Wednesday, February 24, 2010

“ခွင့်ပြုပါ”


ဆန္ဒ... ဘ၀နဲ့ လက်တွေ့မကျလို့
တကယ်မရတဲ့ အရာတွေ ဘယ်မျှရှိနေမလဲ ...
နှလုံးသားဟာ အပြစ်မရှိပဲ
အရှုံးတရားမှာ လုံးပါးပါးနေခဲ့ပြီ ...။

လမ်းတွေလည်း လျှောက်ရင်းနဲ့ပျောက်
အကြမ်း(ယမကာ)တွေလည်း သောက်ရင်းနဲ့စောင့်လို့
အခါခါမှောက်ခဲ့ရတဲ့ ညနေခင်းတွေ
နာကျင်ခြင်း အပိုင်းအစတွေ
အယူခံခွင့် မရှိတဲ့ စွဲချက်တွေနဲ့
အလွမ်းအချုပ်ထောင်မှာ
အမြဲချုပ်နှောင်ခံနေရတယ် ...။

စီရင်ချက်ချမယ့် တရားသူကြီးက
နင်ဖြစ်နေလေတော့
တရားခုံရုံးမှာ တအားကိုရုန်းရမှာ ... ငါသိတယ် ...
အချစ်နဲ့ လဘ်ထိုးလည်း အပြစ်အတွက် ထပ်ဆိုးမှာဆိုတော့
တိတ်တိတ်ကလေးနေ ယတြာတွေချေနေတော့မယ် ...။

အချိန်ကသက်သေဆို ဘယ်မှာလဲ ငါ့အတွက် ရှေ့နေ
ဒီလိုနဲ့ ရက်တွေ ရတက်ဝေစေတော့
တောင်းဆိုမိလိုက်တဲ့ ဆင်ခြေဆင်လက်တွေ
ဒုန်း ... ဆိုတဲ့ အသံနဲ့ ၀ုန်း ... ဆိုတဲ့ ဟန်ကြောင့်
ကိုယ်ခေါင်းကိုယ်လျှို မသိသလိုပဲ နေလိုက်ရတယ် ...။

ဒီလိုနဲ့ ...
ပျော့ခွေနေတဲ့ နှလုံးသားတွေ လျော့ပြေစေဖို့ဆို
ပီယဆေးတွေကိုဖော် မှန်မှန်သာသောက်သုံး
အကြံအဖန် လျှောက်ထုံးတွေနဲ့
နောက်ဆုံးနိဂုံးကို မျှော်လင့်နေလေရဲ့ ...။

မည်သို့ပင်ဆိုစေကာမူ ... ဤသို့လေ သစ္စာကြောင့်
တရားတဂွင်လုံးမှ ကွင်းလုံးကျွတ်မလွတ်ရင်တောင်
အချစ်တရားရုံးမှာ အပြစ်အများဆုံးနဲ့
ရိုးမြေကျ ဒဏ်ခတ်ခွင့်ပြုပါတော့ ...။
  ~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။

18 comment[s]:

Welcome said...

နှစ်သက်တယ် ..

ဒဏ္ဍာရီ said...

ဆုတောင်းလေး ပြည့်စေချင်ပါတယ် မောင်လေးရေ...။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

“ဆန္ဒ... ဘ၀နဲ့ လက်တွေ့မကျလို့
တကယ်မရတဲ့ အရာတွေ ဘယ်မျှရှိနေမလဲ ...
”....

“ဆန္ဒ...ဘဝနဲ့ လက်တွေ့ အမြန်ကျလို့ အလိုရှိတဲ့အရာတွေ အမြန်ဆုံးရရှိပါစေ...မောင်လေးရေ..

Cameron said...

ကိုတူးရေ...အလွမ်း အချုပ်နှောင်ဘ၀က အမြန်ဆုံးလွတ်စေဗျားးးး....။

ခင်မင်စွာဖြင့်
မိုးငွေ့

ဆောင်းနှင်းရွက် said...

တရားရုံးမှာ ပေါင်ချိန်နဲ့ တွေ့...
ကုံးစွန်း က ဘေးက ...
ကျန်ကျောင်းကို လည်း တွေ့ရတယ် ဟုတ် ..
ဟို ပေါင်ချိန် ဘေးနားက
၎ ယောက် နဲ့လည်း တွေ့ခဲ့တယ် မလား.. ???

ကောင်းလိုက်တာ
ပျော်စရာကြီးး ..!

ဂျပန်ကောင်လေး said...

တရာသူကြီးက နင်တဲ့လား... ဒါဆို တထောင်လူကြီးက အစ်ကိုပေါ့... ဟားဟား... ဘာရယ်မဟုတ်ပါဘူး... အလွမ်းစာတွေကြားမှာ ဟာသတစ်ခုဖောက်ကြည့်တာ....း)))

kaungkinpyar said...

အရိုးဆွေးတဲ့ အထိ ခွင့်ပြု ပါတယ်...း)

ညလင်းအိမ် said...

ကျေးဇူးပန်ပန်ရေ ... မျက်လုံးတွေလည်း မကောင်းတော့ဘူး... ခုရက်ပိုင်း စာလုံးပေါင်းတွေမှားလိုက်တာမှ လွန်ရော...

Flower said...

အားပါး
မိုက်လိုက်တဲ့ ကဗျာလေး
အချစ်ခုံရုံးမှာ အယူခံဝင်တာလေးက
လန်းတယ်နော်
ရိုးမြေကျ ဒဏ်ခတ်ခံချင်တဲ့ စိတ်ကူးလေးက
ကောင်းလိုက်တာ
တစ်သက်တစ်ကျွန်းဆို ဘယ်လိုလုပ်မတုန်း :)

မြစ်ကျိုးအင်း said...

ကျွန်ုပ်တို့ ဂျူရီလူကြီးများအဖွဲ့မှ သင့်အား အိမ်ထောင်ချလိုက်သည်။ အယူခံခွင့်မရှိစေရ။

မြစ်ကျိုးအင်း said...

ဒီလိုမျိုးရုံးရောက် ဂါတ်ရောက်ဆိုလည်း မဆိုးပါဘူးလေး)

သုခုမလေဒီ said...

ခံစားချက်တွေဖွဲ့နွဲ့ထားတာ ကောင်းလှချည်လား။ ကဗျာတွေ idea ကောင်းတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

~ဏီလင်းညို~ said...

အောင်မလေးဗျာ....
ကျုပ်သာဆို...တစ်ခါတည်း.... ခွေးခေါင်းဓားစက်နဲ့ ဖြတ်ပစ်လိုက်ဦးမှာဗျ....။
ကဲ .... မှတ်ကရော မောင်တူး......း))
ခင်မင်တဲ့
ဏီလင်းညို

Kaung Kin Ko said...

လမ်းတွေလည်း လျှောက်ရင်းနဲ့ပျောက်
အကြမ်းတွေလည်း သောက်ရင်းနဲ့စောင့်လို့

မိုက်လှချည်လား။

Kaung Kin Ko said...

တရားခုံရုံးမှာ တအားကိုရုန်း

အချစ်နဲ့ လဘ်ထိုးလည်း အပြစ်အတွက် ထပ်ဆိုးမှာဆိုတော့

ရက်တွေ ရတက်ဝေ

ဒုန်း ... ဆိုတဲ့ အသံနဲ့ ၀ုန်း ... ဆိုတဲ့ ဟန်ကြောင့်

ပျော့ခွေနေတဲ့ နှလုံးသားတွေ လျော့ပြေစေဖို့ဆို

မှန်မှန်သာသောက်သုံး
အကြံအဖန် လျှောက်ထုံး

ကာရန်ယူပုံလေးတွေ လှတယ်ညီ။

အချစ်တရားရုံးမှာ အပြစ်အများဆုံး ဆိုတဲ့ဟာကိုတော့ အကြိုက်ဆုံးပဲ။

ကိုဇော် said...

ကြိုက်တယ်ဗျာ...
စကားလုံး အသုံးအနှုန်းလေးတွေကို
ပိုနှစ်သက်တယ်။

ပျော်ရွှင်ပါစေ
ကိုဇော်

Anonymous said...

အကြမ်းယမကာတွေ သောက်ပြီးမှ မမှောက်ရစေပဲ ပြန်မထနိုင်လောက်အောင်တစ်ခါတည်း မှောက်သွားစေချင်လို့ အဲဒီ ဓာတ်ပုံထဲက တူနဲ့ထုပေးမယ်...သိလား

တီလေး

လိုင် said...

ကဗျာက လန်းတယ်