောင်တစ်ယောက် သုံးနှစ်တောင် ကပါရဲ့လားမသိ... အိမ်မပြန်တာ ............ :)

ပျော်ရွှင်စွာ အိပ်တော့မယ်ဆို ပြီးသာပါပဲလေ ...
ခင်မင်စွာဖြင့်
အစ်မလင်း

blackroze said...

တံခါးပိတ်..ဂျိတ်..ပေါ့လေ..
ဟုတ်လား..ကိုည

မောင်သီဟ said...

ခင်ဗျားကဗျာတွေက ကောင်းလွန်းပါတယ်လေ
လောလောဆယ် ကျွန်တော်တုတ်ကွေးကြောင့် ခေါင်းမူးနေတယ် အခုပိုဆိုးသွားပြီး ဘဝတူကြီးရေ... ဟင့်

noblemoe said...

ကဗျာတွေကတော့ ကောင်းမြဲကောင်းနေတာပါပဲ

ကဗျာအောက်ဆုံးလေးလို ပျော်ရွှင်စွာ အိပ်စက်နိုင်ပါစေ..



သာယာချမ်းမြေ့ပါစေနော်
မိုး