Tuesday, February 23, 2010

“လိုရာကိုစေ”



ကြွေလွင့်ခဲ့ပါပြီ ...
ရင်နင့်စရာ ပန်းပျိုငယ်ခမျာ
လေစီမံရာကြောင့်
သွေဖယ်(ဖီ)ရာ လမ်းတစ်လျှောက်မှာ
ရင်နှစ်မွှာပေါက်ခဲ့ရတယ်ဆို ...
လေဟာနယ် တမိုးအောက်မှာ
လမ်းပျောက်မနေပါနဲ့
လှမ်းကောက်မယ့်သူက
အလွမ်းပျောက်သူ ဆိုတော့
ထာဝရစောင့်ရှောက်မယ့် အယူရှိတာ
ပန်းပျိုငယ်သိပါလေစ ...
လိုချင်ရင်နေ မလိုချင် စေဖို့
နှလုံးသားတံခါးပေါက်လည်း
ဒိုးယိုပေါက်ပဲ ဆိုတာ
အရူးအမူး ဒီလူထူးသာ အသိဆုံးမို့
ရင်ခွင်တွေ ပျက်သုန်းပါစေ
ပန်းပျိုငယ်အတွက်ဆို
အလွမ်းအိုရုံ ရင်ခွင်နက်နက်မှာ
အချစ်ပရိဘောကတွေနဲ့
အလှဆင်ပေးနေမှာ .............♥♥♥
 ~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။

14 comment[s]:

Anonymous said...

လေဟာနယ် တမိုးအောက်မှာ
လမ်းပျောက်မနေပါနဲ့
လှမ်းကောက်မယ့်သူက
အလွမ်းပျောက်သူ ဆိုတော့
ထာဝရစောင့်ရှောက်မယ့် အယူရှိတာ
ပန်းပျိုငယ်သိပါလေစ ...

လန်ထွတ် ခြံခတ် ဒန်ခွက်နဲ့ အနော့်ကို လာရိုက်ရင်တောင် ဒီကဗျာဖတ်နေလို့ အသံတောင် မထွတ်နိုင်အောင် ဖမ်းစားနိုင်လွန်းတယ်ဗျာ
ဆက်လုပ် ကိုတူး . . . . .

မိုးခါး said...

လွမ်းလိုက် ဆွေးလိုက် အားပေးလိုက်နဲ့ နှစ်ယောက်သား ဟုတ်နေတာပဲး))
အလွမ်းတွေ မအိုခင် ပျိုအောင် လုပ်ပေးမယ့် လေနုအေးနဲ့ အမြန်ဆုံး ဆုံတွေ့ပါစေး)

ဂျပန်ကောင်လေး said...

ကိုတူးရေ... ကဗျာကတော့ လန်ထွက်နေတာပဲ... ဂလို ကဗျာဥာဏ်စာဥာဏ် ရင့်သန်နေအောင် ဘာတွေများလုပ်ခဲ့တာပါလိမ့်... အားကျတယ်ဗျာ....


ခင်မင်တဲ့
ဂျပန်ကောင်လေး

Cameron said...

အလားလား...ဗညားရဲ့ကွန်မန့်က လန်ထွက်ပြီး ဒန်ခွက်နဲ့ နိုင်ဂျီးရီးယားကလှမ်းပေါက်လိုက်လို့
ကိုတူးကဗျာလေးကို ဖန်ခွက်လေးနဲလာခံစားပါတယ်..။
အဲလေ..ယောင်သွားလို့ ယောင်သွားလို့...း)
ဒီတစ်ခါ ကဗျာလေးက နုနုလေးနဲ့ ချစ်စရာကောင်းတယ်..။ ပျောက်ချက်ကောင်းနေတာ သူက ကဗျာဖူးဖူးလေးကျိတ်ရေးနေတာကိုး..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

အရာရာကို ပေးစပ်ပြီး ချစ်တတ်တဲ့ မောင်လေးရဲ့ အချစ်တွေကို ခံယူမယ့် အေးမြတဲ့ လေပြေလေးနဲ့အတူ လှပတဲ့ ချစ်သူတစ်ယောက် အမြန်ဆုံး ရနိုင်ပါစေ..။

ဗညားရဲ့ အားပေးစကားကလည်း လန်ထွက်နေတာပဲ.. သူပြောသလို ပြန်ပြောလိုက်တား))

ခင်မင်လေးစားလျှက်

Crystal said...

မှန်ကန်သော မေတ္တာစစ်နဲ့မတွေ့ခင်တော့ ခံစားချက်တွေဖြစ်အုံးမှာပေါ့။ ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်လေးကို ပိုင်ဆိုင်နိုင်ပါစေရှင်။

အဖြူရောင်နတ်သမီး said...

“လမ်းပျောက်မနေပါနဲ့
လှမ်းကောက်မယ့်သူက
အလွမ်းပျောက်သူ ဆိုတော့
ထာဝရစောင့်ရှောက်မယ့် အယူရှိတာ
ပန်းပျိုငယ်သိပါလေစ ...”....

“ထိ”တယ်ကိုတူးရေ....
ပန်းပျိုငယ်လေး ခံစားသိမြင်နိုင်ပါစေကွယ်...

အင်ကြင်းသန့် said...

တော်ပါသေးရဲ့... ဒီတစ်ခါတော့ အလွမ်းတွေ၊ အဆွေးတွေ၊ ငိုကြွေးတာတွေ သိပ်မပါတော့လို့...အခြေအနေ တော်တော်ကောင်းလာပြီ ထင်ပါတယ် :)))

မြစ်ကျိုးအင်း said...

" ကြွေကာနေလည်းကောက်ယူမယ် " အာဇာနည်သီချင်းလေးနဲ့ဆိုရင် ပိုထိသွားမယ်ထင်တယ်။

Flower said...

ပရိဘောဂတွေနဲ့ အလှဆင်ထားတဲ့ အလွမ်းအိုရုံလေး
ကနေ ပျော်စရာအိမ်လေး ဖြစ်လာပါစေ..
အလွမ်းတွေထုံမွှမ်းနေတဲ့ ကဗျာလေးကို ခံစားသွားပါတယ်..

လင်းကြယ်ဖြူ said...

ပန်းပျိုငယ်ကို
အချစ်ပရိဘောဂတွေနဲ့ အလှဆင်ထားတဲ့
ပြကွက်ကလေးကို ငေးမောသွားပါတယ်...
ပျော်ပါစေ
*.*.*

~ဏီလင်းညို~ said...

ကိုတူး...
ကောင်းပါလေ့ဗျာ...။
ဆက်ချစ်နေလိုက်ပါဦး...။ အချစ်မှာ အလျှားအနံမရှိပေမယ့် အသွားအပြန်ဆိုတာ ရှိတတ်တယ်ဆိုလား...
(ကြားဖူးတာကို ပြောတာ...း))
စကားမစပ်... အချစ်ပရိဘောဂတွေလုပ်ဖို့ လက်သမားလိုရင် အစ်ကို့ကို ငှားပါနော်...။ လက်လုပ်လက်စား..ဆင်းရဲသားမို့လို့...အလုပ်လိုက်ရှာနေရတာလေ....း))
ခင်မင်တဲ့
ဏီလင်းညို

သုခုမလေဒီ said...

ဂွတ်ရှယ်ပဲ။
ကဗျာလေးက ဖတ်လို့လည်းကောင်း အဓိပ္ပါယ်လည်း ကောင်းးး
အဆင်ပြေပျော်ရွှင်ပါစေ။

ကျော်ညိုသွေး said...

ဒီကဗျာကိုသဘောကျတယ်