ရာသီလှလှတွေထဲ
ဝေဒနာ စာမပီသ
ဒီလိုနေ့ကမှ
မျက်ရည်မိုးတွေ ကြွေရတယ် ...
အထီးကျန်ကဗျာကိုမှ
ရေးမရတဲ့ အခါ
နှလုံးသား တွန်းထိုးသံက
ဆာလောင်ငတ်မွတ်တဲ့
သားကောင်အလား
တောင့်တနေလိုက်တာ ...
တချက်တချက်ဆို
ရင်ထဲလှိုက်တက်လာတာ
ကြားလိုက်ရတဲ့ စကားတွေ
တွေ့လိုက်ရတဲ့ ဆုတောင်းသံတွေ
ပျော်နေကြတဲ့ သူတွေကြောင့်
ငိုနေရတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် ...
အစတခုကိုမှ ဆွဲထုတ်
နှောင်းကြိုးတွေ ရှုပ်လို့
မေတ္တာအိမ်ထဲမှာ ပုန်းခို
မျက်ဝန်းစိုစိုမှာမှ
တွဲလဲခိုခဲ့လိုက်တာ
တချိန်မှာတော့
ဒီလိုနေ့မှာ
နှလုံးသားလေး
ပြန်ရှင်သန်ကောင်းပါရဲ့နော် ...
~~~ @@@ ~~~
ပုံလေးကို ဒီကနေ ယူပါသည်။
15 comment[s]:
ကိုညရေ နောက်နှစ်တော့ ပျော်ရမှာပေါ့ :)
ချစ်သူများနေမှာ ပျော်ရွှင်ပါစေ:p
နှလုံးသားက ဒဏ်ရာတွေကို ခံနိုင်ရည် ရှိလာတဲ့ တနေ့တော့ ဒီလိုနေ့မှ မဟုတ် နေ့ရက်တိုင်းဟာ ပျော်စရာတွေ ဖြစ်လာမှာပါ မောင်လေး။
ပျော်ရွှင်ဖွယ်နေ့ရက်တွေကို အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ။
ခင်မင်လေးစားလျှက်
အဖြစ်ချင်းက သိပ်မကွာပါဘူးဗျ
အဖော်ရှိပါတယ်
ပြန်ရှင်သန်လာမှာပါ အစ်ကိုရေ.....
၂၀၁၁ မှာ နှလုံးသားလေး ပြန်လည်ရှင်သန်နိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ် ညရဲ့ကောင်းကင်ရေ။း)
နှလုံးသားလေး အမြန်ဆုံးပြန်ရှင်သန်လာစေဖို့ လာရောက်ဆုတောင်းပေးသွားပါတယ်
လူတိုင်းကြေကွဲနေတာမဟုတ်သလို
လူတိုင်းလဲ ပျော်မနေကြပါဘူးကွယ်
ကိုယ်လိုလူတွေအများကြီးရှိသေးတာ သိရရင်
ဖြေသာမှာပါ...
ပျော်ရွှင်ပါစေ
ကိုတူးရေ....
ကဲလာလေရော့ဗျား..... ဗွမ်းးးးးးးးး
မင်းနှလုံးသားလေး ပြန်ရှင်လာအောင် ရေလာလောင်းပေးတာလေ....။
ပျော်အောင်နေလေ...ညီလေး....။
(ကဗျာလေးကို ရင်ဘတ်နဲ့ ဖတ်သွားတယ်....။ အတွေ့အကြုံခြင်းတူပေမယ့်၊ ရင်ဘတ်မှာဒဏ်ရာရခဲ့တာခြင်းတူပေမယ့်... အသက်အရွယ်ကြောင့် အစ်ကိုတော့ ဖြေသာနေတယ်...။ ညီလည်းကြိုးစား.....း))
မေ့လို့... အစ်ကိုပေးတဲ့ ချောကလက်တွေ အရမ်းမစားနဲ့ဦးနော်....၊ တော်ကြာ ချောင်းဆိုးနေမှာစိုးလို့လေ....း)
ခင်မင်တဲ့
ဏီလင်းညို
အထီးကျန်ကဗျာကိုမှ
ရေးမရတဲ့ အခါ
နှလုံးသား တွန်းထိုးသံက
ဆာလောင်ငတ်မွတ်တဲ့
သားကောင်အလား
တောင့်တနေလိုက်တာ ...
း)
အစ်ကိုရေ...
ကျွန်တော်တို့နဲ့ မသက်ဆိုင်တဲ့နေ့အတွက် ကျွန်တော်တို့ နာကျင်ရပြန်ပြီဗျာ...
ကဗျာလေးတွေက
လှတယ်ဗျာ
ခင်တဲ့
ရွှေစင်
ဒီလိုနေ့မျိုးမှာ ခံစားချက်ချင်း တိုက်ဆိုင်ပါတယ်။
“ပျော်နေကြတဲ့ သူတွေကြောင့်
ငိုနေရတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် ...”
-------------------------------------------
“တချိန်မှာတော့
ဒီလိုနေ့မှာ
နှလုံးသားလေး
ပြန်ရှင်သန်ကောင်းပါရဲ့နော် ...
”
------------------------------------------
ကိုတူးရေ...
တင်းထားစမ်းပါ မောင်လေးရာ...
ဒိုင်ယာရီ စာမျက်နှာအသစ်မှာ ပျော်ရွှင်ကြည်နူးစရာ ကဗျာလေးတွေကို ရေးနိုင်ပါစေကွယ်...
နှလုံးသားလေး
ပြန်ရှင်သန်နိုင်ပါစေ
ရှင်သန်ဖို့ကို ကိုယ်တိုင်ကြိုးစားဖို့လိုမယ်ထင်တာပဲလေ။ လဲတဲ့နေရာကပဲ ပြန်လည်ရှင်သန်နိုင်ပါစေ။
''ပျော်နေကြတဲ့ သူတွေကြောင့်
ငိုနေရတဲ့ ကိုယ့်ကိုကိုယ် မုန်းတယ် ...''
အဲ...ခက်ပြီ...ဆောရီး ဆောရီး...ကိုတူးရေ
အဲဒီနေ့က အလိုက်ကန်းဆိုးမသိ IC Show မှာ သွားကဲမယ့်အကြောင်းကို ၀မ်းသာအားရရေးပြီး တင်ထားမိတယ် :)))
Post a Comment