Thursday, February 18, 2010

“အနှိုင်းမဲ့”



နှလုံးသား အနှိုင်းမဲ့ဆိုတာ
နွေအကြိုဖူးတဲ့ နွေဦးလို
ဆောင်းအကြိုမြူးတဲ့ ဆောင်းဦးလို
ရင်ခွင်ဖူးဖူးမှာ အချစ်ရူးခဲ့လေခြင်းလား ...
နှောင်တွယ်စရာတွေနဲ့ ရှောင်ဖယ်မရနိုင်ခဲ့သော
ဒီ ... အမျှင်လေးတခုက
ဖျောက်ဖျက်ဖို့ခက် တွယ်နှောင်ယှက်နေတယ် ...

ရင်မှာအနှိုင်းမဲ့လို့ အကြင်နာ တံတိုင်းတဖက်မှာ
တိတ်တိတ်လေးငို အရိပ်ခိုနေရပေမယ့်
မမေ့ရက်နိုင် တသက်တိုင်မယ်ဆိုတာ ...
ဝမ်းတွင်းဝပ်ဆင်း သိုသိပ်ရင်းနဲ့
ဆန္ဒပြင်းပြင်းလည်း သော့ခတ်သိမ်းလို့ ...
ဆယ်ကာမရတဲ့ သိက္ခာတခြမ်းနဲ့
မာနနှုတ်ခမ်းပေါ်မှာလည်း
ပေးဆပ်ရခြင်းကိုက အသည်းတွေတဖြုတ်ဖြုတ်ကြွေ
အိပ်မက်တစ္ဆေတွေနဲ့ အိပ်ပျက်ညတွေပြည့်ကျပ်နေ ...
...............................
......................................

ဟိုး ... တချိန် ...
နံနက်မိုးသောက်မှာ စိုးကြောက်နေခဲ့တာက
အပြေးကောက်ရမယ့်စံပယ်တွေ
လွင့်ပျောက်သွားမှာကိုလေ ...
ချစ်သူကေသာဦးမှာ စံပယ်ဖူးလေးတွေ
ပန်ဆင်ပေးဖို့ဆို
အိပ်မက်ကို အရည်ဖျော် စက်တော်မခေါ်ခဲ့တဲ့ညတွေ
လက်ချိုးမရေတွက်နိုင်အောင်ပါပဲ ...

ဟိုး ... တချိန် ...
အပြာရောင်ဆန်ဆန် အရောင်ကိုမှ
မဟာဆန်ပါတယ်ဆိုတဲ့ ချစ်သူ
ပြာတာတာကောင်းကင်ကိုတောင် ၀တ်ဆင်ပေးချင်ခဲ့တာ ...
ခုတော့ စိတ်ကူးလေ ရူးပြီမို့လား
လေပြေဦးလို စေလိုရာစေ ...
ဒဏ်ရာပန်းတွေ ဝေလိုရာဝေ ...
...............................
.....................................

မေ့ချင်ပါပေမယ့် မမေ့ရက် ...
မုန်းချင်ပါပေမယ့် အချစ်မပျက်လို့ ...
ရင်ဘတ်တွေစူး သည်းခြေရူးရတာလည်း အခါခါ ...
မကြာမကြာ နာနာလာတတ်တဲ့
နှလုံးသား တစ်စုံကို ကြာလာတော့ သနားလာတယ် ...
မရေမရာနဲ့ အဖြေမပါတဲ့ ပုစ္ဆာတစ်ပုဒ်ကိုလည်း
အသေအချာတွက်နေရသလိုနဲ့
ရှည်ကြာလာတဲ့ ခရစ်နှစ်တွေကို မုန်း... မုန်းလာတယ် ...

ဒီလိုနဲ့ ....
ဘ၀တကွေ့မှာ ခဏတွေ့ရပေမယ့်
တစ်မျက်နှာ တစ်ကမ္ဘာ ချစ်မှာ အနှစ်တစ်ရာမို့
ပစ်ခွာကာပြေးလည်း မေတ္တာမပြယ်သေးသရွေ့
တဆတ်ဆတ်နာလာတဲ့ ရင်ဘတ်ထဲမှာ
နှိုင်းစရာ အနှိုင်းမဲ့လို
အစွဲအလန်းကြီးနဲ့ ရူးလို့နေရတော့မှာ ...
ကမ္ဘာတွေပျက်သည့်တိုင်အောင် ................
  ~~~~~ @@@@ ~~~~

ပုံလေးကို ဒီကနေ ယူပါသည်။

19 comment[s]:

နေ၀သန် said...

အားပါး.... အလွမ်းအဆွေးကို ခဏဘေးဖယ်ထားပြီးကြည့်ဦးတော့ အရမ်းလှတဲ့ ကဗျာလေးဗျာ....... ရေလည်တော်တယ်ဗျာ.... ကိုတူးရေ... ချီးကျူးပါတယ်....


ခင်မင်တဲ့
ဂျပန်ကောင်လေး

Ree Noe Mann said...

ကဗျာ လာဖတ်သွားတယ်။
ကဗျာတွေကို မဂ္ဂဇင်းတိုင်တွေကို ပို့ကြည့်ပါလား
အကြံပေးကြည့်တာနော်။

may16 said...

ကဗျာလေးက နုပါတယ် ညရဲ့ကောင်းကင်ရေ စိတ်မညစ်ပါနဲ့ ပျော်ရွှင်မှုတွေ လက်တစ်ကမ်းမှာရောက်နေတယ်လို့မှတ်ပါနော်..

may16 said...

ကဗျာလေးက နုပါတယ် ညရဲ့ကောင်းကင်ရေ စိတ်မညစ်ပါနဲ့ ပျော်ရွှင်မှုတွေ လက်တစ်ကမ်းမှာရောက်နေတယ်လို့မှတ်ပါနော်..

ဆောင်းနှင်းရွက် said...

ခံစားချက်တွေနဲ့
စပ်တဲ့ ကဗျာတွေမို့လိုပဲလားးးတော့
မသိဘူးးး ..
ဖတ်ရသမျှ
ကဗျာ အားလုံးက
တော်တော် ကောင်းတယ် ....>>>

မှတ်ချက် ။ ။
အလွမ်းတွေ ဆေးကြောဖို့
ဆပ်ပြာမှုန့် ပါ ထားခဲ့တယ် ဗျို့ ..:P

~ဏီလင်းညို~ said...

ကိုတူးရေ....
လွမ်းကြပါဟေ့....လွမ်းကြပါ....
တစ်ကတည်းဗျာ...
ပြော...မပြောချင်တော့ဘူး....း)
(အဖိုးကြီးလေသံနဲ့ ပြောသွားသည်....း))
(ကဗျာတွေပိုကောင်းလာသည်...။ ရင်ဘတ်နဲ့ဖတ်သွားသည်။
“မရေမရာနဲ့ အဖြေမပါတဲ့ ပုစ္ဆာတစ်ပုဒ်ကိုလည်း
အသေအချာတွက်နေရသလိုနဲ့
ရှည်ကြာလာတဲ့ ခရစ်နှစ်တွေကို မုန်း... မုန်းလာတယ် ”...
ဆိုတာကို ခိုက်သည်...။)
ခင်မင်တဲ့
ဏီလင်းညို

ဇောင်း said...

ဟင်း...... အလွမ်းအဆွေးတွေကတော့ တိုက်ဆိုင်ပေတယ်ဗျာ...
လွမ်းဆွေးရတာ ခံရခက်လိုက်တာ :(

ŽãųʼnĢ

အင်ကြင်းသန့် said...

ညစ်လိုက်ရတဲ့စိတ်ကလည်း...သူတစ်ယောက်ပဲ ညစ်တတ်တယ် ထင်နေလားမသိဘူး :)
(စတာနော် ကိုတူး)

တကယ်ခံစားပြီးရေးထားလို့ထင်တယ် ကိုတူးကဗျာတွေက အသက်ဝင်နေတယ်

မိုးစက်အိမ် said...

ရင်မှာအနှိုင်းမဲ့လို့ အကြင်နာ တံတိုင်းတဖက်မှာ
တိတ်တိတ်လေးငို အရိပ်ခိုနေရတယ် . . .
ကဗျာလေးက တကယ်ကိုခံစားရတယ် ကိုညရေ
ကို့ အတွက်တော့မင်းလေးဟာအနှိုင်းမဲ့ 
သူအတွက်တော့ ကိုယ်ဟာ ..........

ဒဏ္ဍာရီ said...

အနှိုင်းမဲ့ ဆိုတဲ့ ခေါင်းစဉ်လေးကိုက ချစ်တဲ့သူ အပေါ် ဘယ်လောက်ထိ ချစ်တတ် သံယောစဉ် ကြီးတတ်တဲ့သူလဲ ဆိုတာ ပေါ်လွင်နေတယ် မောင်လေးရေ..။ မောင်လေးရဲ့ ခံစားချက်တွေကို ကဗျာလေးတွေ အဖြစ် ဖွင့်ထုပ်ပြီး မွန်းကြပ်မှုကို လျှော့ချလိုက်ပါတော့။

ခင်မင်လေးစားလျှက်

Flower said...

ကဗျာကောင်းလေးတွေဖန်တီးတဲ့သူက
ဘာကိုများစိတ်ညစ်နေတာလဲ.....
စိတ်ညစ်ရင်ကဗျာချရေးလိုက်
နည်းနည်းသက်သာသွားလိမ့်မယ်
ပျော်ပျော်နေပါနော်.. စိတ်ညစ်တယ်ဆိုတာလဲ ခနပါ.
မြန်မြန်ပျောက်ပါစေ...

Welcome said...

တစ်ခါတလေတော့လည်း သူများလွမ်းသလို လွမ်းတတ်ချင်တယ် ..
ဒါမှလည်း
ကဗျာကောင်းလေး ရေးထွက်မလား လို့ပါ ..

ကေ၊ ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ ..

အဖြူရောင်နတ်သမီး said...

“မေ့ချင်ပါပေမယ့် မမေ့ရက် ...
မုန်းချင်ပါပေမယ့် အချစ်မပျက်လို့ ...
ရင်ဘတ်တွေစူး သည်းခြေရူးရတာလည်း အခါခါ ...
မကြာမကြာ နာနာလာတတ်တဲ့
နှလုံးသား တစ်စုံကို ကြာလာတော့ သနားလာတယ် ...”

နာကျင်မှုအပေါင်းမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ မောင်လေးရေ...

ဇော် said...

နွေအကြိုဖူးတဲ့ နွေဦးလို
ဆောင်းအကြိုမြူးတဲ့ ဆောင်းဦးလို
ရင်ခွင်ဖူးဖူးမှာ အချစ်ရူးခဲ့လေခြင်းလား ...

သိပ်ကို ရူပက အလင်္ကာမြောက်ပါပေတယ်။ နောက် ကဗျာတစ်ပုဒ်လုံး ကာရန်တေးထပ်လေးနဲ့မို့ သိပ်ကိုလှပါပေတယ်။ ၀င်္က၀ုတ္တိအလင်္ကာလေးတွေလဲ ထည့်ထားတာမို့ ကိုညရဲ့ကဗျာဟာ အရာအားလုံး ပြည့်စုံပါပေတယ်ဗျာ။
ကျနော်ပြောနေကျ စကားတစ်ခွန်းကို (မြှောက်ပင့်ခြင်းဆိုတဲ့ အစွန်းအထင်းတစ်စုံတရာမပါ) ပဲ ထပ်ပြောရမယ်ဆိုရင်ဖြင့် ..
ကိုည ..
ခင်ဗျားသိပ်တော်တာပဲဗျာ .. =)

Cameron said...

မောင်လေးကိုတူးကဗျာကိုဖတ်ရင် ရင်ဘတ်တွေအောင့်လာသလိုပဲ.....
ငါ့မောင်လေး ဒဏ်ရာအမြန်ကျက်ပါစေ...

ခင်မင်စွာဖြင့်
မိုးငွေ့

မြစ်ကျိုးအင်း said...

အိပ်မက်ကိုအရည်ဖျော်စက်တော်မခေါ်နိင်တဲ့ ညတွေ တဲ့ ဖတ်ရင်း သဘောကျလွန်းတဲ့ စာသားလေးပဲ။
ခံစားချက်ကို ရိုးရိုးရှင်းရှင်းလေး ပြထားတော့ ဖတ်ရတဲ့သူတိုင်းရဲ့ ရင်ဘတ်ထဲကို အလွယ်တကူ ခံစားချက်တွေ စီးဝင်လာတာပါပဲ။

noblemoe said...

ကဗျာလေး ကရေးတတ်လိုက်ကြတာ တော်ချက်
ဒါနဲ့ အသည်းတွေသဖြုတ်ဖြုတ်ကြွေ ဆိုတော့ .............
ပိုနေတယ်နော် နည်းနည်းလျှော့းp
သူငယ်ချင်းရေ လွမ်းရင်လွမ်းတယ်မှတ်ပေါ့ 
သာယာချမ်းမြေ့ပါစေနော်
မိုး

noblemoe said...

ကဗျာလေး ကရေးတတ်လိုက်ကြတာ တော်ချက်
ဒါနဲ့ အသည်းတွေသဖြုတ်ဖြုတ်ကြွေ ဆိုတော့ .............
ပိုနေတယ်နော် နည်းနည်းလျှော့းp
သူငယ်ချင်းရေ လွမ်းရင်လွမ်းတယ်မှတ်ပေါ့ 
သာယာချမ်းမြေ့ပါစေနော်
မိုး

Lwin said...

ကဗျာတွေက အရမ်းကောင်းတယ်