စိတ်အတွေးကို နယ်နမိတ်စည်းချ
တရားဓမ္မနဲ့ တားဆီးတယ်
ဒါပေမယ့် မရဘူး ...
မလှတဲ့ အိပ်မက်တွေကြောင့်
သန်းခေါင်ယံညတွေ ငှက်ဆိုးထိုးတယ် ...။
နှလုံးသားက ဖျားတော့ ဆေးမမှီတယ်
မရတာကိုမှ လိုချင်မိတော့ သေချင်မိတယ်
တခါတလေ မြင်နေရတဲ့ အရာတွေကြောင့်
စည်းဝိုင်းအစွန်းမှာ တွေဝေနေမိတာ
အထဲ လား အပြင် လား ...။
အပြင် လား အထဲ လား ...။
စကားအချိုတွေနဲ့ တအားပိုတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတွေ
မာနတံခွန်ထူတဲ့ ယောင်္ကျားကိုမှ လူထင်တယ် ...
သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်ကြတာပဲ
သင်္ခါရ သဘောတရားနဲ့ဆို
လူတိုင်းက အရည်ပြားအောက် အရိုးပေါက်တဲ့ သူတွေချည်းပဲ ...။
လက်တဖက်ပုပ်ရင် ဖြတ်ထုတ်နိုင်တယ်
နှလုံးသားတခြမ်းပုပ်တော့ ဘယ်လိုလုပ်မလဲ ...။
သေတ္တာလေး တစ်လုံးလုပ် သိမ်းဆည်းထုပ်ဖို့လည်း
တရားဓမ္မနဲ့ တားဆီးတယ်
ဒါပေမယ့် မရဘူး ...
မလှတဲ့ အိပ်မက်တွေကြောင့်
သန်းခေါင်ယံညတွေ ငှက်ဆိုးထိုးတယ် ...။
နှလုံးသားက ဖျားတော့ ဆေးမမှီတယ်
မရတာကိုမှ လိုချင်မိတော့ သေချင်မိတယ်
တခါတလေ မြင်နေရတဲ့ အရာတွေကြောင့်
စည်းဝိုင်းအစွန်းမှာ တွေဝေနေမိတာ
အထဲ လား အပြင် လား ...။
အပြင် လား အထဲ လား ...။
စကားအချိုတွေနဲ့ တအားပိုတတ်တဲ့
နှုတ်ခမ်းပါးပါးလေးတွေ
မာနတံခွန်ထူတဲ့ ယောင်္ကျားကိုမှ လူထင်တယ် ...
သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းထွက်ကြတာပဲ
သင်္ခါရ သဘောတရားနဲ့ဆို
လူတိုင်းက အရည်ပြားအောက် အရိုးပေါက်တဲ့ သူတွေချည်းပဲ ...။
လက်တဖက်ပုပ်ရင် ဖြတ်ထုတ်နိုင်တယ်
နှလုံးသားတခြမ်းပုပ်တော့ ဘယ်လိုလုပ်မလဲ ...။
သေတ္တာလေး တစ်လုံးလုပ် သိမ်းဆည်းထုပ်ဖို့လည်း
ကျန်တခြမ်းကို နှမြောတယ် ...။
eBay မှာ ကြော်ငြာလုပ် ရောင်းထုတ်ဖို့လည်း
နှလုံးသားက အဆင့်မမှီပြန်ဘူး ...။
ဒီတော့ရှိစေတော့ ...
မတူတဲ့ အတွေးတွေနဲ့ ပူဆွေးမနေနဲ့တော့
နေသာသလိုနေ ဖြေသာသလိုဖြေ
မလှတာကိုမှ အဲဒါ ဘ၀ ...။
ဒီတံခါးက တွန်းဖွင့်ရမှာ မဟုတ်သလို
ဆွဲဖွင့်ရတာလည်း မဟုတ်ဘူး
အဲဒါ အယောင်ဆောင်ထားတဲ့ တံခါးပေါက်
ခေါက်ချင်သလောက်ခေါက် ရောက်လာမှာက
ကျကျလာတဲ့ စိတ်ရောဂါပဲ ...။
မစောင့်ပါနဲ့တော့ ...
ဒီလမ်းကလည်း တဖက်ပိတ်
eBay မှာ ကြော်ငြာလုပ် ရောင်းထုတ်ဖို့လည်း
နှလုံးသားက အဆင့်မမှီပြန်ဘူး ...။
ဒီတော့ရှိစေတော့ ...
မတူတဲ့ အတွေးတွေနဲ့ ပူဆွေးမနေနဲ့တော့
နေသာသလိုနေ ဖြေသာသလိုဖြေ
မလှတာကိုမှ အဲဒါ ဘ၀ ...။
ဒီတံခါးက တွန်းဖွင့်ရမှာ မဟုတ်သလို
ဆွဲဖွင့်ရတာလည်း မဟုတ်ဘူး
အဲဒါ အယောင်ဆောင်ထားတဲ့ တံခါးပေါက်
ခေါက်ချင်သလောက်ခေါက် ရောက်လာမှာက
ကျကျလာတဲ့ စိတ်ရောဂါပဲ ...။
မစောင့်ပါနဲ့တော့ ...
ဒီလမ်းကလည်း တဖက်ပိတ်
တိတ်တဆိတ်မို့
ရင်တထိတ်ထိတ်နဲ့ ရောဂါ ဖြစ်နေရမှာ ...။
ရင်တထိတ်ထိတ်နဲ့ ရောဂါ ဖြစ်နေရမှာ ...။
လမ်းမှားသလိုမျိုး အတွေးနဲ့
ခဏလောက် ပြေးလာရင်လည်း
သွက်ချာပါလ လိုက်နေတဲ့
နှလုံးသားအမိုက်ကို
ကမ္မာဝါ စာချ ကန်သာချသွားလိုက်ပါတော့ ...။
“အခွင့်မရှိ မ၀င်ရ” တဲ့
အခွင့်ရှိက ၀င်နိုင်သည်ပေါ့
ဒီလို ဆိုင်းဘုတ်မှာတောင် လာဘ်စားလို့
ရိုးသားတဲ့အရာတွေက ရှား ... ရှားလာတော့လည်း
ကနေ့ ရက်စွဲနဲ့ တိုင်ချိတ်ဆွဲလိုက်မယ် ...
“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ” ...။
နှလုံးသားအမိုက်ကို
ကမ္မာဝါ စာချ ကန်သာချသွားလိုက်ပါတော့ ...။
“အခွင့်မရှိ မ၀င်ရ” တဲ့
အခွင့်ရှိက ၀င်နိုင်သည်ပေါ့
ဒီလို ဆိုင်းဘုတ်မှာတောင် လာဘ်စားလို့
ရိုးသားတဲ့အရာတွေက ရှား ... ရှားလာတော့လည်း
ကနေ့ ရက်စွဲနဲ့ တိုင်ချိတ်ဆွဲလိုက်မယ် ...
“အခွင့်ရှိရှိ မရှိရှိ မ၀င်ရ” ...။
~~~~ @@@@ ~~~~
20 comment[s]:
“အခွင့်ရှိရှိ မရှိရှိ မဝင်ရ”....ဆိုလို့ ကဗျာဖတ်ပြီးပြန်သွားတယ်..
ဝင်တော့ဘူး...
ဒါ ရာသက်ပန်
လူပျိုကြီးပဲ လုပ်တော့မယ် ဆိုတဲ့
သဘောပေါ့ ....
ကောင်း၏ ... ကောင်း၏ .. :D
မဝင်ဖူး
ပြတိုက်ပို့ လိုက်လေ နောက်တစ်ခြမ်းကို ဆေးရည်စိမ်ပြီးသုတေသန ဆက်လုပ်လိုက်ပေါ့ 
သာယာချမ်းမြေ့ပါစနော်
မိုး
လူက နေသာမကောင်းတယ် ကဗျာတွေကတော့ အမြဲတမ်း ကောင်းနေတာပဲ..။ ကွဲတဲ့ ရောဂါနဲ့ လုံးပါးပါးတော့မယ် ကိုတူးရေ။ ကျန်းမာရေးလည်း ဂရုစိုက်အုံး။ လွမ်းတာလဲ လွမ်းတာပေါ့ မောင်လေးရယ်။ မ၀င်ရ ဆိုတဲ့နေရာကို ယောင်လို့တောင် လှည့်မကြည့်နဲ့တော့။
ခင်မင်လေးစားလျှက်
အခွင့်မရှိမ၀င်ရဆိုပေမယ့် အခွင့်မရှိမဖတ်ရ မပါလို့တော်သေးတယ် :)ဒါကြောင့်ဖတ်သွားတယ် ကျန်းမာပျော်ရွှင်ပါစေ ညရဲ့ကောင်းကင်ရေ
ကဗျာလေးတော့ ခဏ၀င်ဖတ်မယ်နော်..:P
ခွင့်မရှိရှိ ရှိရှိ ဆိုတော့ ခွင့်မတောင်းပဲ ဖတ်လိုက်တယ်ဗျ...
ဆောင်းနှင်းရွက်ပြောသလို လူပျိုကြီးပဲ
လုပ်မည်လော...၊ တရားစခန်းပဲ ၀င်မည်လော.. :P
=-------------------------------------------------=
ကဗျာရဲ့ အစီအရင်လေးကို သဘောကျတယ် :)
=----------------------------------------------------=
နှလုံးသားတစ်စုံကို ပြတိုက်ပေါ်မှာ ထားလိုက်မယ် ဒါပေမဲ့ ခွင့်ရှိရှိမရှိရှိ ယူဆောင်သွားချင်းမပြုရ... :)
ZaunG
ဟုတ်ကဲ့။ မ၀င်ပါဘူး ခင်ဗျ။ လက်ဆွဲခေါ်မှပဲ ၀င်ခိုင်းလိုက်တော့မယ်။
ကိုတူးရေ...ကျန်းမာရေးဂရုစိုက်ဦး...။
အဖျားတက်ပြီး ကဗျာတစ်ပုဒ်တော့ရအောင်စပ်လိုက်တာ...
“အခွင့်ရှိရှိမရှိရှိမ၀င်ရ”တဲ့...။ တကယ်ပဲ တံခါးကိုသေပိတ်ပစ်တော့မှာလား...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဂွတ်တယ်..စိတ်ဓာတ်တွေ ပြက်သား ပီပြင်လာပြီ ကိုည..
မိုက်တယ်ကွာ....ကဗျာဖြစ်ပြီး အားတက်လာပြီလို့ အလွမ်းအဆွေးတွေ သိမ်းလိုက်ပီ..ဘယ်အလွမ်းအဆွေးမှ အခွင့်မရှိ မဝင်ရ ဖြစ်ပါစေ..။
ကောင်းတယ်
ကဗျာလေးမှာ မာနသံလေး နည်းနည်းပါလာပြီ..
စိတ်တင်းထား
ကြားဖူးတယ်ဟုတ်
ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်တဲ့
ဆံပင်တွေတောင် ကျွတ်သွားပြီးရင် အသစ်ပြန်ထွက်တယ်လေ..
ပုတ်နေတဲ့ အသည်းတစ်ခြမ်းက
တကယ်လန်းတဲ့ မဒီဖြန်းကလေးနဲ့ တွေ့တဲ့အခါ အလိုလို Brand New ပြန်ဖြစ်သွားမှာပါ..... အချိန်လေးတစ်ခုကို စောင့်ကြစို့ရဲ့.....
ခင်တဲ့
မချော
မလွယ်ပေါက် လေးတောင် မထားထားတော့ဘူး လားးး။
ကဗျာက အားမာန်အပြည့်နဲ့
ရွေးချယ်ထားတဲ့ စာသားတွေက လိုက်ဖက်လွန်းတယ်။
ဝင်တယ်ဗျာ.. မကျေနပ် သတ်လိုက သတ်စေ.... ကဗျာတော့ ဖတ်ရအောင် ၀င်လာမှာပဲ.....း)))
ဒီတစ်ခါတော့ မာနတွေ ဒေါသတွေနဲ့ပါလား...ဒီလောက်နေမကောင်းဖြစ်နေတာတောင် ဒီလိုအသံနဲ့ ကဗျာကို စပ်နိုင်တယ် ဆိုတော့ အခြေအနေက အတော်ကြီးကို တိုးတက်လာပီပဲ...
အိမ်း..ကောင်းလေစွ...ကောင်းလေစွ...
ဘလော့နီးနားချင်းတွေ ရှေ့လျှောက်
စိတ်ချမ်းသာရတော့မယ် ထင်ပါရဲ့ :P
တီလေး
ဝင်ရင်ပစ်မှာလား၊ ကဗျာလေး ကောင်းတယ်
မာတယ်
အယ် မ၀င်ရမှန်းမသိလို့ ၀င်လာပြီး ကဗျာဖတ်သွားတယ်။ ဆောရီး ဆောရီး နောက်တစ်ခါမှသတိထားမယ်း))))
တကယ်သဘောကျမိတဲ့ ကဗျာလေးတစ်ပုဒ်ပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။
ကျွန်တော်ကတော့ပုံလေးကိုကြိုက်လို့ကျွန်တော့်အကောင့်မှာတင်လိုက်တယ်ကဗျာစာသားလေးကောပေါ့
ပျော်ရွှင်ပါစေ...........
ကျွန်တော်ကတော့ပုံလေးကိုကြိုက်လို့ကျွန်တော့်အကောင့်မှာတင်လိုက်တယ်ကဗျာစာသားလေးကောပေါ့
ပျော်ရွှင်ပါစေ...........
ကျွန်တော်ကတော့ပုံလေးကိုကြိုက်လို့ကျွန်တော့်အကောင့်မှာတင်လိုက်တယ်ကဗျာစာသားလေးကောပေါ့
ပျော်ရွှင်ပါစေ...........
ကျွန်တော်ကတော့ပုံလေးကိုကြိုက်လို့ကျွန်တော့်အကောင့်မှာတင်လိုက်တယ်ကဗျာစာသားလေးကောပေါ့
ပျော်ရွှင်ပါစေ...........
Post a Comment