Tuesday, April 27, 2010

“မှာတမ်း”

လေဟာနယ် တခွင်မှာ အကြင်နာရနံ့တွေက ငွေ့ရည်ဖွဲ့နေပြီ ...။
အနောက်မြို့ရိုးမှာလည်း စစ်ပွဲတွေက ရပ်စဲလိုက်ပြီ ...။
မအောင်မြင်သလို မကျရှုံးခဲ့တဲ့ စစ်သည်တော်ကတော့ အားလုံး တည်ငြိမ်မှုတွေကြား ဒူးကို ထောက်လိုက်တယ် ...။

အို ... အရှင် ...
လမင်းအနား မခစားရတာ ကြယ်ကလေး မထိုက်တန်လို့လား ...။
ပန်းလေးနား မပျံဝဲရတာ ပျားကလေး ချို့တဲ့နေလို့လား ...။
ပင်လယ်ထဲ စီးဆင်းခွင့်မရှိတာ သောင်တင်နေတဲ့ မြစ်မလို့လား ...။
အရှင့်ရဲ့ အချစ်ကို မရထိုက်တာ ဒီတိုက်ပွဲကို မနိုင်ခဲ့လို့လား ...။
ပြောပြပေးပါ ...။

ကျွန်ုပ် ဆုတောင်းပါသည် ...။
မှိုင်းညို့ညို့ရင်ခွင်မှာ ဆိုင်းနေတဲ့ မြူတွေ ပျယ်လွင့်ပါတော့လေ ...။
ကမ္ဘာကြီးရဲ့ ရင်အုပ်ထဲမှာ ငြိမ်ကုပ်နေသွားချင်လို့ပါ ...။
မထင်မရှား သာမန်အရပ်သားဘ၀နဲ့ တကိုယ်တော် တဲအိုပျက်မှာ ကြယ်တွေကို ရေတွက်သွားချင်လို့ပါ ...။
ဘယ်ဖက်ရင်အုပ်က လက်တဖျစ်စာ အနာကိုလည်း စိတ်ငြိမ်စွာ ကုသခွင့် ပေးတော်မူပါတော့ ...။

အို ... အရှင် ...
ဤနေရာ၌ပင် လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတော့ ...။
ကျွန်ုပ်ပြုသောအမှု ကောင်းသည်ဆိုးသည် သီးခံပါလေ ...။
အရှင့်ရဲ့ နာကျည်းခြင်း ဥပေက္ခာတွေ ကြားမှာ နှလုံးသွေးနဲ့ ရေထွင်းခဲ့ပါမယ် ...။
အနာဂတ်ရာဇ၀င်မှာ သူရဲကောင်းဟု သတ်မှတ်ပေးပါ ...။
အချစ်နတ်ဖုရားရဲ့ ကောင်းကင်မှာ နေရာတခုသတ်မှတ်ပေးပါ ...။
အချစ်ကြီးသူတို့ ပုံပြင်ကို နောင်နာနောင်သားတို့အား ပြောပြပေးတော်မူပါ ...။

အို ... အရှင် ...
ပန်းပျိုသူတို့ ဥယျာဉ်မှာ မဖူးပွင့်နိုင်တဲ့ ပန်းဆိုတာ ဥယျာဉ်မှူး ညံ့လို့မဟုတ်ပါ ...။
မဖူးပွင့်ချင်တော့လို့ပါ ...။
ကျွန်ုပ်သည်လည်း အရှင့် နှလုံးသား ရင်ပြင်မှာ ပန်းမပျိုးချင်တော့ပါ ...။

သြော် ...
လရောင်ကို ကြိုလင့်ဖို့ နေတောင် ၀င်ပေးနေပြီ ...။
ကျေးငှက်တွေလည်း အိပ်တန်းပြန်ကုန်ကြပြီ ...။
အဖော်မဲ့တေလေ တကောင်တော့ အိမ်ရာပျောက်နေတယ်  ...။
နာကျင်အောင် ဖန်တီးပြီးမှ အခါခါသေသွားတဲ့ နှလုံးသားကတော့ နေရောင် တခေါက်ရောက်ရင် လင်းလက်တောက်ပလာပါစေ ...။

သွားတော့မည် ... အရှင် ...
မငိုကြွေးပဲ ဟားတိုက်ပါတော့ ...။
ကြည်သာရွှင်ပြစွာ လက်ခုပ်တီးတော်မူပါ ...။
ကျွန်ုပ်အား အနာဂတ်သို့ တွန်းလွတ်ပေးတော်မူပါ ..။
ကျွန်ုပ်ဧ။် မျက်လုံးအိမ်မှ ကျသော မျက်ရည်ကို ခြေဆေးတော်မူပါ ...။
ကျွန်ုပ်ဧ။် နှလုံးသွေးနဲ့ ကောင်းမွန်စွာ ရှေ့ဆက်တော်မူပါ ...။
ကျွန်ုပ်အား အရှင့် ရာသီခွင်တွေထဲက မောင်းထုတ်တော်မူပါ ...။

ကောင်းကင် သယံဇာတတွေ ကြွယ်ဝချိန်မှာ ကျွန်ုပ်သည် မထင်မရှားကြယ်အဖြစ် ရှိနေပါလိမ့်မယ် ... အရှင်ယုံကြည်ပေးပါ ...။
ယခုတော့ ကျွန်ုပ် သွားတော့မည် ...။
ကျွန်ုပ်ဧ။် ချစ်ခြင်းကို ကျွန်ုပ် သယ်ဆောင်သွားတော့မည် ...။
ကျွန်ုပ်ဧ။် ဒဏ်ရာကို ကျွန်ုပ်ကုစားပါရစေတော့ ...။

ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
~~~~ @@@@ ~~~~

11 comment[s]:

လင်းခေတ်ဒီနို said...

လုပ်ချလိုက်ပြန်ပီးဟ ကိုတူးရေ ဘယ် ကာလကို ရောက်သွားပြန်ပီးလဲဗျ မဟာဇနက ရာဇ၀င်ထဲ ရောက်သွားသလိုပဲ ကောင်းပါ့ဗျာ . . ..

noblemoe said...

အင်းးးဒီလိုတွေသားဆက်ရေးနေရင် ဖတ်ရတဲ့သူတွေလည်း အရှိတဲ့အသဲလေးကွဲရတော့မဲ့အနေထားမှရှိပါတယ်။
သွားတော့မည် ... အရှင် ...
မငိုကြွေးပဲ ဟားတိုက်ပါတော့ ...။
ကြည်သာရွှင်ပြစွာ လက်ခုပ်တီးတော်မူပါ ...။
ကျွန်ုပ်အား အနာဂတ်သို့ တွန်းလွတ်ပေးတော်မူပါ ..။
ကျွန်ုပ်ဧ။် မျက်လုံးအိမ်မှ ကျသော မျက်ရည်ကို ခြေဆေးတော်မူပါ ...။
ကျွန်ုပ်ဧ။် နှလုံးသွေးနဲ့ ကောင်းမွန်စွာ ရှေ့ဆက်တော်မူပါ ...။
ကျွန်ုပ်အား အရှင့် ရာသီခွင်တွေထဲက မောင်းထုတ်တော်မူပါ ...။အဲဒီစာသားလေးတွေဖတ်ရင်း
ဝမ်းနည်းသွားတယ် ။ မခံစားနိုင်အောင်ပဲ............ခုတလော အားလုံးအလွမ်းတွေပဲရေးနေတယ်.......
ဘာဖြစ်ဖြစ်ပါလေ ပျော်ရွှင်ချမ်းမြေ့တဲ့အချစ်တွေအမြန်ဆုံးဘေးနားရောက်ရှိဘာနိုင်ပါစေလို့ တောင်ဆုပြုလိုက်ပါတယ်။
မောင်လေးရေးးးးးးးးးးသာယာချမ်းမြေ့ပါစေနော်
မိုး

အနှိုင်းမဲ့ said...

လာဖတ်တဲ့သူတွေရဲ့အသည်းက
အကုန်လုံးနုနုလေးတွေနော်..
ညလင်းအိမ်..လုပ်မှ အားလုံး ကြွေကျကုန်တော့မှာပဲ...။

အဖြူရောင်နတ်သမီး said...

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုပါလျှင်....
ညလင်းအိမ်အား အလွမ်းကဗျာများရေးခြင်းမှ ရပ်တန့်ပြီး ပျော်ရွှင်ခြင်းကဗျာများကို ဖန်တီးပေးတော်မူပါ...အရှင်။
သို့မဟုတ်...
ကဗျာလာဖတ်သူအပေါင်း ခံစားချက်ကင်းမဲ့သူများ အဖြစ်သို့ ဖန်တီးပေးတော်မူပါအရှင်။
အကြောင်းမှာ...
ညလင်းအိမ်မှာ စာလာဖတ်သူများကို သူ၏ ရင်ကွဲကဗျာများဖြင့် အလွန်နှိပ်စက်နေသောကြောင့်ပါအရှင်...။

Cameron said...

အို...အရှင် ...သင်ဟာ ကဗျာစပ်ဆိုတဲ့ နေရာမှာ တဘက်ကမ်းခတ်တော်ပါပေတယ်....။


ခင်မင်စွာဖြင့်
မိုးငွေ့

ညီညီထွေး said...

တော်တယ်ဗျာ... ကဗျာရေးတာကတော့..... ခက်တာက မြင့်နေတယ်... နားသိပ်မလည်ဘူး.....း(((... ကျွန်တော် ဥာဏ်မမီတာပါ......

Blackroze said...

အို..အရှင်..အရှင့်ရဲ့ကဗျာများကို...
လာရောက်ခံစားသွားပါတယ်...
အရှင်ရဲ့ချစ်ခြင်းတရားတွေ..အားလုံး
နှလုံးသားပန်းခင်းထဲမှာဖူးပွင့်နိုင်ကြပါစေလို့....
ရင်ထဲကဆန္ဒအမှန်နဲ့ဆုတောင်းပေးပါတယ်...

ခင်မင်လေးစားလျှက်..Blackroze
အကိုရေ...ခံစားချက်တွေက
အရမ်းများနေတယ်နော်..
နည်းနည်းလောက်တော့လျှော့ထားဦးလေ..
အကိုရေ...စိတ်ဆိုတာမထားတတ်ရင်
ပင်ပန်းတယ်တဲ့...နော်

~ဏီလင်းညို~ said...

အို......အသေ......
အဲ့လေမှားလို့.......
အရှင်...........
ကဗျာလေးကို အချွန်ဒုတ်..... လာရောက်ဖတ်ဆုဂျောင်းဘာ........

(မင်းသိပ်တော်တယ်.....မောင်တူးလေး.........)

ခင်မင်တဲ့
ဏီလင်းညို

Beauty Studio USA Branded Store said...

မော်ဒန်အန်တတ်ဆုတောင်းကဗျာလေး လာဖတ်သွားပါတယ်ဗျာ။

မြတ်မွန် said...

အရှင်လည်း ကိုည ကဗျာ ဖတိပြီး ဘယ်နားက ဆေးစကုရမလဲ မသိတော့ပါ မောင်မင်းရယ်လို့ ပြန်ဖြေမှာ သေချာတယ်..မင်း ဒါဏ်ရာက များလှချီလားကွာတဲ့ ...။

ကောင်းသောနှုတ်ဆတ်ခြင်းပါ အရှင် ...။
:P

နေမိုးဝေ said...

ကို ည ရေ
မအောင်မြင်သလို မကျရှုံးခဲ့တဲ့ စစ်သည်တော် ကြီး ကိုမေးပေးပါ
တိုက်ရင်းနဲ့ ရှုံးခဲ့ရတဲ့ စစ်ပွဲတွေကြားမှာ
မတိုက်ရခင် နိုင်ရတဲ့ စစ်ပွဲနဲ့တွေရင် ဘာလုပ်မလဲ။ ကြုံခဲ့ရင်ပေါ့။
ဥပေက္ခာတွေကြားထဲမှာ သိရက်နဲ့ ကျရှုံးနေရတဲ့ဘဝ
တစ်ခါတစ်ခါ မှာ ဥပေက္ခာတွေထက်စာရင် အမုန်းခံရတာမှ ချစ်ရကျိုးနပ်ဦးမယ်ဗျ နော့။